နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဘဒဂါးအုပ်ချုပ်ရေးမှူးက သမီးဖြစ်သူ၏ မင်္ဂလာပွဲကို အကြောင်းပြ၍ ရွာသားများထံမှ ငွေကောက်ခံ

MYARF
RB News
20.4.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘဒဂါး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် သမီးဖြစ်သူ၏ မင်္ဂလာပွဲကို အကြောင်းပြု၍ ရွာသားများထံမှ အတင်းအဓမ္မ ငွေကောက်ခံလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် ဘဒဂါး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအိဒိရိစ်သည် သမီးဖြစ်သူ၏ မင်္ဂလာပွဲကို ဧပြီလ (၄) ရက်နေ့က ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ဧပြီလ (၃) ရက်နေ့တွင် နယ်မြေရှင်းလင်းရေးအဖွဲ့ ရောက်ရှိလာသောကြောင့် မင်္ဂလာပွဲကို မကျင်းနိုင်ခဲ့ကြောင်း၊ ငွေကြေးတတ်နိုင်သူများကိုသာ မင်္ဂလာပွဲသို့ ဖိတ်ခေါ်ခဲ့ပြီး ရာအိမ်မှူးများထံမှ လက်ဆောင်အတွက်ဟု ဆိုကာ ငွေကျပ် တစ်သောင်းနှုန်းစီ ကြိုတင်ကောက်ခံခဲ့ကြောင်း ဒေသခံရွာသားများက RB News သို့ပြောပါသည်။

ဘဒဂါးကျေးရွာအုပ်စုတွင် ရွာငယ် ၉ ရွာရှိပြီး မိသားစု ၈၅၀ နီးပါးရှိသည်။ မိသားစု ၅၀၀ ကျော်မှ ငွေကျပ် သိန်း (၅၀) ကျော် ကောက်ခံထားရှိပြီး၊ ဘဒဂါးကျေးရွာအုပ်စုနှင့် ကပ်လျက်ရှိသည့် ကျင်းတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုဟာမတ်ဆော်လိမ်ကလည်း အဆိုပါ မင်္ဂလာပွဲအတွက်ဟု ဆိုကာ ဧပြီလ (၁၅) ရက်နေ့တွင် ရပ်မိရပ်ဖများ ခေါ်၍ ငွေကြေးတတ်နိုင်သူ ၁၀၀ ဦးထံမှ ငွေကျပ် တစ်သိန်းစီ၊ စုစုပေါင်း ငွေကျပ် သိန်း (၁၀၀) ကောက်ခံပေးရန် အမိန့်ထုတ်ထားကြောင်း၊ ဧပြီလ (၁၇) ရက်နေ့တွင် ဦးဆီးရာဇ် (ဘ) ဦးနူရူအာမီးန်ထံမှ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။




Comment ရေးရန်

Rohingya Exodus