နောက်ဆုံးသတင်း/ဆောင်းပါးများ

NVC အတင်းအဓမ္မ ထုတ်ပေးနေခြင်းကြောင့် မောင်တောမှ ဒေသခံရိုဟင်ဂျာများ တဖက်နိုင်ငံသို့ ထွက်ပြေးလျက်ရှိ

Rohingya Eye
RB News
26.10.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုသို့ မြို့နယ် လ.၀.က အဖွဲ့နှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်းအဖွဲ့ လာရောက်၍ NVC အတင်းအဓမ္မ ထုတ်ပေးနေခြင်းကြောင့် ဒေသခံရိုဟင်ဂျာများ တဖက်နိုင်ငံသို့ ထွက်ပြေးလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ယနေ့ အောက်တိုဘာလ (၂၆) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ် လ.၀.က ဦးစီးမှူး ဦးအောင်ကျော်စိန် ဦးဆောင်သည့် လ.၀.က အဖွဲ့နှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု ဂူးနာရွာရှိ မူလတန်းကျောင်းသို့ ရောက်ရှိလာခဲ့သည်။ 

၎င်းတို့သည် လမ်းမှ ဖြတ်သန်းသွားသည့် ရိုဟင်ဂျာကလေးငယ် အသက် ၁၀ နှစ်အထက်များကို အတင်းအဓမ္မ ခေါ်၍ NVC ထုတ်ပေးခဲ့ကြောင်း၊ အောက်တိုဘာလ (၁၂) ရက်နေ့မှစ၍ ယင်းကျေးရွာတွင် အဆိုပါ အဖွဲ့က NVC ကဒ်များ လာရောက် ထုတ်ပေးခဲ့သော်လည်း ယနေ့ ထုတ်ပေးသည့် ပုံစံသည် အလွန်ကြမ်းတမ်းကြေငာ်း၊ ယခုကဲ့သို့ လုပ်ရပ်ကြောင့် ဒေသခံများက ကြောက်ရွံလာပြီး ထွက်ပြေးလျက် ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဒေသခံတစ်ဦးက “သူတို့ရဲ့ လုပ်ရပ်ကြောင့် ရွာသားအချို့  တဖက်နိုင်ငံကို ထွက်ပြေးနေတယ်။ လူတွေက အသွားအလာလည်း လုပ်လို့မရဘူး။ အလုပ်အကိုင်လည်း မရှိကြဘူး။ စိတ်ပျက်ပြီး အိုးအိမ် စွန့်ခွာပြီး သွားနေကြတာကို အတော်လေး စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့နေရတယ်” ဟု ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus