နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲ ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်တွင် ခရီးသွားများထံမှ ငွေညှစ်

MYARF
RB News
3.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ရှိ ဌာနပေါင်းစုံ ပါဝင်သော စစ်ဆေးရေးဂိတ်တွင် မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့ အ၀င်ဝ တံတားအနီးရှိ စစ်ဆေးရေးဂိတ်တွင် စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ နယ်မြေရဲ၊အထွေထွေ အုပ်ချုပ်ရေး၊ စ.ရ.ဖ၊ အထူးသတင်းတပ်ဖွဲ့ စသော ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့က ပူးပေါင်း၍ မြို့ဝင်မြို့ထွက်များကို စစ်ဆေးလျက်ရှိသည်။ ထိုသို့ စစ်ဆေးရာတွင် ခရီးသွားပြည်သူများထံမှ မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

တောင်ပြိုလက်ဝဲမြို့သည် လွန်ခဲ့သည့်နှစ် အနည်းငယ် မြို့အဆင့်သို့ သတ်မှတ်ပေးခဲ့သည့် မြို့ဖြစ်ပြီး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည့်နှက်လျက် ရှိသည်။ သာမာန်ပြည်သူများမှာ ယခင်က ကျေးရွာများတွင်ပင် နေထိုင်လျက်ရှိပြီး၊ မြို့ဟုသတ်မှတ်ထားသည့် မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်သူဟူ၍ လုံးဝမရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့သော နေရာဒေသတွင် ဌာနဆိုင်ရာပေါင်းစုံက စစ်ဆေးရေးဂိတ်ချ ထားပြီး၊ အထူးသဖြင့် တောင်ပြိုယာသို့ ဒေသခံများက ဈေးဝယ်ရန် သွားလာရာတွင် စစ်ဆေးနေခြင်း ဖြစ်သည်။

ဇွန်လ (၂၈) ရက်နေ့တွင် မီးတိုက်ကျေးရွာအုပ်စု၊ ဖွန်းတီးရွာမှ မော်လ၀ီကာမာလ် (ဘ) ဦးဒီလူးဟူဆောင်း ၏ ဖုန်းထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖုန်းနံပါတ် တွေ့ရှိသည်ကို အကြောင်းပြု၍ ငွေကျပ် ၇ သောင်း၊ တောင်ပြိုယာမှ ဦးဇူဘိုင်ရ် (ဘ) ဦးဇာဟိတ်ဟူစိန်း ကိုလည်း အလားတူ အကြောင်းပြ၍ ငွေကျပ် ၅၅၀၀၀/- ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။


Comment ရေးရန်

Rohingya Exodus