နောက်ဆုံးသတင်း/ဆောင်းပါးများ

မြင်းလွတ်မှ ရိုဟင်ဂျာ နှစ်ဦးထံမှ ရခိုင်လူမျိုးတစ်ဦးနှင့် နယ်ခြားစောင့်ရဲ တို့က ငွေညှစ်

Rohingya Eye
RB News
12.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့မှ ရခိုင်လူမျိုး တစ်ဦးနှင့် နယ်ခြားစောင့်ရဲများသည် ဒေသခံ ရိုဟင်ဂျာ နှစ်ဦးထံမှ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့ ရပ်ကွက် (၇) မှ ရခိုင်လူမျိုး တစ်ဦးဖြစ်သူ ဦးတင်မောင် (အသက် ၄၅ နှစ်) သည် သစ်တောကြိုးဝိုင်း အတွင်း နွားများဝင်ရောက်ခဲ့သည်ဟု လုပ်ကြံစွပ်စွဲ၍ နွားများကို ထိန်းသိမ်းထားခဲ့ပြီး ငွေညှစ်ခဲ့သည်။ 

မတ်လ (၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ရပ်ကွက် (၈) မှ မော်လ၀ီ အဒူမူနာဖ် (ဘ) ဦးအဒူဂေါ်ဖူရ် (အသက် ၄၇ နှစ်) ၏ နွားကို ထိန်းသိမ်း၍ မတ်လ (၁၀) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ငွေကျပ် တစ်သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အလားတူ မတ်လ (၈) ရက်နေ့တွင်လည်း ဟော်ရော်သိလ္လာရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ကင်းစခန်းမှူးသည် အဆိုပါရွာ ဦးမာမတ်ဇော်လိလ် (ဘ) ဦးရှာကဲရ်မိုဟာမတ် (အသက် ၄၅ နှစ်) အား နံနက် (၇) နာရီ အချိန်တွင် ကင်းစခန်းသို့ ဆင့်ခေါ်ကာ အခြားသူတစ်ဦးက တိုင်တန်းထားသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။ 




Comment ရေးရန်

Rohingya Exodus