နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို အမှတ် (၅) ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့နှင့် နယ်ထိန်းများ ပူးပေါင်း၍ ဒေသခံများထံမှ ငွေညှစ်

MYARF
RB News
3.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် နယ်ထိန်းရဲ အဖွဲ့တို့ ပူးပေါင်း၍ ဒေသခံများထံမှ မတရားသဖြင့် ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့၊ နယ်ထိန်းရဲ ဒုရဲအုပ်နှင့် အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရှော်ဖိခ်၊ တာဝန်ခံ ဦးရှော်ဖီအုလ္လာ၊ ဆယ်အိမ်မှူး ဦးအာလောမ်နှင့် ဦးရှားအာလောမ် တို့ပူးပေါင်း၍ ဒေသခံများထံကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ပြီး ငွေညှစ်လျက်ရှိသည်။ ဇွန်လ (၂၂) ရက်နေ့တွင် အမှတ် (၄) ရပ်ကွက်မှ ဦးအီလီယာစ် (ဘ) ဦးဆုလ်တာန်သည် ရွာတွင်းလမ်းမှ ပုဇွန်ကန်သို့ သွားနေစဉ် ၎င်းတို့က ၀ိုင်းဝန်း ဖမ်းဆီး၍ ငွေကျပ် တစ်သိန်း၊ ဇွန်လ (၂၆) ရက်နေ့တွင် ဦးဖော်ဇော်လ်ဟာကိမ်းက လယ်ကွင်း၌ ကျွဲ ၅ ကောင် ကျောင်းနေသည်ကို အကြောင်းပြု၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အလားတူ အုပ်ချုပ်ရေးမှူး ဦးရှော်ဖိခ်၏ နေအိမ်ကို ညစဉ် စောင့်ပေးနေသည့် ဆယ်အိမ်မှူး ဦးအာလောမ်နှင့် ဦးရှားအာလောမ် တို့နှစ်ဦး အတွက် လစဉ်ကြေးဟု ဆိုကာ တစ်အိမ်လျှင် ဆန် ၃ ပြည်ခန့်စီ လစဉ် ကောက်ခံလျက် ရှိကြောင်း၊ အုပ်ချုပ်ရေးမှူးက ဆယ်အိမ်မှူး နှစ်ဦးအတွက်ဟု ဆိုကာ ဆန်များ ကောက်ခံလျက် ရှိသော်လည်း ဆန်များကို ရောင်းချ၍ ၎င်းနှင့် ဆယ်အိမ်မှူး ၂ ဦး ညစဉ် အရက်သောက်ရန် အတွက် ငွေရှာခြင်းသာ ဖြစ်ကြောင်း၊ ၎င်းတို့ ၃ ဦးစလုံး ညစဉ်ညတိုင်း အရက်သောက် မူးယစ်၍ ရွာသားများကို ဆဲဆိုခြင်း၊ ဆင်းရဲသားများ၏ အိမ်တွင်းသို့ ၀င်ရောက် ရမ်းကားခြင်းများ ပြုလုပ်လျက် ရှိကြောင်း၊ အုပ်ချုပ်ရေး အာဏာကို အလွဲသုံးစား ပြုလုပ်၍ ရမ်းကား သောင်းကျန်းနေခြင်းကြောင့် ဆက်လက် ပြုလုပ်နေလျှင် ရွာသားများက မကျေနပ်မှုများ ပြင်းထန်လာပြီး အသတ်ခံရဖွယ် အထိ ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus