နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က မော်လ၀ီများကို ဆင့်ခေါ်၍ ခံဝန်လက်မှတ်ထိုးခိုင်း

MYARF
RB News
1.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများတွင် အစ္စလာမ်ဘာသာရေး ဆရာ မော်လ၀ီများကို ခေါ်ယူ၍ ခံဝန်လက်မှတ်များ ထိုးခိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ ဇူလိုင်လ (၁) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်မြေရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ အဆိုပါ စခန်း၏ လက်အောက်ခံ ကျေးရွာအုပ်စု (၁၀) ခုမှ အစ္စလာမ်ဘာသာရေး ဆရာ မော်လ၀ီများကို ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တဆင့် အစည်းအဝေး တက်ရန်ဟု ဆင့်ခေါ်၍ အဆင်သင့်ရေးသားထားသော ခံဝန်ချက် စာရွက်ပေါ်တွင် လက်မှတ်များ ထိုးထားကြောင်း၊ ဇွန်လ (၂၉) ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း၊ ကျောင်းတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းသို့ ယင်းစခန်း၏ လက်အောက်ခံ ကျေးရွာအုပ်စုများမှ အစ္စလာမ်ဘာသာရေး ဆရာ မော်လ၀ီများကို ဆင့်ခေါ်၍ အလားတူ လက်မှတ်များ ထိုးခိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ခံဝန်ချက်လက်မှတ်ထိုးရာတွင် စာရွက်ပါ အကြောင်းအရာများကို ဖတ်ရှုခွင့်မပေးဘဲ လက်မှတ်သာ ထိုးပေးခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus