နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြောက်ပိုင်း ကျေးရွာအချို့မှ မီးရှို့ခံ ရွာသူ/သားများကို IDP စခန်းတွင် နေထိုင်ရန် ပြည်နယ်အစိုးရက စည်းရုံး

MYARF
RB News
21.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်တပ်မှ မီးရှို့ခဲ့သည့် ရွာများဖြစ်သည့် ဓါးကြီးစား၊ ပွင့်ဖြူချောင်းနှင့် ၀ါးပိတ်ကျေးရွာများမှ ရွာသူ/သားများကို IDP ဒုက္ခသည်စခန်းတွင် နေထိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ စည်းရုံးခဲ့ကြောင်း သတင်းရရှိပါသည်။

မတ်လ (၁၇) ရက်နေ့နှင့် (၁၈) ရက်နေ့များတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးနှင့် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး တို့အဖွဲ့သည် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းစဉ် မီးရှို့ဖျက်ဆီးခဲ့သည့် ဓါးကြီးစားကျေးရွာအုပ်စု၊ ပွင့်ဖြူချောင်းကျေးရွာအုပ်စုနှင့် ကျီးကန်းပြင် ၀ါးပိတ်ကျေးရွာများသို့ ကွင်းဆင်း၍ ကျေးရွာသူ/သားများနှင့် တွေ့ဆုံ၍ IDP ဒုက္ခသည်စခန်းကို လက်ခံရန် စည်းရုံး၍ ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထိုသို့ စည်းရုံးသည်ကို ရွာသားများက လက်မခံဘဲ၊ မိမိတို့သည် အခြားနေရာ၊ အခြားရွာများမှ ရွှေ့ပြောင်းလာသူများ မဟုတ်ကြောင်း၊ မိမိတို့၏ နေအိမ်များကို အစိုးရစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မိမိတို့၏ ခြံဝင်း၌သာ မိမိတို့အတွက် နေအိမ်များ ဆောက်လုပ်ပေးစေလိုကြောင်း တင်ပြခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

ရွာသားများ တင်ပြသည်ကို ပြည်နယ်အစိုးရအဖွဲ့က မကြားသလို ဟန်ဆောင်သွားခဲ့သောကြောင့် ၀ါးပိတ်ကျေးရွာသူ/သားများ ပြည်ထောင်စုအစိုးရမှ သိရှိရန် ရည်ရွယ်၍  မောင်တောခရိုင် အုပ်ချုပ်ရေးမှူးကို လိပ်မူပြီးကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးထံ မိတ္တူ ပေးပို့ခဲ့သည့် အသနားခံစာကို RB News သို့ပေးပို့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။












Comment ရေးရန်

Rohingya Exodus