နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ဂေါ်ဒူသာရရှိ ကင်းစခန်းနှစ်ခု စခန်းမှူးများက ဒေသခံများထံမှ အပြိုင်အဆိုင် ငွေညှစ်လျက်ရှိ

MYARF
RB News
21.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ စခန်းအပိုင် ပညောင်ပင်ကြီးနှင့် ဂေါ်ဒူသာရ ကျေးရွာအကြားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသစ်၏ စခန်းမှူး ဒုရဲအုပ်နှင့် ဂေါ်ဒူသာရ စခန်းမှူး ရဲမှူးတို့နှစ်ဦးက ဒေသခံများထံမှ မတရားသဖြင့် အပြိုင်အဆိုင် ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရနှင့် ပညောင်ပင်ကြီး ကျေးရွာတို့အကြားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသစ်မှ စခန်းမှူး ဒုရဲအုပ်သည် မေလ (၁၇) ရက်နေ့ နေ့လည် ၁၂ နာရီခန့် အချိန်တွင် စခန်းအနီးမှ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားနေသူ ဂေါ်ဒူသာရကျေးရွာအုပ်စု၊ ရွာသစ်ကေရွာမှ ဟာလေခ် (ဘ) ဦးဘော်ရှိရ်အုလ္လာ (အသက် ၁၇ နှစ်) ကို လမ်းဘေးတွင် ဆိုင်ကယ်ရပ်ခိုင်း၍ စခန်းတွင်းသို့ ခေါ်ယူကာ ခန္ဓာကိုယ်အနှံ့ ရှာဖွေ စစ်ဆေးခဲ့သည်။ ရှာဖွေစစ်ဆေးစဉ် တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ရဲတပ်သားနှစ်ဦးကို ဆိုင်ကယ်ရှိရာသို့ စေလွှတ်ပြီးနောက် ရဲတပ်သားများက ဆိုင်ကယ်ထဲမှ ဘင်္ဂလားဒေ့ရှ် ဆင်းမ်ကဒ်တစ်ခု ရသည်ဆိုကာ ပြောဆိုကာ စခန်းမှူးက ထောင်ကျခံမလား ရှင်းမလားဟု ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်းခွဲ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

အလားတူ မေလ (၁၃) ရက်နေ့တွင်လည်း ဂေါ်ဒူသာရ ကင်းစခန်းရှေ့မှ ဖြတ်သန်းသွားနေသည့် မြင်းလွတ်မြို့မှ အဖိုးအိုတစ်ဦးနှင့် အဖွားအိုတစ်ဦးတို့ကို ခေါ်ယူစစ်ဆေးရာ ၎င်းတို့က ဆွေမျိုးထံ အလည်အပတ် လာရောက်သည့် အထောက်အထား စုံလင်စွာ ပြသနိုင်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်သို့ သွားရန် လာရောက်သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ အမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စခန်းမှူးနှစ်ဦးသည် ဒေသခံများကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်၍  မင်းမဲ့တိုင်းပြည်ကဲ့သို့ ထင်ရာစိုင်း သြဇာအာဏာပြကာ မတရားသဖြင့် ငွေညှစ်လျက်ရှိသည်ဟု ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus