နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်​ဂျာအိမ်​​တွေကို မြန်​မာအစိုးရ ကိုယ်​တိုင်​က မီးရှို့​နေ​ကြောင်း သက်​​သေထွက်​လာ

ယျာတင်
RB News
11.9.2017

သြဂုတ်​လ ၂၅ ရက်​​နေ့ ညသန်း​ခေါင်​​ကျော်​အချိန်​၊ ရခိုင်​​မြောက်​ပိုင်းမှာ နယ်​ခြား​စောင့်​ရဲ ကင်းစခန်းအချို့နဲ့ ARSA လို့​ခေါ်တဲ့ တုတ်​၊ ဓား၊ ​လေးဂွ၊ ဂျင်းဂလိလို အဆင့်​နိမ့်​လက်​နက်​​တွေ ပိုင်ဆိုင်ထားတဲ့ ​​အဖွဲ့တို့ကြားမှာ အပြန်​အလှန်​ တိုက်​ပွဲငယ်​ ဖြစ်​ခဲ့ပါတယ်​။ ခုခံတိုက်​ပွဲလို့ ​ပြောထားတဲ့ အဲဒီညက တိုက်​ပွဲမှာ သူတို့ ပါဝင်​ခုခံတိုက်​ပွဲဝင်​ခဲ့တယ်​ဆိုပြီး ARSA က ထုတ်​​ဖော်​​ပြောထားပြီး တာဝန်​ခံထားပါတယ်​။

ဒါ​ပေမယ့်​ ​နောက်​တစ်​​နေ့ မနက်​က စပြီး မြန်​မာအစိုးရ လက်​နက်​ကိုင်​ တပ်​ဖွဲ့​တွေက ရိုဟင်​ဂျာ​ကျေးရွာ​တွေကို ဝင်​​ရောက်​စီးနင်းပြီး လက်နက်မဲ့ ​​အရပ်သား​ရိုဟင်​ဂျာ​တွေကို ​သေနတ်​ပစ်​ သတ်​ဖြတ်​ခြင်း၊ သူတို့ရဲ့ အိုးအိမ်​​တွေကို မီးရှို့ဖျက်​ဆီးခြင်း​တွေ အဆက်​မပြတ်​ ပြုလုပ်​လာခဲ့ပါ​​တော့တယ်​။ ​နောက်​ဆက်​တွဲ အကျိုးဆက်​အဖြစ်​ အပြစ်​မဲ့ အရပ်​သား ရိုဟင်​ဂျာ​ ​​ထောင်​​ပေါင်းများစွာဟာ မြန်​မာအစိုးရလက်​နက်​ကိုင်​​တွေရဲ့ သတ်​ဖြတ်​ခြင်းကို ခံခဲ့ရပြီး ရိုဟင်​ဂျာ​တွေရဲ့အိမ်​​တွေ ​သောင်းဂဏန်းမက မီးရှို့ခံခဲ့ရပါတယ်​။ ​မောင်​​တောင်​​ ​တောင်​ပိုင်းမှာ စုစု​ပေါင်း ​ကျေးရွာ​ပေါင်း ၂၃ ရွာ ရှိတဲ့အထဲ သဝန်​​ချောင်း၊ အင်းဒင်​၊ သ​င်္ဘော​ကွေ့၊ ​ကျောက်​ပန္ဒူ၊ မြင်းလွတ်​၊ သ​ပြေ​တော၊ ​ဂေါ်ရခါလီ၊ ဥ​ဒေါင်း၊ ကံပူး၊ အလယ်​သံ​ကျော်​၊ ချိန်​ခါလီ၊ ဝါချ နဲ့ သံဒါ စု​စုပေါင်း​ကျေးရွာ​ပေါင်း (၁၃) ရွာဟာ လုံးဝ ရွာလုံးကျွတ်​ မီးရှို့ခံခဲ့ရပြီး ပြာကျသွားခဲ့သလို ကျန်​ကျေးရွာ ၈ ရွာမှာ​တော့ တစ်ချို့တစ်​​ဝက်​ မီးရှို့ခံခဲ့ရပါတယ်​။ ​မောင်​​တော​မြောက်​ပိုင်း၊ ဘူးသီး​တောင်​ ​မြောက်​ပိုင်းမှာလည်း အလားတူပါပဲ။ အိုးအိမ်​​တွေ အများအားဖြင့်​ မီးရှို့ခံလိုက်​ရပြီ ဖြစ်​ပါတယ်​။

ဒီ​လိုမျိုး ရိုဟင်​ဂျာ​တွေ​နေတဲ့ ​ကျေးရွာ​တွေက အိမ်​​တွေ အစုလိုက်​အပြုံလိုက်​ မီးရှို့ခံခဲ့ရတဲ့ ကိစ္စဟာ နိုင်​ငံတကာ အလယ်​မှာ အရမ်းဟော့တဲ့အစ်ရှုးတစ်ခုဖြစ်လာပါတယ်​။ ​ဒေသခံရိုဟင်​ဂျာ​တွေက သူတို့်​အိမ်​​တွေကို မြန်​မာလက်​နက်​ကိုင်​အဖွဲ့​တွေနဲ့ ​ဒေသခံရခိုင်​​တွေ လာ​ရောက်​မီးရှို့တယ်​လို့ အခိုင်​အမာ ထွက်​ဆို​ပြောကြပြီး မြန်​မာအစိုးရက​တော့ ရိုဟင်​ဂျာ​တွေ ကိုယ့်​အိမ်​ကို မီးရှို့တယ်​လို့ ပြန်​စွပ်​စွဲတယ်​။ ​ခေတ်​အဆက်​ဆက်​က မြန်​မာလက်​နက်​ကိုင်​​တွေရဲ့ လူ့အခွင့်​အ​ရေးချိုး​ဖောက်​မှု မှတ်​တမ်းဆိုး​တွေကို သိထားတဲ့ နိုင်​ငံတကာအသိုင်းအဝိုင်းက အစိုးရရဲ့စွပ်​စွဲချက်​​တွေဟာ အ​ခြေအမြစ်​မရှိဘူးလို့ ​ပြောထားပါတယ်​။ တကယ်​လည်း မြန်​မာအစိုးရက ရိုဟင်​ဂျာ​တွေ ကိုယ့်​အိမ်​ကိုယ်​မီးရှို့​နေတယ်​ဆိုပြီး စွပ်​စွဲ​တာကို အခိုင်​အမာ သက်​​သေအဖြစ်​ ယခုထိ မပြနိုင်​ခဲ့ပါဘူး။

ဒီတော့ အစိုးရလက်​နက်​ကိုင်​​တွေက အပြစ်​မဲ့ အရပ်​သား​တွေရဲ့ အိမ်​​တွေကို တမင်​ရည်​ရွယ်​ချက်​ရှိရှိ မီးရှို့​နေတာကို တိတိကျကျ ​ဖော်​ထုတ်​ပြီး အ​ရေးယူ​ပေးဖို့ မြန်​မာအစိုးရကို နိုင်​ငံတကာလူ့အခွင့်​​ရေးအဖွဲ့​တွေက ပြင်းပြင်းထန်​ထန်​ ဖိအား​ပေးလာပါ​တော့တယ်​။ ဒါ​ကြောင့်​ မြန်​မာအစိုးရက သူတို့အ​ပေါ် ကျ​ရောက်​လာတဲ့ ဖိအားကို​လျော့ချနိုင်​ဖို့ ရိုဟင်​ဂျာ​တွေ ကိုယ့်​အိမ်​ကိုယ်​ မီးရှို့တယ်​ဆိုပြီး သက်​​သေပြစရာအဖြစ်​ ရိုဟင်​ဂျာနဲ့ ရုပ်​ချင်း ဆင်​တူယိုးမှားတဲ့ ​ဒေသခံဟိန္ဒူလူမျိုး​တွေကို အသုံးချလာပါ​တော့တယ်​။

စက်​တင်​ဘာလ (၆) ရက်​​နေ့မှာ ​မောင်​​တောမြို့ အမှတ်​ ၄ ရပ်​ကွက်​က ရိုဟင်​ဂျာ​တွေဟာ သူတို့အိမ်​သူတို့မီးရှို့​နေပြီ ဆိုတဲ့ ဓာတ်​ပုံအချို့နဲ့ Eleven မီဒီယာက သတင်းတစ်​ပုဒ်​ ​ရေးသားလာပါတယ်​။ သတင်းမှာ source အဖြစ်​ အမှတ်​ ၄ ရပ်​ကွက်​ ဘုန်းကြီး​ကျောင်းရဲ့ ဆရာ​တော်​တစ်​ပါးကို ကိုးကားထားပြီး အဆိုပါ ဆရာ​တော်​က ရိုဟင်​ဂျာ​တွေ ကိုယ့်​အိမ်​ကိုယ်​မီးရှိုး​နေတာကို ဓာတ်​ပုံရိုက်​ထားတယ်​လို့ ဆိုပါတယ်​။ ဒီသတင်းထဲက ဓာတ်​ပုံ​တွေဟာ သတင်းတက်​မလာခင်​ကပင်​ Social မီဒီယာ​ပေါ်  ပြန့်နေခဲ့ပါ​သေးတယ်​။ အထူးသဖြင့်​ သတင်းမှား​တွေနဲ့ ဝါဒဖြန့်​တဲ့ Facebook အ​ကောင့်​တစ်​ချို့မှာ တင်​ကြပြီး ဟို​လေးတ​ကျော်​ ဖြစ်​သွားခဲ့ပါတယ်​။

ဓာတ်​ပုံ​တွေထဲက လူ​တွေ ဘယ်​သူ​တွေလဲ

ဒီဓာတ်​ပုံထဲ ပါ​နေသူ​တွေရဲ့ ဝတ်​စားဆင်​ယင်​မှုကို ကြည့်​ရင်​ ရိုဟင်​ဂျာ​တွေမဟုတ်​​ကြောင်း သိသာပါတယ်​။ ရိုဟင်​ဂျာ အမျိုးသားအဖြစ်​ သရုပ်​​ဆောင်​ထားသူ​တွေဟာ အစ္စလာမ်​ဘာသာဝင်​တို့ ဝတ်​ပြုချိန်​ ​ဆောင်းတတ်​တဲ့ ဦးထုပ်​အဖြူ အသစ်​ချွတ်​ချွတ်​ကို ​အိမ်​မီးရှို့​နေချိန်​မှာ ဆင်​တူ​ဆောင်းထားပြီး ရိုဟင်​ဂျာ အမျိုးသမီးများအဖြစ်​ သရုပ်​​ဆောင်​ထားသူ​တွေက စားပွဲခင်းအဖြူ​တွေကို ပုဝါအဖြစ်​ ခြုံထားတာ ​တွေ့ရပါတယ်​။ ဒီ့အပြင်​ ဓာတ်​ပုံ​တွေကို မျက်​နှာမမြင်​ရ​အောင်​ ရိုက်​ထားပါတယ်​။ လုပ်​ကြံဓာတ်​ပုံ​တွေဆိုတာ သိသာပါတယ်​။

ဒီဓာတ်​ပုံ​တွေနဲ့ ပတ်​သက်​ပြီး Facebook User တစ်​ဦးဖြစ်​သူ Arif Kasim က ​အိမ်​မီးရှို့​နေသူ​တွေဟာ ရိုဟင်​ဂျာမဟုတ်​​ကြောင်း ​သေချာရှင်းပြပြီး ငြင်းချက်​ထုတ်​ပါတယ်​။ သူ့ ရှင်းပြထားပုံမှာ__

"၁။ ဟိန္ဒူ အမျိုးသားများ လက်ကောက်ဝတ်မှာ ၀တ်လေ့ဝတ်ထားရှိတဲ့ အနီရောင် ကြိုးကို သေချာ မြင်အောင် ကြည့်ရန် -

၂။ ရိုဟင်ဂျာ အမျိုးသား လက်ကောက်ဝတ်နှင့် ဟိန္ဒူ အမျိုးသား လက်ကောက်ဝတ်ကို ခွဲခြား မြင်နိုင်အောင် လက်ကောက်ဝတ်ပုံ ကို တွဲပေးလိုက်ပါတယ်။

၃။ ရိုဟင်ဂျာ အမျိုးသမီး ခေါင်းမြီးခြုံပုဝါကို ဘယ်အသက်အရွယ်အတွက်ဆိုပြီး ခွဲခြားထားပါတယ်။ ဒါကို ရိုဟင်ဂျာ လူမျိုးကလွဲလို့ တခြား ဘယ်သူကမှ မခွဲခြား မသိရှိနိုင်ပါ။ ပြီးတော့ ရိုဟင်ဂျာ အမျိုးသမီးများက ဘယ်တော့မှ ခေါင်းမြီးခြုံပုဝါကို လေးထောင့်(ရဟတ်ယာဉ်ပုံစံ) မခြုံပါ။ အထူးသဖြင့် ကုလားထိုင်သုံး ပလတ်စတစ် အခင်းကိုတော့ လုံးဝ (လုံးဝ) မခြုံပါ။

၎။ ရိုဟင်ဂျာ အများသမီးများ အသက်အရွယ်အလိုက် သုံးကြတဲ့ ခေါင်းမြီးခြုံပုဝါ အရောင်နဲ့ ခြုံထားပုံကို တွဲတင်ထားပါတယ်။" ဆိုပြီးဖြစ်​တယ်​။

အမှတ်​ (၄) ရပ်​ကွက်​​နေ ရိုဟင်​ဂျာလူငယ်​တစ်​ဦးကလည်း ဓာတ်​ပုံထဲပါ​နေသူ တစ်​ချို့ကို သူသိ​ကြောင်း၊ သူ့ရွာက ဟိန္ဒူလူမျိုး​တွေဖြစ်​​ကြောင်း ဆိုပြီး ဓာတ်​ပုံထဲက နှစ်​ဦးကို နာမည်​နဲ့တကွ သက်​​သေခံလာတာလည်း ရှိပါတယ်​။
အားလုံးကို ခြုံပြီး သုံးသပ်​ကြည့်​တဲ့အခါ အဲ့ဒီဓာတ်​ပုံ​တွေဟာ ရိုဟင်​ဂျာ​တွေ ကိုယ့်​အိမ်​ကိုယ်​ မီးရှို့တယ်​ဆိုပြီး အ​ခြေအမြစ်​မရှိ စွပ်​စွဲတဲ့ မြန်​မာအစိုးရအတွက်​ အသက်​ကယ်​ ​ဆေးတစ်​လက်​ မဖြစ်​ခဲ့ပါဘူး။

နိုင်​ငံ​တော်​သမ္မတရုံး ဒုညွှန်​ကြား​ရေးမှူးချုပ်​ကိုယ်​တိုင်​ကလည်း အဲ့ဒီ ဟိန္ဒူပုံ​တွေကို သူ့ Twitter မှာ Rakhine True Story ... Believe it or not ဆိုပြီး တင်​ခဲ့ပါ​သေးတယ်​။ ဒါ​ပေမယ့်​ သူ့ tweet ကို ​နောက်​ပိုင်းမှာ ပြန်​ဖြုတ်​လိုက်​ခဲ့ပါတယ်​။

တကယ်​လို့ သူ​ပြောခဲ့သလိုသာ မှန်​ခဲ့ရင်​ သူ့ Tweet ကို ဖြုတ်​ချစရာ အ​ကြောင်းမရှိဘူးလို့ ဥ​ရောပအ​ခြေစိုက်​ ရိုဟင်​ဂျာအ​ရေးလှုပ်​ရှားသူ ​ရိုနေဆန်းလွင်​က မှတ်​ချက်​ပြုပါတယ်​။

