နောက်ဆုံးသတင်း/ဆောင်းပါးများ

NVC သည် ရိုဟင်ဂျာများ အတွက် မဟုတ်ဟု ပြောဆိုသူတစ်ဦးကို ငွေညှစ်၍ ထောင်ဒဏ် ၄ နှစ် ၄ လ ချမှတ်

MYARF
RB News
15.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုမှ NVC သည် ရိုဟင်ဂျာများ အတွက်ဟု ပြောဆိုသူ တစ်ဦးကို နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များက ငွေညှစ်ယူသည့် အပြင် တရားစွဲဆို၍ ထောင်ဒဏ် ၄ နှစ် ၄ လ ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

၂၀၁၇ ခုနှစ် အောက်တိုဘာလ တတိယပတ်တွင် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု ဂုံးနားရွာမှ ဆရာ ဦးဘော်ရှော်ရ်၏ သားဖြစ်သူ ဖူတူချေ (မြို့မစည်ပင်သာယာဈေးတွင် အိုးခွက် ပန်းကန် ဆိုင်ရောင်းသူ) က တစ်ရွာတည်းနေ NVC ရယူထားသည့် ဆိုက်ကားသမား တစ်ဦးကို ရိုဟင်ဂျာများသည် NVC လက်ခံရန် မလိုအပ်ကြောင်း၊ ယူထားလျှင်လည်း အသုံးမတည့်ကြောင်း၊ NVC သည် ရိုဟင်ဂျာများ အတွက် မဟုတ်ဟု ပြောဆိုခဲ့ရာ အဆိုပါ ဆိုက်ကားသမားက နယ်ခြားစောင့်ရဲများ၏ သတင်းပေး မောင်မောင်တင် ဆိုသူအား ဖူတူချေက ၎င်းအား ပြောသည်များကို ပြန်လည် ပြောပြခဲ့သည်။ ထို့နောက် ယင်းကိစ္စကို ရွှေဇားတံတား ကင်းစခန်း တာဝန်ခံ ဒုရဲအုပ်က သိရှိသွားပြီး ဖူတူချေ ထံမှ ငွေညှစ်ခဲ့သည်။ 

သီတင်းတစ်ပတ်အကြာတွင် ရွှေဇားကျေးရွာအုပ်စုရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၄) ကညင်ချောင်းစခန်းမှ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များက ဖူတူချေ အား ခြိမ်းခြောက်၍ ထပ်မံခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။

“တစ်ပတ်အတွင်းမှာ ငွေနှစ်ကြိမ်ညှစ်ခံရတယ်။ ဒါပေမယ့် ငွေဘယ်လောက် ညှစ်ခံရလဲဆိုတာ အတိအကျ မသိဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၄) မှ ဖူတူချေ ကို ဆင့်ခေါ်၍ အမှုဖြေရှင်းပြီးပြီ ဖြစ်ကြောင်း၊ သို့သော်လည်း တရားရုံးသို့ သွားရောက်၍ လက်မှတ်ထိုးရန် လိုသည်ဟု လိမ်လည် လှည့်ဖြား၍ တရားရုံးသို့ ခေါ်ဆောင် သွားပြီး ထောင်ဒဏ် ၄ နှစ် ၄ လ ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။ 


Comment ရေးရန်

Rohingya Exodus