နောက်ဆုံးသတင်း/ဆောင်းပါးများ

မြင်းလွတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရွာသားများကို ခြောက်လှန့်၍ ငွေညှစ်

Rohingya Eye
RB News
10.5.2017

မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲ အမှတ် (၈) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးသည် မသိနားမလည်သည့် ရွာသားများကို ခြောက်လှန့်၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မြင်းလွတ်မြို့နယ်ခွဲ အမှတ် (၈) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဟာမိတ်ဒူလ္လာသည် လွန်ခဲ့သည့် ဧပြီလက မသိနားမလည်သည့် ဆင်းရဲသား ရွာသားများကို အိမ်ဖျက်ရန် စာရင်းတွင် ပါရှိနေသောကြောင့် အဆိုပါ စာရင်းမှ ပယ်ဖျက်နိုင်ရန်ဟု ဆိုကာ ခြောက်လှန့်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) ဇာဖော်ရ်အာမတ် (ဘ) ဦးအလီအာမောတ် (အသက် ၂၅ နှစ်) - ညှစ်ခံရငွေကျပ် ၈ သောင်း
(၂) ကော်ရီမူလ္လာ (ဘ) ဦးကာဆိမ်း (အသက် ၃၀ နှစ်) - ညှစ်ခံရငွေကျပ် ၉ သောင်း
(၃) ဘူလူ (ဘ) ဦးအဒူလ်မာဘူသ် (အသက် ၂၇ နှစ်) - ညှစ်ခံရငွေကျပ် ၅ သောင်း
(၄) ဖာရုခ် (ဘ) ဦးလာလူး (အသက် ၂၀ နှစ်) - ညှစ်ခံရငွေကျပ် ၃ သောင်း -- တို့ဖြစ်ကြသည်။

“အုပ်ချုပ်ရေးမှူးက မသိနားမလည်သူတွေကို လိမ်ညာပြီးတော့ ငွေညှစ်ခဲ့တာ။ သူရထားတဲ့ အခွင့်အာဏာကို အလွဲသုံးစား လုပ်နေတာ။ အထက်အာဏာပိုင်တွေ အနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus