နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို ကျောက်ချောင်း အခြေစိုက် စစ်သားများက ဒေသခံတစ်ဦးထံမှ ငွေလုယက်

RB News
15.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ကျောက်ချောင်း ကျေးရွာ အခြေစိုက် တပ်ရင်းမှ စစ်သားများက ဒေသခံတစ်ဦးထံမှ ငွေကျပ် ၇ သောင်း လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ကျောက်ချောင်းကျေးရွာ အခြေစိုက် တပ်ရင်းမှ စစ်သားများသည် ဇွန်လ (၁၅) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကြိမ်ချောင်းဈေးမှ ပြန်လာနေသည့် ကျွန်းပေါက်ပြုစုကျေးရွာအုပ်စု၊ ဖက်လိပြင်ရွာမှ ဦးဇူဘိုင်ရ်အာမတ် (ဘ) ဟာဂျီဦးဟာရွန်ရော်ရှိတ် ထံမှ ငွေကျပ် ၇ သောင်း တိတိ လုယက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ စစ်သားများသည် နေ့စဉ်နေ့တိုင်း ရွာထဲသို့ အချိန်မတော် ၀င်ရောက် နည်းမျိုးစုံဖြင့် နှောက်ယှက်လေ့ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus