နောက်ဆုံးသတင်း/ဆောင်းပါးများ

စံကားပင်ရင်းမှ ကင်းစခန်းမှူးနှင့် ဦးမောင်မြင့် တို့ပူးပေါင်း၍ ရိုဟင်ဂျာများ၏ သစ်ပင်များကို ခုတ်လှဲ ရောင်းချ၍ စီးပွားရှာနေ

MYARF
RB News
5.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း နယ်မြေပိုင်း စံကားပင်ရင်း ရခိုင်ရွာမှ ဦးမောင်မြင့် (ယခင်ကျေးရွာ ဥက္ကဌဟောင်း၊ ရခိုင်အမျိုးသားပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ၂၀၁၅) နှင့် ယင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူးတို့ နှစ်ဦး ပူးပေါင်း၍ ရိုဟင်ဂျာလူမျိုးများ ပိုင်ဆိုင်သည့် သစ်တောခြံဝင်းများရှိ သစ်ပင်များကို အတင်းအဓမ္မ ခုတ်လှဲ ခွဲဖြတ်၍ ရောင်းချခြင်းဖြင့်  စီးပွားရှာလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဦးမောင်မြင့်နှင့် ကင်းစခန်းမှူး တို့နှစ်ဦး ပူးပေါင်း၍ အာဏာကို အလွဲသုံးစား ပြုလုပ်ပြီး၊ သစ်ပင်ပိုင်ရှင်များကို အမျိုးမျိုး ခြိမ်းခြောက်၍ အတင်းအဓမ္မ ခုတ်ယူခွဲဖြတ်ကာ စခန်းဆောက်လုပ်ရန်ဟု အကြောင်းပြပြီး အပြင်သို့ ရောင်းချခြင်းဖြင့် မတရားစီးပွားရှာနေသည်မှာ နှစ်လရှိနေပြီ ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

သစ်ပင်များကို စံကားပင်ရင်း ကျေးရွာအုပ်စုမှ (၁) ဦးဆုလ်တာန်အာမတ် (ဘ) ဦးအဘူလ်ဟာရှိမ် (၂) ဦးဇာဖော်ရ်အာလောမ် (၃) မော်လ၀ီအီဆုပ် (ဘ) ဦးဟောလိလ်အာမတ် တို့၏ ခြံများမှ ခုတ်ယူ၍ ရောင်းချခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။

သစ်ပင်များ ခွဲဖြတ်၍ လွှသမားများကို ရခိုင်ရွာအတွင်း ခေါ်ယူစုဆောင်းထားပြီးနောက် သစ်ပင်များ ခုတ်လှဲနိုင်ရန် ပုဆိန်နှင့် ဓါးများကို ထင်းခုတ်ရန် သွားနေကြသည့် ဘေးပတ်ဝန်းကျင် ရွာသားများထံမှ ကင်းစခန်းမှူး ကိုယ်တိုင် အတင်းလုယူ၍ စုဆောင်းပေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

မေလ (၃) ရက်နေ့တွင် ကြက်ကျိန်းရွာသား ဦးမိုဟာမတ်အီလီယာစ် (ဘ) ဦးမိုဟာမတ်အာမီးန် ထံမှ ဓါးတစ်လက်၊ မင်းကြီးရွာသား ဦးမိုဟာမတ်ဆော်လိမ် ထံမှ ဓါးနှင့် ပုဆိန်တစ်လက်စီ၊ ဦးဆွေယဒူရာမာန် (ဘ) ဦးအဒူမာလေခ် ထံမှ ဓါးတစ်လက် အတင်းအဓမ္မ လုယက်ခဲ့ကြောင်း၊ အလားတူ ယခင်ရက်များကလည်း အများအပြား လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus