နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုလ အချက်အလက်အဖွဲ့ ၀င်ခွင့်ပေးပါက အခြေအနေမှန်ကို သေချာသိနိုင်မည့် အခွင့်အလမ်းရှိ



2.7.2017

ရခိုင်ပြည်နယ် မြောက်ပိုင်း မြန်မာလုံခြုံရေးတပ်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ ကိုယ်စားပြုအဖွဲ့ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့် ပြုခြင်းအားဖြင့် အခြေအနေတွေကို နိုင်ငံတကာက ရှင်းရှင်းလင်းလင်း ပိုပြီးသိနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတဲ့အတွက် ၀င်ရောက်ခွင့် ပြုသင့်ကြောင်း ဦးထွန်းခင်ကဆိုပါတယ်။

“ကျနော်တို့ တွေ့တာက ဒေါ်စုက စစ်တပ်ကို ထိန်းချုပ်နိုင်စွမ်းလည်း မရှိဘူး။ ပြီးတော့သူက စစ်တပ်ကျူးလွန်တဲ့ ဖေါက်ဖျက်မှုတွေကို ဖိအား ပေးနိုင်စွမ်းလည်း မရှိဘူး။ ပြီးတော့တဖက်က ဒေါ်စုဟာ စစ်တပ်ကို ကာကွယ်နေတယ်လို့ ကျနော်တို့ မြင်ပါတယ်။ နိုင်ငံတကာကနေ ကုလသမဂ္ဂ fact finding mission ပေါ့နော် .. ဒီ မစ်ရှင်ကို နိုင်ငံတကာကနေ လွှတ်တယ်ဆိုတာက အလကားတော့ မဟုတ်ဘူး။ သူတို့မှာ ခိုင်မာတဲ့ အထောက်အထားတွေရှိလို့ ဒီဟာကို လွှတ်ခြင်းဖြစ်တယ်။ ပြီးတော့ ဒီဟာက အခြေနေ ပိုပြီး ဆိုးဝါးသွားနိုင်တယ်လို့ ထင်တယ်”

ဗွီအိုအေမြန်မာပိုင်း၏ သတင်း “မြန်မာလုံခြုံရေး အကြံပေးရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစတင်” မှ ဦးထွန်းခင် ပြောကြားသည့် အပိုင်းကို ကူးယူဖော်ပြထားသည်။









Comment ရေးရန်

Rohingya Exodus