နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို လိပ်ရမှ စစ်သားများ ကျောက်ချောင်းသို့ ၀င်ရောက်၍ ရွာသားနှစ်ဦး၏ ဖုန်းများသိမ်း၊ ငွေညှစ်

RB News
13.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာမှ စစ်သားများသည် ကျောက်ချောင်း ကျေးရွာသို့ ၀င်ရောက်၍ အပြစ်မဲ့ ဒေသခံနှစ်ဦးထံမှ ဖုန်းနှစ်လုံး သိမ်းဆည်းခဲ့သည့် အပြင် ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဇွန်လ (၁၂) ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် လိပ်ရကျေးရွာ အခြေစိုက် လှုပ်ရှားနေသော စစ်တပ်မှ စစ်သား (၁၀) ဦးသည် ကျောက်ချောင်းကျေးရွာအုပ်စု ရွာသစ်ရွာသို့ ၀င်ရောက်၍ ဒေသခံရိုဟင်ဂျာများ၏ နေအိမ် အများအပြားကို ရှောင်တခင် ၀င်ရောက် မွှေနှောက်ရှာဖွေ၍ ဒေသခံရွာသားများကို မလိုအပ်ဘဲ စိတ်အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း၊ ရွာသားနှစ်ဦးကို ဖမ်းဆီး၍ MPT ဆင်းမ်ကဒ်ပါ မိုဘိုင်းဖုန်းနှစ်လုံးကို သိမ်းဆည်းခဲ့သည့် အပြင် ငွေညှစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

မိုဘိုင်းဖုန်းများ သိမ်းဆည်းခံရပြီး ငွေညှစ်ခံရသူနှစ်ဦးမှာ --

(၁) ဦးလာလ်မျာ (ဘ) ဦးတာဇော်မုလုခ် (ညှစ်ခံရငွေကျပ် ၂ သိန်း)
(၂) ဦးမာမတ်အာလောမ် (ဘ) ဦးနုရ်အစ္စလာမ် (ညှစ်ခံရငွေကျပ် ၁ သိန်း ၅ သောင်း) -- တို့ဖြစ်ကြသည်။ 

တောင်ပြိုလက်ဝဲမြို့ရှိ ကျေးရွာများ အားလုံးတွင် တည်ငြိမ်အေးချမ်းနေသော်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က အခြေအနေ တည်ငြိမ်မှု ပျက်ပြားလာအောင် တမင် ရည်ရွယ်ချက်ရှိရှိဖြင့် ရွာများထဲသို့ ၀င်ရောက်၍ အပြစ်မဲ့များကို ဖမ်းဆီး ငွေညှစ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 




Comment ရေးရန်

Rohingya Exodus