နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောခရိုင်တွင် မော်လ၀ီများနှင့် ခေတ်ပညာတတ်များကို နယ်ခြားစောင့်ရဲများက ပစ်မှတ်ထား ဖမ်းဆီးလျက်ရှိ

MYARF
RB News
28.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် ယခုတလော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များက မော်လ၀ီများနှင့် ခေတ်ပညာတတ် လူငယ်များကို ပစ်မှတ်ထား၍ ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း (၃) ခုကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ တိုက်ခိုက်ပြီးနောက် တိုက်ခိုက်ခဲ့သူများကို ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘဲ၊ နယ်ခြားစောင့်ရဲများက ဗလီများထဲတွင် ၀တ်ပြုနေသူများ၊ လမ်းသွားလမ်းလာများ၊ သက်ကြီးရွယ်အို အပြစ်မဲ့များကို ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ အတင်းအဓမ္မ ၀န်ခံခိုင်းကာ ဖမ်းဆီးနေခဲ့ခြင်းသာ ဖြစ်သည်။ အပြစ်မဲ့ ၆၀၀ ကျော် ဖမ်းဆီးထားခြင်းကို နိုင်ငံတကာက ဝေဖန်နေသည်များ များပြားလာသဖြင့် ယခုတလောတွင် မော်လ၀ီများနှင့် ခေတ်ပညာတတ်များကို ပစ်မှတ်ထား၍ ဖမ်းဆီးနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မေလ (၅) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာအုပ်စုမှ မော်လ၀ီယာစီးန်၊ မော်လ၀ီနူရ်ကော်ဘိရ်၊ ဆရာရှကူရ်နှင့် ဆရာရာဟ်မတ်အုလ္လာ၊ တင်းမေကျေးရွာမှ မော်လ၀ီဆီးရာဇ်နှင့် မော်လ၀ီ အီမာန်ဟူစိန်း၊ မေလ (၁၅) ရက်နေ့တွင် ပုဇွန်ချောင်းရွာမှ မော်လ၀ီရှားအာလောမ်နှင့် ဆရာနူရ်မိုဟာမတ်၊ မေလ (၂၀) ရက်နေ့တွင် ဖိုးခေါင်ချောင်း ကျေးရွာမှ မော်လ၀ီဟာဆောင်း (ဘ) ဦးအဒူလ်အာဇီဇ်၊ မေလ (၂၄) ရက်နေ့တွင် နတ်ချောင်းရွာမှ မော်လ၀ီဒိလ်မိုဟာမတ်နှင့် ပဒကားရွာသစ်မှ ဆရာမာမတ်နုရ်၊ မေလ (၂၆) ရက်နေ့တွင် သ၀န်ချောင်းမှ မော်လ၀ီရှော်ဖိခ် မိသားစုနှင့် မော်လ၀ီရှောမ်ရှုလ်ဟောက်၊ မော်လ၀ီယာဟ်ယာ၊ အင်းဒင်ရွာမှ မော်လ၀ီတော်ယုပ်၊ သင်္ဘောကွေ့ရွာမှ မော်လ၀ီ ရော်ဟီမူလ္လာနှင့် မော်လ၀ီမော်ဇိဒ်၊ ကျောက်ပန္ဒူရွာမှ မော်လ၀ီရာဟ်မတ်အုလ္လာနှင့် မော်လ၀ီအာရောဖ်အူလ္လာ တို့ကို ဖမ်းဆီးထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။ 


Comment ရေးရန်

Rohingya Exodus