နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြောက်ပိုင်း၌ ခရီးသွားပြည်သူများထံမှ နယ်ခြားစောင့်ရဲများက ငွေညှစ်လျက်ရှိ

MYARF
RB News
14.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၌ ခရီးသွားလာသူများထံမှ ကျီးကန်ပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ဂိတ်နှင့် ကြိမ်ချောင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဂိတ်တို့မှ နယ်ခြားစောင့်ရဲများက ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လွန်ခဲ့သည့် မေလကုန်မှစ၍ မောင်တောမြို့နယ် အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်များတွင် ဈေးဝယ်သွားသူ၊ ဆေးကုသရန်သွားသူ၊ အလုပ်လုပ်ရန်သွားသူ၊ ခရီးထွက်သူ၊ ကျောင်းသွားတက်သူ၊ အလှူငွေကောက်ခံရန် သွားသူများနှင့် လမ်းသွားလမ်းလာများကို နယ်ခြားစောင့်ရဲများက NVC အကြောင်းပြ၍ ငွေကျပ် ၅၀၀ မှ ၁၀၀၀ ထိ ညှစ်ယူလျက်ရှိကြောင်း ကိုယ်တိုင် ငွေညှစ်ခံရသူများက RB News သို့ပြောပါသည်။ 

ဇွန်လ (၁၂) ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ခမောင်းဆိပ်ဘက်မှ ထွက်လာသော ဟိုင်းလတ်လိုင်းကားဖြင့် ခမောင်းဆိပ်နှင့် တမန်းသားမှ စီးနင်းလိုက်ပါလာသူ ခရီးသည် ၃၀ ဦးကို ကြိမ်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း စစ်ဆေးရေးဂိတ်တွင် ကားပေါ်မှ ဆင်းခိုင်း၍ တန်းစီးခိုင်းပြီး တစ်ဦးချင်းစီထံမှ ငွေကျပ် ၅၀၀ စီ ညှစ်ယူခဲ့ကြောင်း ခရီးသည် တစ်ဦးက ပြောပါသည်။

အဆိုပါကားဖြင့် ခရီးသည်များ ဆက်လက်ထွက်ခွာလာရာ ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးရေး ဂိတ်သို့ ရောက်ရှိသောအခါ နယ်ခြားစောင့်ရဲများက ခရီးသည်များကို ကားပေါ်မှ ဆင်းခိုင်း၍ တန်းစီခိုင်းခဲ့သည်။ ထို့နောက် လ.၀.က များနှင့် နယ်ခြားစောင့်ရဲများက ခရီးသည်များ ကိုင်ဆောင်ထားသော အထောက်အထားများကို တစ်ဦးချင်းစီထံမှ တောင်းယူပြီး၊ ခရီးသည်များကို ကားပေါ်သို့ ပြန်တက်ခိုင်းခဲ့သည်။ 

နယ်ခြားစောင့်ရဲများနှင့် လ.၀.က ၀န်ထမ်းများက အထောက်အထား စာရွက်စာတမ်းများကို ယာဉ်မောင်းထံသို့ ပေးအပ်ပြီး တစ်ဦးချင်းစီ အတွက် ငွေကျပ် တစ်ထောင်စီ ညှစ်ယူခဲ့သည်။ 

အလားတူ အခြားသော ဘတ်စ်လိုင်းကားများတွင် ပါရှိသော ရိုဟင်ဂျာခရီးသည်များထံမှ နေ့စဉ်နေ့တိုင်း ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus