နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘာသာရေးပွဲတော် အီးဒ်နေ့တွင် အပြစ်မဲ့ရိုဟင်ဂျာတစ်ဦးကို နယ်ခြားစောင့်ရဲက ဖမ်းဆီး၍ လိင်အင်္ဂါဖြတ်ပြီး သတ်ဖြတ်

MYARF
RB News
27.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာမှ အစ္စလာမ်ဘာသာရေး ဆရာတစ်ဦးကို နယ်ခြားစောင့်ရဲများက အီးဒ်နေ့အခါသမယတွင် ဖမ်းဆီးခေါ်ဆောင်သွားကာ ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

နယ်ခြားစောင့်ရဲများ၏ သတ်ဖြတ်ခြင်းကို ခံရသူသည် မောင်တောမြို့မှ ၄ မိုင်ခန့်အကွာ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာမှ ဦးနော်ဇိရ်အာမတ်၏ သား အစ္စလာမ်ဘာသာရေးဆရာ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ် (အသက် ၃၅ နှစ်) ဖြစ်သည်။ ၎င်းကို ဇွန်လ (၂၆) ရက်နေ့ နံနက် (၁၀) နာရီခန့် အချိန်တွင် မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၄) ဦးရောက်ရှိလာပြီး ဘဂုံးနား နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ဘဂုံးနားဈေးရှိ လဘက်ရည်ဆိုင်၌ လဘက်ရည်သောက်နေစဉ် ၀ိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မန်ကျည်ချောင်း စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ထို့နောက် ၎င်းကို မန်ကျည်ချောင်းစခန်း၌ လူမဆန်အောင် ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ယူဆရပြီး သေလုမျောပါး ဖြစ်နေချိန် ည ၁၁ နာရီကျော်အချိန်တွင် မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ယူဆရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

“ဖမ်းသွား​တော့ ဘယ်​သူ့မှ သွားပြီး သတင်း​မေးခွင့်​မရှိဘူး​။ မနက်​မှ ​ဆေးရုံမှာ သူ သေဆုံး​နေတယ်​ဆိုပြီး သတင်း​ပြောလာတာ။ မ​နေ့ည ၁၁ နာရီလောက်​မှာ ကားနှစ်​စီးနဲ့ ​မော်​​တော်​ဆိုင်​ကယ်​ ၇ စီး ​မောင်​​တော​တောင်​ပိုင်းက​နေလာပြီး မြို့ထဲဝင်​သွားတာ ကျွန်တော်​တို့ သိလိုက်​တယ်​။ အဲဒါက မိုဟာမတ်​ဆာဒဲခ်​ကို သတ်​ပြီး ​ဆေးရုံခေါ်သွားတာဖြစ်မယ်” ဟု အဆိုပါဒေသခံက ပြောပါသည်။ 

ယနေ့ ဇွန်လ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်၏ နေအိမ်သို့ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး၊ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်၏ ဇနီးကို ခင်ပွန်းဖြစ်သူထံတွင် ရောဂါရှိနေကြောင်း၊ ယင်းရောဂါကြောင့် မောင်တောဆေးရုံတွင် သေဆုံးသွားကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခင်ပွန်းသည်တွင် ယခင်ကတည်းက ရောဂါရှိနေသည်ဆိုသည်မှာ မှန်ကန်သည်ဟု ရေးသား၍ အတင်းအဓမ္မ ဖိအားပေး ၀န်ခံ လက်မှတ် ရေးထိုးခိုင်းခဲ့သည်။ 

ဟာဖီးဇ်မိုဟာမတ်ဆာဒဲခ်၏ အလောင်းကို မိသားစုဝင်များက ဇာတိရွာတွင် မြှပ်နှံသဂြိုဟ်ရန် အာဏာပိုင်များထံတွင် တောင်းဆိုခဲ့သော်လည်း အာဏာပိုင်များ ခွင့်မပြုဘဲ မောင်တောမြို့နယ် အမှတ် (၂) ရပ်ကွက် တာဝန်ခံကို ခေါ်၍ အပ်နှံပြီး ယင်းရပ်ကွက် သင်္ချိုင်းတွင် မြှပ်နှံခိုင်းခဲ့သည်။

“သေသူက ​သေပြီ။ ကျွန်မတို့က ကိုယ့်​ရွာမှာ မြှပ်​နှံဖို့ အ​လောင်းကိုပဲ ​တောင်းခဲ့တာ။ ဒါ​ပေမယ့်​ သူတို့က လွှဲ​ပြောင်းမ​ပေးဘူး" ဟု အသတ်​ခံရသူ၏ ​ဆွေမျိုး​တော်​စပ်​သူတစ်​ဦးကို ကိုးကား၍ ​ဒေသခံတစ်​ဦးက ​ပြောပါသည်​။
အ​လောင်းကို ယနေ့ ဇွန်လ (၂၇) ရက်​​နေ့၊ နံနက်​ ၁၁ နာရီအချိန်​တွင်​ အမှတ်​(၂) ရပ်​ကွက်​ရှိ သင်္ချိုင်းတွင်​ နယ်​ခြား​စောင့်​ရဲ​ မြောက်​မြားစွာ အ​စောင့်​ချထားပြီး မြှပ်​နှံခိုင်းခဲ့ပါသည်​။

မောင်​​တောအ​ခြေစိုက်​ လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​ လေ့လာ​ရေးအဖွဲ့၏ ​ပြောကြားချက်​အရ နယ်​ခြား​စောင့်​ရဲများက ဟာဖီးဇ်မိုဟာမတ်ဆာဒဲခ်၏ လိင်​အင်္ဂါကို ဖြတ်​​​ပစ်​ခြင်း၊ ခြေ​​​ထောက်​ကို ရိုက်​ချိုးပစ်​ခြင်း၊ တင်းပါးတစ်​ဖက်​ကို ခုတ်​ပစ်​လိုက်​ခြင်းနှင့်​ အခြား​သော နည်းအမျိုးမျိုးဖြင့်​ ညှဉ်းပန်း နှိပ်​စက်​ခဲ့သည်​ဟု သိရှိရသည်​။
“လူတစ်​​ယောက်​ကို မသင်္ကာပြီး ဖမ်းတယ်​ဆိုပါစို့။ ဖမ်းပြီးရင်​ တရားဥပ​ဒေအတိုင်း ရုံးတင်​ စစ်​​ဆေးရပြီး အပြစ်​ထင်​ရှားရင်​ အ​ရေးယူရမှာ​လေ။ အခုက ဖမ်းချင်​လို့ ဖမ်းတယ်​။ သတ်​ချင်​လို့ သတ်​လိုက်​တယ်​။ ရဲစခန်းလည်း မအပ်​ဘူး။ တရားရုံးလည်း မတင်​ဘူး။ တကယ်​ပဲ တရားဥပ​ဒေမဲ့ သတ်​​နေတာ။ ဒါက Ethnic Cleansing မဟုတ်​ရင်​ ဘာလဲ။" ဟု အဆိုပါ လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့မှ ပြောပါသည်။ 

မောင်​​တောခရိုင်​တွင်​ အာဏာပိုင်​များက အ​ကြောင်းအမျိုးမျိုးဖြင့်​ ပြဿနာ ဖန်​တီးရန်​ ကြိုးစား​နေလျက်​ရှိနေသည်ကို ​လေ့လာ​တွေ့ရှိ​ထားကြောင်း အဆိုပါ အဖွဲ့က ​ပြောပါသည်​။ 

ဇွန်​လ ၂၅ ရက်​​နေ့တွင်​လည်း ​ဘဂုံး​နား​ကျေးရွာမှ မိုဟာမတ်​​တော်​ယုပ်​ (ဘ) ဦးနာဇိရ်​ ကို အဆိုပါ နယ်​ခြား​စောင့်​ရဲများက ဖမ်းဆီးကာ မဟုတ်​မမှန်​ စွပ်​စွဲချက်​အမျိုးမျိုးဖြင့်​ ညှဉ်းပန်း​နှိပ်စက်လျက်​ရှိပြီး ယ​နေ့ထိ ပြန်​လည်​ လွှတ်​​ပေးခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။ 

ထို့အပြင်​ ​မောင်​​တော​ မြောက်​ပိုင်းတွင်​လည်း အာဏာပိုင်​များက ပြဿနာဖန်​တီး၍ ​ဒေသခံရိုဟင်​ဂျာများကို ညှဉ်းပန်းနှိပ်​စက်​နိုင်​ရန်​ ကြံစည်လျက်ရှိသည်။

မောင်​​တောခရိုင်​အတွင်း၌ အပ်​ကျလျှင်​ပင်​ မဟုတ်​မမှန်​ ဆွဲဆန့်​ကာ သတင်း​ရေးတင်​တတ်​သည်​ State Counsellor Information Committee စာမျက်​နှာတွင် နယ်ခြားစောင့်ရဲများက ဟာဖီးဇ်​ မိုဟာမတ်​ဆာဒဲခ်ကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့သည့် သတင်းကို ဇွန်​လ ၂၇ ရက်​​နေ့၊ မြန်​မာစံ​တော်​ချိန်​ ည ၁၁ နာရီခွဲ အချိန်​အထိ မထုတ်​ပြန်​​သေးသည်​ကို ​လေ့လာ​တွေ့ရှိရသည်​။




Comment ရေးရန်

Rohingya Exodus