နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲများ၏ သတင်းပေးများက မဟုတ်မမှန် သတင်းပေးမှုကြောင့် အပြစ်မဲ့များ ဖမ်းဆီးခံနေရ

MYARF
RB News
24.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နယ်ခြားစောင့်ရဲများ၏ သတင်းပေးများက မဟုတ်မမှန် သတင်းများပေး၍ ၎င်းတို့နှင့် မပြေလည်သူများကို နယ်ခြားစောင့်ရဲများအား ဖမ်းဆီးခိုင်းပြီး ရွာသားများအပေါ် အနိုင်ကျင့် ဗိုလ်ကျလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို သတင်းပေးများ ဖြစ်သည့် ဆော်လိမ်၊ အာဘူလ်ဟူစိန်း အပါအ၀င် (၈) ဦးတို့က မဟုတ်မမှန် သတင်းများ ပေးပို့၍ အပြစ်မဲ့ ပုဇွန်ချောင်းရွာသားများ ဖြစ်ကြသော (၁) မော်လ၀ီရော်ရှိတ် (ဘ) ဦးဆုလ်တာန် (အသက် ၅၁ နှစ်)၊ (၂) ဦးမာမတ်နူးရ် (ဘ) ဦးဇောရ်မုလုခ် (အသက် ၄၅ နှစ်)၊ (၃) ဦးဆယာဒ်ကော်ရီးမ် (ဘ) ဦးဟာဆောင်း (အသက် ၄၀ နှစ်) တို့ကို နယ်မြေရှင်းလင်းရေး အဖွဲ့ပေးခဲ့ရသည့် ငွေကျပ် သိန်း ၄၀ ကို ရွာမှ မကောက်ပေးခဲ့သည်ကို အငြိုးအတေးထား၍ နယ်ခြားစောင့်ရဲများအား ဖမ်းဆီးခိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို သတင်းပေးများ ဖြစ်ကြသည့် ငမဲ (ခ) ဇော်မိရ်ဟူစိန်း၊ တူဟားနှင့် အမ်အိုင်ရွာမှ အာဘူကာလာမ် တို့ကို မဟုတ်မှန်သတင်းပေး၍ အပြစ်မဲ့ ငါးရန့်ချောင်းကျေးရွာအုပ်စု၊ မောင်နှမရွာသားများ ဖြစ်ကြသည့် ဦးဇောဖော်ရ်အာလောမ်နှင့် ဦးဆယာဒ်အာခ်ဘောရ် အပါအ၀င် (၁၂) ဦးတို့ကို နယ်ခြားစောင့်ရဲများအား ဖမ်းဆီးခိုင်းခဲ့သည်။ 

ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကိုလည်း သတင်းပေးများ ဖြစ်ကြသည့် စိန်တောင်ပြင်မှ အဒူလ်အာမီးန်၊ အီဆုပ်၊ မိုဟိဘူလ္လာ တို့က မဟုတ်မမှတ် သတင်းများပေး၍ အပြစ်မဲ့ ချွတ်ပြင်ကျေးရွာအုပ်စု ချောင်းရွာသား ဖြစ်ကြသည့် (၁) ဦးမိုဟာမတ်နူးရ် (ဘ) ဦးဖော်ကီရ်မာမတ်၊ (၂) ဦးဟာဘီဟူစိန်း (ဘ) ဦးကာဒိရ်၊ (၃) ဦးမိုဟာမတ်ဇော်လိလ် (ဘ) ဦးဆုလ်တာန်နှင့် (၄) ဦးဆော်လာမတ်အုလ္လာ (ဘ) ဦးကာဆိမ်း တို့ကို လူမှုရေး မပြေလည်မှုဖြင့် အငြိုးအတေးထား၍ နယ်ခြားစောင့်ရဲများအား ဖမ်းဆီးခိုင်းခဲ့သည်။ 



Comment ရေးရန်

Rohingya Exodus