နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆွဲ၊တင်၊စစ် တွင် မွေးတိုးအတွက် ပေးရသည့် ငွေကြေးပမာဏများသောကြောင့် မရှိဆင်းရဲသားများ၏ ကလေးများ အမည်မည်းစာရင်း သွင်းခံရမည်ကို စိုးရိမ်နေ

MYARF
RB News
8.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် ဆွဲ၊တင်၊စစ် စစ်ဆေးလျက်ရှိရာ မွေးတိုး ကလေးများ စာရင်းသွင်းရန် ငွေကြေး ကုန်ကျမှုများသောကြောင့် မရှိဆင်းရဲသားများ၏ ကလေးများ အမည်မည်းစာရင်း သွင်းခံရမည်ကို စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဇန်န၀ါရီလ (၆) ရက်နေ့မှစ၍ မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက် (ရွာသစ်ကေ ရပ်ကွက်) အရှေ့အုပ်စုတွင် ဆွဲ၊တင်၊စစ် စစ်ဆေးလျက်ရှိရာ မွေးတိုးတစ်ဦး အတွက် ပုံမှန်အတိုင်းဟု ဆိုကာ ငွေကျပ် တစ်သောင်းတစ်ထောင်စီ ကောက်ခံလျက် ရှိပြီး၊ လွန်ခဲ့သည့်နှစ်က ဆွဲ၊တင်၊စစ် တွင် မွေးတိုးစာရင်း မတင်ခဲ့သည့် ကလေးများကို နှစ်ကျော်လွန်သည်ဟု ဆိုကာ ငွေကျပ် သုံးသောင်းငါးထောင်မှ ငါးသောင်း အထိ ကောက်ခံလျက် ရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

လွန်ခဲ့သည့်နှစ်က မွေးတိုးစာရင်း မတင်ရသေးသည့် ကလေးများ အတွက် ကောက်ခံသည့် ငွေကြေးပမာဏ များပြားသောကြောင့် ငွေကြေးမတတ်နိုင်သည့် ဆင်းရဲသားများ၏ ကလေးများကို စာရင်းတွင် မထည့်သွင်းနိုင်လျှင် အမည်မည်းစာရင်း သွင်းခံရမည်ဖြစ်ပြီး အဆိုပါ ကလေးများ၏ ပညာသင်ကြားခွင့်နှင့် အခြား ကိစ္စရပ်များ အားလုံး ပိတ်ပင်ခံရမည်ကို မိဘများက အထူးစိုးရိမ်နေကြကြောင်း အဆိုပါ ဒေသခံကပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus