နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမှ ရိုဟင်ဂျာလူငယ်တစ်ဦး ငွေကျပ် ၃ သောင်း ညှစ်ခံရ

RB News
25.10.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာမှ ရိုဟင်ဂျာလူငယ် တစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ အောက်တိုဘာလ (၂၅) ရက်နေ့ ၁၁ နာရီအချိန်တွင် မောင်တောမြို့နယ် ရွှေဇားကျေးရွာမှ မုစ်တာဖာကာမာလ် (ဘ) ဦးဟာဆန် (အသက် ၁၈ နှစ်) သည် ဈေးဝယ်ရန် အတွက် ရွှေဇားတံတားကို ဖြတ်သန်းသွားနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

၎င်းအား နာရီဝက်အကြာခန့် ထိန်းသိမ်းထားခဲ့ပြီး ငွေကျပ် ၃ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ရဲတပ်ဖွဲ့ဝင်များက ၎င်းအား နောက်နောင် NVC ကဒ်မပါဘဲ မလာရန်၊ လာရောက်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

ရွှေဇားတံတားကို သြဂုတ်လ (၂၅) ရက်နေ့မှ စ၍ ပိတ်ထားခဲ့ပြီး လွန်ခဲ့သော ၃ ရက်ခန့်မှစ၍ ကားများဖြင့် ဒေသခံအချို့ ဖြတ်သန်းသွားလာကြောင်း ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus