နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် အောက်နန်းရာတွင် နယ်ခြားစောင့်ရဲများ၏ ပစ်ခတ်မှုကြောင့် ဒေသခံရိုဟင်ဂျာ (၅) ဦး ပြင်းထန်စွာ ဒဏ်ရာရ



MT Rafique
RB News
4.8.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောက်နန်းရာ ကျေးရွာကို နယ်ခြားစောင့်ရဲများနှင့် ရခိုင်အစွန်းရောက်များ ၀င်ရောက် စီးနင်းပြီးနောက် ဒေသခံရိုဟင်ဂျာ (၅) ဦး ပစ်ခတ်ခံရမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ အပြစ်မဲ့ရွာသား (၄) ဦးဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိပါသည်။ 

သြဂုတ်လ (၄) ရက်နေ့ နံနက် (၇) နာရီအချိန်တွင် နယ်ခြားစောင့်ရဲများနှင့် ရခိုင်အစွန်းရောက်များသည် အောက်နန်းရာရွာသို့ ၀င်ရောက်၍ ရိုဟင်ဂျာ အမျိုးသားများကို ဖမ်းဆီးခြင်း၊ အမျိုးသမီးများကို ကာအိနြေ္ဒပျက်ပြားစေသည့် အထိ ကိုယ်ထိလက်ရောက် စော်ကားခြင်းများ ပြုလုပ်ခဲ့သည်။ အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားနေသည်ကို မကြည့်ရက်နိုင်သည့် ရွာသားများက ၀ိုင်းလာသည့်အခါ နယ်ခြားစောင့်ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေ ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများ၏ ပစ်ခတ်မှုကြောင့် ဒေသခံရိုဟင်ဂျာ (၅) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများမှာ --

(၁) အဗ်ဒူဆူဗာန် (ဘ) ဦးအာဘူလ်ကာဆိမ်း (အသက် ၁၇ နှစ်)
(၂) ဆယာဒ်အူလ္လာ (ဘ) ဦးကာရီးမ်အူလ္လာ 
(၃) ဘရှီးရ်အဟမတ် (ဘ) ဦးမိုဟာမတ်ဟာဆန် (အသက် ၂၀ နှစ်)
(၄) ယူနုပ်စ် (ဘ) ဦးနူရ်အာလာမ် (အသက် ၂၄ နှစ်)
(၅) မော်လ၀ီအဗ်ဒူဆူဗူရ် (ဘ) ဦးမိုတီအူရ်ရဟ်မာန် (အသက် ၄၀ နှစ်) -- တို့ဖြစ်ကြသည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက အပြစ်မဲ့ ဒေသခံ (၃) ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများမှာ --

(၁) ဦးရာဟ်မတ်အူလ္လာ (ဘ) ဦးအာမီးရ်ဟမ်ဇား (အသက် ၃၀ နှစ်)
(၂) ဦးအာမီးရ်ဟူစိန်း (ဘ) ဦးရာဟ်မတ်အူလ္လာ (အသက် ၄၁ နှစ်)
(၃) နာဆာရ်အူလ္လာဟ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၀ နှစ်) -- တို့ဖြစ်ကြသည်။ 

နယ်ခြားစောင့်ရဲများနှင့် ရခိုင်အစွန်းရောက်များသည် သောကြာနေ့ နေ့လည် ၀တ်ပြုချိန်မတိုင်မှီ ထပ်မံ၍ ၀င်ရောက်စီးနင်းခဲ့ရာ အမျိုးသားအများစု ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သော်လည်း အသက်ကြီး၍ ရောဂါမျိုးစုံဒဏ်ခံနေရသည့် ဦးဝလီအဟမတ် (ဘ) ဦးကုလ္လားမျာ (အသက် ၅၀ နှစ်) မှာ မတိမ်းရှောင်နိုင်ခဲ့သောကြောင့် ဖမ်းဆီးခံခဲ့ရသည်။ 

ဇူလိုင်လ (၃၀) ရက်နေ့ကလည်း မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အထက်နန်းရာရွာကို ၀င်ရောက်စီးနင်းပြီးနောက် ဒေသခံရိုဟင်ဂျာ (၃) ဦး အသတ်ခံခဲ့ရပြီး နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 



Comment ရေးရန်

Rohingya Exodus