နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော တောင်ပိုင်း နူရူလ္လာရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက်စီးနင်းပြီး ရွာသား (၆) ဦးကို ဖမ်းဆီး၊ အိမ် (၃) လုံးကို ဖျက်ဆီး

MYARF
RB News
21.8.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနားကျေးရွာအုပ်စု၊ နူရူလ္လာရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ၀န်းရံပိတ်ဆို့ပြီး အပြစ်မဲ့ရွာသား (၆) ဦးကို ဖမ်းဆီးသွားပြီး၊ နေအိမ် (၃) လုံး ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ 

သြဂုတ်လ (၂၀) ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာအုပ်စု၊ နူရူလ္လာရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ အင်အား ၂၀၀ ခန့်က ရုတ်တရက် ၀င်ရောက်စီးနင်းပြီး နေရာအနှံ့ ရှာဖွေခဲ့သည်။ ၎င်းတို့ ရှာဖွေစဉ် တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ဦးအဒူမော်တော်လောဖ် (ဘ) ဦးအာဘူလ်ကာဆိမ်း၊ ဒေါ်ရုခ်ဘာနာ (ဘ) ဦးနော်ဇီအာမတ်နှင့် ဦးဘိုက်ထား (ခ) ဟာရွန်ရော်ရှိတ် (ဘ) ဦးအဒူဇော်ဘော်ရ် တို့ (၃) ဦး၏ နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း၊ အလုပ်သွားရန် နေအိမ်များမှ ထွက်လာသည့် ဦးနူရ်အစ္စလာမ် (ဘ) ဦးအီဆုပ်ဇော်လာလ်၊ ဦးဖိုင်ဆဲလ် (ဘ) ဦးနူရ်အစ္စလာမ်၊ ဦးဆာဒေခ် (ဘ) ဦးကာဆိမ်း၊ ဦးရှောမ်ရှုအာလောမ် (ဘ) ဦးကာဆိမ်း၊ ဦးဒိလ်မာမတ် (ဘ) ဦးဟာဆောင်း နှင့် ဦးအဒူရှကူရ် (ဘ) ဦးအစ္စမိုင်လ် တို့ကို အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus