နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို လိပ်ရ ကျေးရွာမှ အပြစ်မဲ့ ဒေသခံ ၁၄ ဦးကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ဖမ်းဆီး၍ ငွေညှစ်

RB News
11.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ လိပ်ရကျေးရွာအုပ်စုသို့ နယ်ခြားစောင့်ရဲများနှင့် စစ်သားများ ၀င်ရောက်၍ အပြစ်မဲ့ ဒေသခံရွာသားများကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မေလ (၂၇) ရက်နေ့ ည ၁၀ နာရီအချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာအုပ်စု၊ မြောက်ရွာသို့ လိပ်ရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများနှင့် စစ်သားများ ပူးပေါင်း၍ ၀င်ရောက်ကာ ဒေသခံများ၏ နေအိမ်များထဲသို့ ဓါးပြများသဖွယ် တံခါးများ ရိုက်ချိုး ဖျက်ဆီးဝင်ရောက်ပြီး အောက်ဖော်ပြပါ ဒေသခံများကို ဖမ်းဆီးချုပ်နှောင်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး၊ တစ်ညလုံး လူမဆန်စွာ ရိုက်နှက် နှိပ်စက်ကာ မေလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဖမ်းဆီးချုပ်နှောင် ညှဉ်းပန်းနှိပ်စက်ခံရပြီး ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးဆော်ယောဒ်ဆလာမ် (ဘ) ဦးအေဇာရ်မျာ (ညှစ်ခံရငွေကျပ် ၁၀ သိန်း)
(၂) ဦးဟူဆောင်းအာမတ် (ဘ) ဦးအဒူဆလာမ် (ညှစ်ခံရငွေကျပ် ၅ သိန်း)
(၃) မော်လ၀ီအာဘူအာမတ် (ဘ) ဦးဘာသာမျာ (ညှစ်ခံရငွေကျပ် ၂ သိန်း၊ ငွေညှစ်ခံရသည့် အပြင် ငွေကျပ် ၅ သိန်းတန် နွားမ တစ်ကောင် လုယက်ခံရ)
(၄) ဦးအဒူလ္လာ (ဘ) ဦးရှားအာလောမ် (ညှစ်ခံရငွေကျပ် ၁ သိန်း) -- တို့ဖြစ်သည်။ 

ယင်းရွာသို့ မေလ (၂၉) ရက်နေ့ နံနက် ၄ နာရီအချိန်တွင် စစ်သားများ ရောက်ရှိလာပြီး အောက်ဖော်ပြပါ ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်ခဲ့သည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးအစ္စမိုင်လ် (ဘ) ဦးမောဟော်လောစ် (ညှစ်ခံရငွေကျပ် ၅ သောင်း)
(၂) ဦးဟာလာဘော်ဒါ (ဘ) ဦးရော်ရှိတ်အာမတ် (ညှစ်ခံရငွေကျပ် ၅ သောင်း)
(၃) ဦးအာနိုဝါရ်အစ္စလာမ် (ဘ) ဦးဝိုက်ဒူလ်ဟောက် (ညှစ်ခံရငွေကျပ် ၅ သောင်း)
(၄) ဦးနော်ဇီရုလ်အစ္စလာမ် (ဘ) ဦးနုရ်ဘော်ရှော်ရ် (ညှစ်ခံရငွေကျပ် ၁ သိန်း)
(၅) ဦးဘာန်ဒူ (ဘ) ဦးယာကုပ် (ညှစ်ခံရငွေကျပ် ၁ သိန်း)
(၆) ဦးဆော်လိမ် (ဘ) ဦးဆော်ယောဒ် (လိပ်ရအလယ်ရွာမှ) (ညှစ်ခံရငွေကျပ် ၁ သိန်း)
(၇) ဦးအဒူဆာလမ် (ဘ) ဦးအူမောရ်ဆုလ်တာန် (ညှစ်ခံရငွေကျပ် ၁ သိန်း)
(၈) ဦးနုရ်ဟာရှိမ်း (ဘ) ဦးအာဘူတာဟဲရ် (ညှစ်ခံရငွေကျပ် ၁ သိန်း)
(၉) ဦးဇူဘိုင်ရ် (ဘ) ဦးနုရ်အစ္စလာမ် (ညှစ်ခံရငွေကျပ် တစ်သောင်းခွဲ)
(၁၀) ဦးအနိုဝါရ်အစ္စလာမ် (ဘ) ဦးရှောမ်ရှုအာလောမ် (ညှစ်ခံရငွေကျပ် ၁ သိန်း) -- တို့ဖြစ်သည်။ 

မေလ (၂၇) ရက်နေ့တွင် နယ်ခြားစောင့်ရဲ ၅ ဦးနှင့် စစ်သား ၁၀ ဦး - စုစုပေါင်း ၁၅ ဦး ရွာထဲသို့ ၀င်ရောက်၍ လိုင်စင်ရ ဓါးပြများသဖွယ် သောင်းကျန်းခဲ့ခြင်းဖြစ်ပြီး၊ မေလ (၂၉) ရက်နေ့တွင် စစ်သား (၁၅) ဦးက ၀င်ရောက်၍ ရွာသားများကို ဖမ်းဆီးပြီး ငွေညှစ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus