နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်အုပ်စုတစ်စုက ရိုဟင်ဂျာတစ်ဦးကို လှေဖြင့် တစ်ဖက်ကမ်းသို့ ပို့ပေးရန် အကူအညီတောင်းပြီး တစ်ဖက်ကမ်းသို့ ရောက်သည်နှင့် ဓါးဖြင့်ခုတ်

RB News
25.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကွန်တိုင်ရွာမှ ဒေသခံရိုဟင်ဂျာတစ်ဦးကို ရခိုင်အုပ်စုတစ်စုက တစ်ဖက်ကမ်းသို့ လှေဖြင့် လိုက်ပို့ရန် အကူအညီတောင်းပြီး တစ်ဖက်ကမ်းသို့ ရောက်သည်နဲ့ ဓါးဖြင့်ခုတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၂၄) ရက်နေ့က ဘူးသီးတောင်မြို့နယ် သိမ်တောင်ရွာ၏ အောက်ဘက်တွင် မြစ်ထဲတွင် ငါးရှာနေသည့် ကွန်တိုင်ရွာသား ကော်ဘိရ်အာမတ် (ဘ) ဦးအဒူရော်ဟိမ်း (အသက် ၂၇ နှစ်) ရခိုင်အုပ်စုတစ်စုက မြစ်၏ တစ်ဖက်ကမ်းသို့ လှေဖြင့် ပို့ဆောင်ပေးရန် အကူအညီတောင်းခံခဲ့သည်။ 

ရခိုင်အုပ်စုတွင် (၇) ဦးပါဝင်ပြီး၊ ဓါးရှည်လည်း ပါရှိသဖြင့် ကော်ဘိရ်အာမတ်က ကြောက်ရွှံ၍ တစ်ဖက်ကမ်းသို့ လှေဖြင့် ပို့ဆောင်ပေးခဲ့သည်။ တစ်ဖက်ကမ်းသို့ ရောက်သည်နှင့် ၎င်း၏ လည်ပင်းကို ဓါးရှည်ဖြင့် လှမ်းခုတ်ရာ အမြန်ရှောင်လိုက်သဖြင့် လည်ပင်းကို မထိပဲ လက်မောင်းရင်းကို ဓါးခုတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ ထို့နောက် ၎င်းသည် လှေပေါ်မှ မြစ်ထဲသို့ ခုန်ချ၍ အော်ဟစ်၍ အကူအညီတောင်းခံရာ အနီးအနားမှ ရွာသားများ ထွက်လာသည့် အခါ ၎င်းအား ဓါးဖြင့် ခုတ်သည့် ရခိုင်အုပ်စု ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။ 



Comment ရေးရန်

Rohingya Exodus