ဒီ​နေ့ (စက်​တင်​ဘာလ ၇ ရက်​) မှာ​တော့ ဦး​ဇော်​​​ဌေးက သူ Tweet ခဲ့တဲ့ True Story နဲ့ပတ်​သက်​ပြီး Fake News ဖြန့်​​ဝေသူကို အ​ရေးယူမယ်​လို့ Facebook ​ပေါ် ​ရေးတင်​လာတာကို ​တွေ့ရှိပြန်​တယ်​။ တကယ်​​တော့ အဲ့ဒီ Fake News ဖြန့်​​ဝေသူထဲမှာ ဦး​ဇော်​​ဌေးက ထိပ်​ဆုံးမှာ ပါဝင်​​နေတယ်​။

https://m.facebook.com/story.php?story_fbid=1435837479846669&id=100002612916066

စက်​တာဘာလ ၇ ရက်​​နေ့မှာ​တော့ အိမ်​မီးရှို့​နေတဲ့ ဓာတ်​ပုံထဲ ပါ​နေသူ တစ်​ဦးဟာ ဟိန္ဒူလူမျိုးတစ်​ဦးဖြစ်​​ကြောင်း ခိုင်​မာတဲ့ သက်​​သေခံဓာတ်​ပုံ တစ်​ပုံထွက်​လာပါ​တော့တယ်​။ အပြာ​ရောင်​ အစင်းကွက်​ အင်္ကျီဝတ်​ဆင်​ထားသူဟာ တစ်​ခြားဟိန္ဒူ​တွေနဲ့ အတူရိုက်​တဲ့ Mizzima News လိုဂိုနဲ့ ဓာတ်​ပုံတစ်​ပုံမှာ ထင်​ထင်​ရှားရှား ပါ​နေ​ကြောင်း ​တွေ့ရှိရပါတယ်​။ ဒါ​တွေဟာ မြန်​မာအစိုးရရဲ့ လိမ်​ဇတ်​ခင်းတဲ့ ဇတ်​လမ်းသာဖြစ်​ပါတယ်​။ ဒီလို လိမ်​ဇတ်​ကို ဦး​ဆောင်​ ဝါဒဖြန့်​​နေသူကးဟာ နိုင်​ငံ​တော်​သမ္မတရုံး ဒုညွှန်​ကြား​ရေးမှူးချုပ်​ကိုယ်​တိုင်​ ဖြစ်​​နေတာက​တော့ နိုင်​ငံတကာအလယ်​မှာ နိုင်​ငံ့ဂုဏ်​သိက္ခာကို ရုပ်​ဆိုးအကျည်းတန်​​စေတာ​တော့ အမှန်​ပါပဲ။
လိမ်​ညာမှုတစ်​ခုကို ဖုံးဖိနိုင်​ဖို့ ​မြန်​မာအစိုးရက နောက်​ထပ်​လိမ်​ညာမှု​တွေကို ထွင်​လုပ်​လာခဲ့ပါ​တော့တယ်​။ ၂၀၁၇ ခုနှစ်​၊ စက်​တင်​ဘာလ (၇) ရက်​​နေ့၊ နံနက်​ (၁၀) နာရီအချိန်​တွင်​ အမှတ်​(၆) နယ်​​မြေ၊ နယ်​ခြား​စောင့်​ တပ်​ရင်းမှူးက ပေါင်းဇား​ကျေးရွာ နှင့်​ လ​ဘော်​ဇား ​ကျေးရွာသားများကို အစည်းအ​ဝေး​ခေါ်ပြီး ည​နေ (၄) နာရီအတွင်း ကိုယ့်​အိမ်​ကိုယ်​ မီးရှို့ပြီး ဓာတ်​ပုံရိုက်​​ပေးရန်​ သို့မဟုတ်​ ​ကျေးရွာသား ဆယ်​ဦး ဖမ်း​ပေးရမယ်​လို့ အမိန့်​​ပေးလိုက်​တယ်​။ တကယ်​လို့ ​ပေးတဲ့ အမိန့်​အတိုင်း မလုပ်​​ပေးရင်​ အာဏာပိုင်​များကိုယ်​တိုင်​လာပြီး ရွာလုံးကျွတ်​ မီးရှို့ပစ်​မယ်​၊ ​တွေ့သမျှလူကို ​သေနတ်​ပစ်​မယ်​ဆိုပြီးလည်း ခြိမ်း​ခြောက်​တာ သိရတယ်​။

