နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ဘဇာမှ ရခိုင်အစွန်းရောက်များက ရိုဟင်ဂျာများ၏ ကျွဲ၊ နွား အကောင် ၂၀၀ ခန့် လုယက်၊ ဆန်စက်မီးရှို့


MYARF
RB News
5.9.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇာနယ်မြေရှိ ရိုဟင်ဂျာကျေးရွာ အများစုကို မြန်မာစစ်သားများနှင့် နယ်ခြားစောင့်ရဲများက မီးရှို့ခဲ့သဖြင့် ဒေသခံရိုဟင်ဂျာများ အားလုံးနီးပါး ရွာများမှထွက်ပြေး သွားခဲ့ရသည်။

ငါးရန့်ချောင်းကျေးရွာအုပ်စု မောင်နှမရွာတွင် အိမ်ထောင်စု ၂၀ ခန့်သည် ၎င်းတို့၏ နေအိမ်များတွင် နေထိုင်လျက်ရှိပြီး ရက်စက်စွာ သတ်ဖြတ်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေးသွားသည့် ရွာသားများ၏ ကျွဲ၊ နွား အကောင် ၂၀၀ ခန့်ကို တာဝန်ယူ၍ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

စက်တင်ဘာလ (၄) ရက်နေ့ ညနေပိုင်းတွင် တောင်ဘဇာ ရခိုင်ရွာမှ ရခိုင်အစွန်းရောက် ၅၀ ဦးခန့်က တုတ်၊ ဓါးများ ကိုင်ဆောင်၍ ငါးရန့်ချောင်း၊ မောင်နှမရွာသို့ ရောက်ရှိလာပြီး ကျန်နေခဲ့သည့် ရွာသားများကို ခြိမ်းခြောက်၍ ကျွဲ၊ နွားများကို လုယက်ယူဆောင်သွားသည့် အပြင် ယင်းရွာမှ ဦးဟာမိတ် ပိုင်သည့် ဆန်စက်ကို မီးရှို့ဖျက်ဆီး သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။




Comment ရေးရန်

Rohingya Exodus