နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မိကျောင်းဈေးရွာမှ ဒေသခံများကို စစ်သားများက မီးရှို့သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်း အတင်းအဓမ္မ လက်မှတ်ထိုးခိုင်း

RB News
23.10.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးရွာမှ ဒေသခံရိုဟင်ဂျာများကို တပ်ရင်း ၅၅၂ သို့ခေါ်ဆောင်သွားပြီး အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

အောက်တိုဘာလ (၂၂) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စု အမှတ် (၅) ရပ်ကွက်မှ ဦးဟာဘီစ်ရာမာန် အပါအ၀င် ဒေသခံရိုဟင်ဂျာ (၁၀) ဦးကို အာဏာပိုင်များက တပ်ရင်း (၅၅၂) သို့ခေါ်ဆောင်သွားပြီး စစ်သားများက ရွာများကို မီးရှို့ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပစ္စည်းများ လုယက်သွားခြင်း မရှိခဲ့ကြောင်း၊ ARSA အဖွဲ့ကသာ ပြုလုပ်ခဲ့ခြင်းကို ရွာသားများက တွေ့ရှိခဲ့သည်ဟု အတင်းအဓမ္မ လက်မှတ်ထိုးခိုင်း၍ ဗီဒီယို ရိုက်ကူးမှတ်တမ်းယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ယခုကဲ့သို့ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းမှုများကို အခြားကျေးရွာများတွင်လည်း ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ 



Comment ရေးရန်

Rohingya Exodus