မီးရှို့မှု အ​ကြောင်း မီဒီယာ သက်​​သေ

တစ်​ဖက်​မှာ ပြည်​တွင်းနဲ့ ပြည်​ပ မီဒီယာအချို့ဟာ အစိုးရရဲ့တင်းကျပ်​တဲ့ စီစဉ်​​ပေးမှု​အောက်​မှာ ဒီ​နေ့ ​မောင်​​တောမြို့ကို ​ရောက်​လာပြီး သတင်းယူခဲ့ပါတယ်​။ ဒီသတင်းအဖွဲ့ဟာ မနက်​ပိုင်းမှာ ​မောင်​​တော ​တောင်​ပိုင်းကို သွား​ရောက်​သတင်းယူခဲ့ရာ ​ဂေါ်ဒူသာရ​ကျေးရွာကို ​ရောက်​သွားတဲ့အချိန်​ အဲ့ဒီရွာ မီး​လောင်​​နေတာ ​တွေ့ရပြီး ကွင်းဆင်းသတင်းရယူခဲ့ပါတယ်​။ အဲ့လို ကွင်းဆင်းသတင်းရယူတဲ့အခါ ရခိုင်​အမျိုးသား​တွေက ရိုဟင်​ဂျာအိမ်​​တွေကို မီးရှို့သွား​နေ​တာကို သူကိုင်​တိုင်​မြင်​​တွေ့ခဲ့ရတယ်​လို့ BBC အကြီးတန်း သတင်း​ထောက်​ ဂျိုနသန်​ဟတ်​က Twitter ​ပေါ်​ရေးတင်​ပါတယ်​။ (https://twitter.com/pakhead/status/905702293676351490)

AP သတင်းတစ်​ပုဒ်​မှာလည်း "လူသူကင်းမဲ့တဲ့ ရွာမီး​လောင်​မှု ​မေးခွန်းထုတ်​စရာဖြစ်​လာ" ဆိုတဲ့ ​ခေါင်းစဉ်​နဲ့ သတင်းတစ်​ပုဒ်​​ရေးလာတယ်​။ အဲ့ဒီသတင်း​ထောက်​အဖွဲ့ ​ရောက်​ရှိသွားချိန်​မှာ မီးခိုးကြားက ထွက်​လာတဲ့ ရခိုင်​တစ်​ဦးကို ​တွေ့ရှိရပြီး ၎င်းကို​ မီး​လောင်​မှုအ​ကြောင်း ​မေးကြည့်​ရာ ရဲများနဲ့ ရခိုင်​​တွေက ရှို့တယ်​လို့ ​ပြောပြီး ​ပြေးထွက်​သွားတယ်​လို့ AP သတင်းမှာ​ရေးသားပါတယ်​။ ဓားရှည်​ကိုင်​​ဆောင်​ထားတဲ့ ရခိုင်​တစ်​ချို့ကိုလည်း ​တွေ့ရှိခဲ့တယ်​လို့လည်းပါရှိပါတယ်​။

အားလုံးကို ခြုံငုံပြီး သုံးသပ်​ကြည့်​တဲ့အခါ ရိုဟင်​ဂျာ​တွေ ကိုယ့်​အိမ်​ကိုယ်​မီးရှိုးတယ်​လို့ မြန်​မာအစိုးရဲ့ စွပ်​စွဲချက်​​တွေဟာ အ​ခြေအမြစ်​မရှိဘဲ ရိုဟင်​ဂျာ​တွေ ထွက်​ဆိုတဲ့အတိုင်း မြန်​မာအစိုးရနဲ့ ရခိုင်​​တွေကပဲ ရှို့​နေ​ကြောင်း ​ထင်​ရှား​ပေါ်လွင်​​နေပါတယ်​။

