နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် တောင်ဘဇာမှ ရဲမှူးက ငွေသိန်း ၅၀ မပေးသည့် ရွာသား၏ အိမ်ကို သေနတ်ပစ်ဖောက်၍ ခြိမ်းခြောက်

MYARF
RB News
18.6.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံး၏ တာဝန်ခံ ရဲမှူးထွန်းနိုင်က ယခုတလော ၀င်ငွေနည်းလာသောကြောင့် နယ်သို့ ခရီးထွက်၍ ငွေလာမပေးသူမ၏ နေအိမ်ကို သေနတ်ပစ်ဖောက်၍ ခြိမ်းခြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဇွန်လ (၁၈) ရက်နေ့ နေ့လည် ၃း၃၀ နာရီခန့် အချိန်တွင် နယ်မြေတာဝန်ခံ ရဲမှူးထွန်းနိုင်နှင့် တပ်ဖွဲ့ဝင် (၁၂) ဦးတို့သည် လောင်းလှေမြင့် တင်းမေကျေးရွာသို့ သွားရောက်၍ မော်လ၀ီအီမာန်ဟူစိန်း၏ နေအိမ်ကို ၀င်ရောက် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် နေအိမ်၌ မိသားစုဝင် တစ်စုံတစ်ယောက်ကိုမှ မတွေ့ရှိသဖြင့် အပြင်သို့ ထွက်လာ၍ အိမ်ခြံစည်းရိုး အနားတွင် ရပ်၍ နေအိမ်ကို သေနတ်ဖြင့် အကြိမ် (၂၀) ကျော် ပစ်ဖောက်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောပါသည်။ 

ရဲမှူးထွန်းနိုင်နှင့် အဖွဲ့သည် လွန်ခဲ့သည့် ၄ ရက်ခန့်က တင်းမေရွာသို့ သွားရောက်၍ မော်လ၀ီအီမာန်ဟူစိန်းကို ၎င်းနှင့် လာရောက်တွေ့ဆုံရန် ဆင့်ခေါ်ခဲ့သည်။ သို့သော် မော်လ၀ီအီမာန်ဟူစိန်းက ၎င်းနှင့် တွေ့ဆုံလျှင် ငွေကျပ် သိန်း (၅၀) ပေးရမည် ဖြစ်သဖြင့် ငွေမစုဆောင်းနိုင်၍ မိသားစုနှင့်ပါ တိမ်းရှောင်နေခဲ့ရသည်။ ရဲမှူးထွန်းနိုင်က ၎င်းကိုယ်တိုင် မှာကြားထားသည်ကို မလိုက်နာဟုဆိုကာ နေအိမ်သို့ သွားရောက်၍ သေနတ်ပစ်ဖောက်၍ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ရဲမှူးထွန်းနိုင်နှင့် အဖွဲ့သည် ယခုအခါ ကျောင်းတောင်စခန်း၌ ညအိပ်ခရီးဆက်နေပြီ၊ ဘေးပတ်ဝန်းကျင်ရှိ ရွာသားများက ၎င်းတို့ကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်မည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus