နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြောက်ပိုင်း ဒိုးတန်း လမ်ဘာဂူနားမှ ရိုဟင်ဂျာ (၄) ဦးကို စစ်သားများနှင့် ရခိုင်အစွန်းရောက်များက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

RB News
10.9.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်းကျေးရွာအုပ်စု လမ်ဘာဂူနား ကျေးရွာသို့ စက်တင်ဘာလ (၆) ရက်နေ့တွင် မြန်မာစစ်တပ်မှ စစ်သားများ၊ နယ်ခြားစောင့်ရဲများနှင့် ရခိုင်အစွန်းရောက်များ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

ထိုသို့ မီးရှို့နေစဉ် ရိုဟင်ဂျာရွာသား (၄) ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
ဓါတ်ပုံများတွင် မြင်တွေ့ရသည့် အလောင်းမှ အီနုစ် (ဘ) ဦးနူရ်အာလာမ် (အသက် ၁၈ နှစ်) ၏ အလောင်းဖြစ်ပြီး ကျန်သည့် (၃) ဦးကို ပြာဖြစ်သွားသည့်အထိ မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အရှင်လတ်လတ် မီးရှို့သတ်ခံရသူများမှာ --

(၁) ဦးဟာဘီဘုလ္လာ (ဘ) ဦးအာမီးန်ရှရီးဖ် (အသက် ၅၇ နှစ်)
(၂) ဦးအာဘူလ်ကာဆိမ်း (ဘ) ဦးရှဖီအုလ္လာဟ် (အသက် ၂၀ နှစ်)
(၃) နူရ်ဟာမိတ် (ဘ) ဦးဒိလ်မာမတ် (အသက် ၁၈ နှစ်)
(၄) အီနုစ် (ဘ) ဦးနူရ်အာလာမ် (အသက် ၁၈ နှစ်) -- တို့ဖြစ်သည်။ 








Comment ရေးရန်

Rohingya Exodus