နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ရင်း ၅၅၁ မှ စစ်သားများက တောင်ပြို ကွမ်းသီးပင်ရှိ ဒေသခံများထံမှ လုယက်

Rohingya Eye
RB News
18.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ၊ ကွမ်းသီးပင် ကျေးရွာအုပ်စု အခြေစိုက် တပ်ရင်းမှ စစ်သားများသည် ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက် ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇွန်လ (၁၅) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ကွမ်းသီးပင် ကျေးရွာအုပ်စု၊ သာယာကုန်းရွာ အခြေစိုက် ဗိုလ်မှူးကျော်ဇေယျ ဦးဆောင်သော တပ်ရင်း (၅၅၁) မှ စစ်သား (၄) ဦးသည် သဲချောင်းကျေးရွာအုပ်စု၊ ဂေါ်ဒူရွာဈေးသို့ သွားရောက်၍ ဦးအာမီးရ် (အသက် ၄၅ နှစ်) အပါအ၀င် ဒေသခံ ၁၅ ဦးကို ဖမ်းဆီး၍ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သွားပြီး ရိုက်နှက်ကာ ကြက်သွန်နီအိတ်တစ်အိတ် လုယက်ပြီး နေ့လည် တစ်နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

ဇွန်လ (၁၃) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင်လည်း အဆိုပါ စစ်သားများသည် ကွမ်းသီးပင်ကျေးရွာအုပ်စု၊ လာဖိုယာရွာသို့  သွားရောက်၍ တွေ့သမျှ ရွာသားများကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ယင်းရွာမှ ဦးအဒူလ် (ဘ) ဦးအော်လီဟူဆောင်း (အသက် ၄၀ နှစ်) ၏ နေအိမ်မှ ငွေကျပ် တစ်သိန်းခြောက်သောင်း လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus