နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူ ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာရွာသား နှစ်ဦးကို ကင်းစခန်းနှစ်ခု၌ နယ်ခြားစောင့်ရဲများ နေ့စဉ် အတင်းအဓမ္မ လုပ်အားပေးခိုင်း

Rohingya Eye
RB News
22.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာအုပ်စု ဟိုက်ဒေါရ်ကူးန်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းနှင့် ရွာကြီးရွာ အခြေစိုက် ကင်းစခန်းတို့မှ နယ်ခြားစောင့်ရဲများက ဒေသခံရွာသားနှစ်ဦးကို နေ့စဉ်နေ့တိုင်း အတင်းအဓမ္မ လုပ်အားပေးခိုင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာအုပ်စု၊ ဟိုက်ဒေါရ်ကူးန်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းနှင့် ရွာကြီးရွာ အခြေစိုက် ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ၎င်းတို့၏ ကင်းစခန်းနှစ်ခုတွင် ရေခတ်ရန် အတွက် ဒေသခံ ရိုဟင်ဂျာ ရွာသားနှစ်ဦးကို နေ့စဉ်နေ့တိုင်း အတင်းအဓမ္မ လုပ်အားပေးခိုင်းလျက် ရှိကြောင်း၊ ကင်းစခန်းတစ်ခုတွင် နံနက် ၇ နာရီမှ နေ့လည် ၁၂ နာရီထိ ရွာသားတစ်ဦးနှင့် အခြားတစ်ခုတွင် နေ့လည် ၁ နာရီမှ ညနေ ၅ နာရီမှ ရွာသားတစ်ဦး လုပ်အားပေးရလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

“နိုင်ငံတွင်းမှာ အတင်းအဓမ္မ လုပ်အားပေးခိုင်းတာမျိုး မရှိဘူးလို့ ကမ္ဘာကို ကြေညာထားပြီး၊ ရိုဟင်ဂျာလူမျိုး တစ်မျိုးတည်းကို ဒီလိုမျိုး လုပ်အားပေးခိုင်းတာကတော့ ရိုဟင်ဂျာလူမျိုး အပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတာပါ။ အရင်က စစ်အစိုးရ၊ အခု ဒီမိုကရေစီအစိုးရ၊ ပြောင်းလဲသွားတာ ဘာမှ မရှိဘူး။ ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေး ဆက်လက် ချိုးဖောက်နေဆဲပါ” ဟု မောင်တောမြို့နယ်မှ လူ့အခွင့်အရေး အခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးက ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus