နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာအစိုးရ၏ လက်နက်ကိုင်အဖွဲ့များက ရိုဟင်ဂျာလူမျိုး သတ်ဖြတ်သုတ်သင်ရေး တစ်ဖန် စတင်နေပြီဟု ရသေ့တောင်မှ ဒေသခံများပြော



MYARF
RB News
23.8.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာအစိုးရ၏ လက်နက်ကိုင်အဖွဲ့များက ရိုဟင်ဂျာလူမျိုးများကို သတ်ဖြတ် သုတ်သင်ရေး တစ်ဖန် စတင်နေပြီဟု ရသေ့တောင်မှ ဒေသခံများက ပြောပါသည်။

ရသေ့တောင်မြို့နယ် စေတီပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများနှင့် စစ်သားများ အင်အား (၂၀၀) ကျော်တို့သည် သြဂုတ်လ (၂၃) ရက်နေ့ နံနက် ၅ နာရီတွင် ချွတ်ပြင်ကျေးရွာအုပ်စုရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက်၍ စခန်းတစ်ခုလုံးကို ထွက်ပေါက်မရှိအောင် ၀န်းရံပိတ်ဆို့၍ ဒုက္ခသည် အမျိုးသား (၁၀၀) နီးပါးကို အခန်းများမှ ဆွဲထုတ်ပြီးနောက် ဓါးများဖြင့်ထိုး၊ သေနတ်များဖြင့် ရိုက်နှက်၍ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



ဖမ်းဆီးရန် အခန်းများမှ ဆွဲထုတ်စဉ် မော်လ၀ီ ဘာသာရေးဆရာများကို ရွေး၍ ဓါးများဖြင့် ထိုးခြင်း၊ သေနတ်ဖြင့် ခေါင်းကွဲသည့် အထိ ရိုက်နှက်ခြင်းများ ပြုလုပ်သည်ဟု မျက်မြင်သက်သေများက ပြောပါသည်။

မော်လ၀ီ အိုဘိုင်ဒူရာမာန်နှင့် မော်လ၀ီမိုဟာမတ်ယူနုစ် တို့နှစ်ဦးကို ဓါးများဖြင့် အကြိမ်ကြိမ် ထိုးခြင်းကြောင့် အူများထွက်လာခဲ့ရာ ထိုနေရာမှ ဒရွတ်တိုက်ဆွဲ၍ ဒုက္ခသည်စခန်း၏ တောင်စောင်းရှိ ချုံပုတ်နားတွင် ချထားခဲ့ကြောင်း၊ ဦးမိုဟာမတ်ဟာရှိမ်း၊ ဦးဘော်ရှိရ်အာမတ်နှင့် ဦးအဗ်ဒူလ်အာမီးန် တို့ (၃) ဦးကို ခေါင်းကွဲ၍ သွေးများ ဒလဟောယိုစီးလာသည့် အထိ ရိုက်နှက်ပြီးနောက် အလားတူ ဒရွတ်တိုက်ဆွဲ၍ ချုံပုတ်နားတွင် ချထားပြီး စစ်သားများ ၀ိုင်းစောင့်နေခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဦးမိုဟာမတ်အလီ၊ ဦးအဗ်ဒူလ်အာမီးန်၊ ဦးအဒူရော်ကိမ်း တို့မိသားစုများထံမှ ရွှေနားကပ်၊ ဆွဲကြိုး၊ နှာခေါင်းနားကပ်များ အပါဝင် ရွှေ (၆) ကျပ်သား လုယက်သွားခဲ့သည်။

ဦးနူရ်ဟာရှိမ်း (ဘ) ဦးအဒူရောန်၊ ဦးအဒူရောန် (ဘ) ဦးမူဇေရ်၊ ဦးအိုမောရ်ဟမ်းဇား၊ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးကာလာမျာ၊ ဦးအဒူရောဇူးမ် (ဘ) ဦးဆော်ယာဒ်၊ ဦးဘေလာလ် (ဘ) ဦးအလီဟူစိန်း၊ ဦးဂျမာလ် (ဘ) ဦးနော်ဘီဟူစိန်း၊ ဦးမုဂိုလ်အာမတ် (ဘ) ဦးမော်တူဘော်လီ၊ ဦးရိုင်ဟားန်၊ ဦးဆုလ်တာန် (ဘ) ဦးနူရ်အာလောမ်၊ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးအာဘူလ်ဟာရှိမ်း၊ ဦးဟာလာဆင် (ဘ) ဦးဇာဖော်ရ်၊ ဦးမာမတ်ဟူဆောင်း (ဘ) မော်လ၀ီမုဂိုလ်အာမတ်၊ ဦးအလီဟူစိန်း (ဘ) ဦးယူဆုပ် အပါအ၀င် (၉၄) ဦးကို ကားကြီး (၃) စီး၊ ကားငယ် (၄) စီးတို့ဖြင့် တင်ဆောင်၍ စေတီပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။




Comment ရေးရန်

Rohingya Exodus