နောက်ဆုံးသတင်း/ဆောင်းပါးများ

ဝါးထရံဖြင့် ခြံစည်းရိုးကာရံရန် မြို့နယ်အုပ်ချုပ်ရေးမှူးက နှုတ်မိန့်ဖြင့် ခွင့်ပြုခဲ့သော်လည်း ကာရံနေသူ အမျိုးသမီးတစ်ဦး ငွေညှစ်ခံရ

Rohingya Eye
RB News
5.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချကျေးရွာမှ ၀ါးထရံဖြင့် ခြံစည်းရိုး ကာရံနေသည့် ဒေသခံအမျိုးသမီးတစ်ဦး ငွေညှစ်ခံရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချကျေးရွာမှ အတွင်းရေးမှူးဟောင်း ဦးရော်ဟီမူလ္လာ၏ ဇနီးဖြစ်သူ ဒေါ်အေလာမ်ဘာရ် (အသက် ၃၅ နှစ်) သည် ယခင်က ဖြိုဖျက်ခဲ့ရသည့် ခြံစည်းရိုးများကို ၀ါးထရံဖြင့် ကာရံနေသည်ကို ရာအိမ်မှူး ဖြစ်သူ ဦးအာဇူဒူလ္လာ (အသက် ၃၅ နှစ်) က အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်မောင်စိန်ထံ အကြောင်းကြားသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေါ်အေလာမ်ဘာရ်ကို မတ်လ (၃၁) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်၍ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

နယ်မြေရှင်းလင်းရေး ပြုလုပ်နေချိန်တွင် ခြံစည်းရိုးများ အားလုံး ဖြိုဖျက်ပစ်ရန် အမိန့်ထုတ်ပြန်ခဲ့သဖြင့် ခြံစည်းရိုးများအားလုံး ဖြိုဖျက်ပေးခဲ့ရသည်။ ခြံစည်းရိုး မရှိတော့သဖြင့် အမျိုးသမီးများမှာ မိမိတို့၏ အိမ်အပြင်သို့ ထွက်၍ ခြံထဲတွင် သွားလာရန်ပင် ခက်ခဲခဲ့သည်။

မြို့နယ် အုပ်ချုပ်ရေးမှူးက ခြံစည်းရိုးများကို ၀ါးထရံဖြင့် ပြန်လည်ကာရံရန် နှုတ်မိန့်ဖြင့် ခွင့်ပြုခဲ့သောကြောင့် ဒေါ်အေလာမ်ဘာရ်က အမိန့်အတိုင်း ပြန်လည်ကာရံ နေစဉ် ငွေညှစ်ခံရခြင်း ဖြစ်သည်။




Comment ရေးရန်

Rohingya Exodus