နောက်ဆုံးသတင်း/ဆောင်းပါးများ

မြင်းလွတ်အပိုင် သ၀န်ချောင်းကျေးရွာမှ အပြစ်မဲ့ ဒေသခံ (၄) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးထား

MYARF
RB News
21.4.2017

မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မြင်းလွတ်မြို့အပိုင် သ၀န်ချောင်းကျေးရွာအုပ်စုမှ ဒေသခံရိုဟင်ဂျာ (၄) ဦးကို နယ်ခြားစောင့်ရဲများက မတရားသဖြင့် ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။

မောင်တောခရိုင်၊ မြင်းလွတ်မြို့အပိုင်၊ သ၀န်ချောင်းကျေးရွာအုပ်စု ဆူရာလီရွာကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ဧပြီလ (၂၀) ရက်နေ့ နံနက် ၇ နာရီအချိန်မှစ၍ ၀န်းရံပိတ်ဆို့ပြီး အကြောင်းပြချက် တစ်စုံတစ်ရာ မပြဘဲ တစ်အိမ်တက်တစ်အိမ်ဆင်း ၀င်ရောက် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် တစ်ရွာလုံး၌ ဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ရပ်တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ရွာအတွင်းသို့ ကျောက်ချောင်းရွာမှ နံနက်စောစောပိုင်းတွင် ကွမ်းရွက်လာရောင်းကြသည့် အေနာမူလ္လာ (ဘ) ဦးအေရှာအဒူလ္လာ (အသက် ၂၃ နှစ်)၊ ဦးဆယာဒ်ကာဆိမ်း (ဘ) ဦးဂါဇီမုစ်တာဖာကာမာလ် (အသက် ၃၃ နှစ်)၊ မိုဟာမတ်တော်ယုပ် (ဘ) ဦးဂေါ်နူမျာနှင့် ဟိုက်ဒေါရ်အလီ (ဘ) ဦးဖေရင်အလီ (အသက် ၂၅ နှစ်) တို့ကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း၊ ဖမ်းဆီးသွားသူများကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်၍ သေဆုံးသွားမည့် အချိန်ကျမှ နေအိမ်များသို့ ပြန်လည်ပို့မည်ကို မိသားစုများက စိုးရိမ်လျက် ရှိကြောင်း ရွာသားများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဓါးပြအဖွဲ့ဖြစ်သည့် အဒူလာကိမ်းအဖွဲ့ကို အသုံးချ၍ ပြဿနာများ ဖန်တီးလျက် ရှိပြီး၊ အခြားတစ်ဖက်တွင် ရွာကိုဝိုင်း၍ အပြစ်မဲ့များကို ဖမ်းဆီး ရိုက်နှက်ခြင်းများ ပြုလုပ်နေသည်ဟု သိရှိရသည်။



Comment ရေးရန်

Rohingya Exodus