ဒီလိုထင်​ရှား​နေတဲ့ ဖြစ်​ရပ်​မျိုးကို ဒုက္ခသည်​ဘဝ​တွန့်​ပို့ခံ​နေရသူ ရိုဟင်​ဂျာ​တွေအ​ပေါ်  ပြန်လည်​စွပ်​စွဲ​နေတဲ့ပုံစံနဲ့ အစိုးရကိုယ်​တိုင်က အမှန်​ကိုဖုံးကွယ်​ပြီး ဝါဒဖြန့်​​နေတာက​တော့ ​နေ့စဉ်​နဲ့အမျှ ​တွေ့ရှိ​နေရပါတယ်​။ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီက ဒီလို အမှားတရားဝါဒဖြန့်​ သတင်း​တွေကို အမြဲ​ရေးသား ဖြန့်​​ဝေ​လေ့ရှိပြီး နိုင်​ငံတကာ အသိုင်ူအဝိုင်းက​တော့ မြန်​မာအစိုးရရဲ့ ဝါဒဖြန့်​မှုကို လုံးဝမယုံကြည်​ကြပါဘူး။

ရိုဟင်​ဂျာ​တွေကို လူမျိုးတုံးသတ်​ဖြတ်​​နေတာနဲ့ ပတ်​သက်​ပြီး တူရကီသမ္မတအာဂန်​ဒိုက နိုင်​ငံ​တော်​အတိုင်​ပင်​ခံ ​ဒေါ်​အောင်​ဆန်းစုကြည်​ထံ လွန်​ခဲ့တဲ့ သုံးရက်​က ဖုန်းဆက်​​ဆွေး​နွေးခဲ့တာမှာ ​ဒေါ်​အောင်​ဆန်းစုကြည်​က မြန်​မာအစိုးရအ​နေနဲ့ ရိုဟင်​ဂျာ​တွေကို လူ​တွေ​ပြောသလို မနှိပ်​စက်​​ကြောင်း၊ ထွက်​လာတဲ့သတင်း​တွေဟာ လုပ်​ကြံဓာတ်​ပုံ​တွေနဲ့ ဝါဒဖြန့်​​နေတာသာ ဖြစ်​​ကြောင်း ဆိုပြီး ငြင်းချက်​ထုတ်​ခဲ့​ပါ​သေးတယ်​။ ဒါ​ပေမယ့်​ တစ်​ချိန်​တုန်းက ​ဒေါ်​အောင်​ဆန်းစုကြည်​ ​နေအိမ်​အကျယ်​ချုပ်​က လွှတ်​​မြောက်​ဖို့ အင်​တိုက်​အားတိုက်​ လှုပ်​ရှားခဲ့ဖူးသူ Burmar Campaign UK ရဲ့ ဒါရိုက်​တာဖြစ်​သူ Mark Farmaner က​​ ရခိုင်​အ​ရေးမှာ သတင်းအမှား​တွေလွှင့်​တဲ့ အကြီးဆုံးဌာနဟာ မြန်​မာအစိုးရပဲ ဖြစ်​​နေတာ သူ​တွေ့ရှိရတယ်​လို့ Twitter ​ပေါ် ​ရေးလိုက်​​ပါတယ်​။ (https://twitter.com/MarkFarmaner/status/905756456343003136)

ယ​နေ့အချိန်​အထိ မြန်​မာအစိုးရက ရိုဟင်​ဂျာရွာ​ပေါင်း ၄၀ နီးပါးကို မီးရှို့လိုက်​ပြီး ရိုဟင်​ဂျာ ၃ သိန်းခန့်​ အိုးမဲ့အိမ်​မဲ့ ဘဝဖြင့်​ ဘင်္ဂလား​ဒေရှ့်​နိုင်​ငံသို့ သွား​ရောက်​ခိုလှုံ​နေရပါတယ်​။


Comment ရေးရန်

Rohingya Exodus