နောက်ဆုံးသတင်း/ဆောင်းပါးများ

ဂျပန်နိုင်ငံရေး ၀န်ကြီးဌာနသို့ BRAJ အဖွဲ့ သွားရောက်၍ ရိုဟင်ဂျာများ၏ အခြေအနေ တင်ပြ



RB News
5.1.2018

တိုကျို၊ ဂျပန် ။ ။ မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်) BRAJ အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးသို့ သွားရောက်၍ လက်ရှိ ရိုဟင်ဂျာများ၏ အခြေအနေများကို တင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

BRAJ အဖွဲ့မှ ဥက္ကဌ ဦးဟာရုံရော်ရှိတ်နှင့် ဒု-ဥက္ကဌ ဦးမိုဟာမတ်ယာစီးန် တို့သည် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးသို့ သွားရောက်၍ အရှေ့တောင်အာရှ ရေးရာ အရာရှိ Mr Kota Watanabe လူ့အခွင့်အရေးဌာနမှ အရာရှိ Mrs Chizuru Yamamoto တို့နှင့် တွေ့ဆုံ၍ မြန်မာစစ်တပ်မှ ရိုဟင်ဂျာများကို အကြမ်းဖက် သတ်ဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးအောင် ပြုလုပ်ခဲ့ခြင်းများ၊ နေအိမ်များ မီးရှို့ အကြမ်းဖက်ခြင်းများ၊ မုဒိမ်းကျင့် ခြင်းများနှင့် လက်ရှိ ပြည်တွင်းတွင် ကျန်ရှိနေသူများကို NVC ကဒ်ပြားများ အတင်းအဓမ္မ ယူခိုင်းနေခြင်းများ၊ အစာရေစာ ငတ်ပြတ်အောင် ထားရှိပြီး တဖက်နိုင်ငံသို့ ထွက်ပြေးအောင် ဖန်တီးနေမှုများကို တင်ပြခဲ့သည်။

ဂျပန်နိုင်ငံခြားရေး ၀န်ကြီးသည် ယခု ဇန်န၀ါရီလ အလယ်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ ရိုဟင်ဂျာအရေးလည်း ဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။

BRAJ အဖွဲ့က လက်ရှိ အခြေအနေသည် တဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားသော ရိုဟင်ဂျာများ ပြန်လည် လာရောက်နိုင်မည့် အခြေအနေ မဟုတ်ကြောင်း၊ ရိုဟင်ဂျာများကို ဂုဏ်သိက္ခာရှိစွာ၊ လုံခြုံစွာဖြင့် ပြန်လည် လာရောက်နိုင်ရန် အတွက် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံ သွားသည့်အခါ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် ပြန်ကြားခဲ့သည်။

မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) ၏ ပန်ကြားစာ တစ်စောင်ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus