နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်​ဂျာ​တွေရဲ့​သွေးဟာ ဥ​ရောပသား​တွေရဲ့​သွေးထက်​​ တန်​ဖိုးမ​လျော့​ဘူး



RB News
24.2.2018

ရိုဟင်​ဂျာ​တွေအ​ပေါ် ဖြစ်​​ပျက်​နေတာ​တွေဟာ သိသာထင်​ရှားတဲ့ လူမျိုးသုဉ်း သုတ်​သင်​​ရေးသာ ဖြစ်​ပြီး၊ ရိုဟင်​ဂျာ​တွေရဲ့​သွေးဟာ ဥ​ရောပသား​တွေရဲ့​သွေး​​ထက်​ တန်​ဖိုးမ​လျော့ကြောင်း ဗြိတိန်​နိုင်​ငံဆိုင်​ရာ ဥ​ရောပပါလီမန်​ လွှတ်​​တော်​အမတ်​ ဝါဂျိဒ်​ခါန်​က ​ပြောကြားလိုက်​ပါတယ်​။

မြန်​မာနိုင်​ငံက​နေ ထွက်​​ပြေးလာပြီး ဘင်္ဂလား​ဒေရှ့်​နိုင်​ငံမှာ ခိုလှုံ​နေတဲ့ ရိုဟင်​ဂျာ ဒုက္ခသည်​​ဦး​ရေဟာ တစ်​သန်း​ကျော်​သွားပြီဖြစ်​​ကြောင်း ​ဘင်္ဂလား​ဒေရှ့်​နိုင်​ငံ၊ ​ကော့ဇ်​ဘာဇားခရိုင်​ရှိ ရိုဟင်​ဂျာ​ဒုက္ခသည်​စခန်း​တွေဆီ သွား​ရောက်​​လေ့လာခဲ့အပြီး Anadolu Agency သတင်းဌာနနဲ့ ​တွေ့ဆုံ​မေးမြန်းခန်းမှာ ဝါဂျိဒ်​ခါန်​က အခုလို ​ပြောကြားလိုက်​ခြင်း ဖြစ်​ပါတယ်​။

"မိခင်​​နဲ့ဖခင်​ နှစ်​ဦးစလုံး ဆုံးရှုံးခဲ့ရတဲ့ မိဘမဲ့ ရိုဟင်​ဂျာ က​လေးငယ်​​ ၂၇၀၀၀ ရှိတယ်​။ ကိုယ်​ဝန်​​ဆောင်​ အမျိုးသမီးဆိုရင်​လည်း ၆ ​သောင်းရှိတယ်​။ သူတို့ဟာ အဲ့ဒီ​နေရာမှာ ​အ​ခြေတကျ ​နေ​ထိုင်​ဖို့​ရောက်​လာကြတာ မဟုတ်​ဘူး။ အသက်​ရှင်​သန်​ခွင့်​ ရရုံမျှအတွက်​ ​ရောက်​ရှိလာကြ​တာဖြစ်​တယ်​။ ရိုဟင်​ဂျာ​တွေဟာ ညှဉ်းပန်းနှိပ်​စက်​မှု​တွေရဲ့ သား​ကောင်​ဖြစ်​​နေရတာကို မြင်​ရတဲ့အခါ ကမ္ဘာ့နိုင်​ငံသားတစ်​ဦးအ​နေနဲ့​ရော လူသားတစ်​ဦးအ​နေနဲ့​ရော ကျ​နော့်​ နှလုံးသားကို အက်​ကွဲ နာကျင်​​စေတယ်​​ဗျာ" လို့ ခါန်​က ဝမ်းနည်းစွာ ​ရင်​ဖွင့်​ပါတယ်​။

တူရကီနိုင်​ငံရဲ့ အကူအညီ​ပေး​ရေး အဖွဲ့​တွေဟာ ဒုက္ခသည်​​တွေရှိရာကို ​ရောက်​လာပြီး ပထမဆုံးအကူအညီ​ပေးတဲ့ အဖွဲ့​တွေဖြစ်​ပြီး အင်​မတန်​ တက်တက်ကြွကြွ ရှိတယ်လို့ ခါန်​က အသိအမှတ်​ပြု​ ​ပြောသွားပါတယ်​။

မြန်​မာအစိုးရရဲ့ကျူးလွန်​မှု​တွေဟာ သိသာထင်​ရှားတဲ့ လူမျိုးတုံးသတ်​ဖြတ်​မှုဖြစ်​​ကြောင်း ခါန်က ပြောကြားပါတယ်​။

"ကမ္ဘာ့ကုလသမဂ္ဂကလည်း ဒါဟာ ပြဌာန်း​စာအုပ်​မှာ ဥပမာ​ပေးနိုင်​တဲ့ လူမျိုးသုဉ်း သုတ်​သင်​မှုပါလို့ ​ပြောခဲ့တာပဲ။ နိုင်​ငံတစ်​ခုက သူ့နိုင်​ငံသား​တွေကို ဒီလိုမျိုး ဖိနှိပ်​​နေတာ​တွေမြင်​ရတာ တကယ်​​ တုန်​လှုပ်​စရာ​ကောင်းပါတယ်​" လို့ သူက​ပြောပါတယ်​။

ရိုဟင်​ဂျာမွတ်​စလင်​မ်​​တွေဟာ မြန်​မာနိုင်​ငံကနေ ထွက်ခွာနေတာ အချိန်​ကာလအားဖြင့်​ အလွန်​ကြာမြင့်​​နေပြီ ဖြစ်​​ကြောင်း၊ သူတို့ရဲ့ လူ့ဂုဏ်​သိက္ခာ​တွေ ဖျက်​ဆီးခံ​နေရတာကလည်း သူတို့ဟာ ​ဗုဒ္ဓဘာသာဝင်​​တွေ မဟုတ်​လို့သာ ဖြစ်​​ကြောင်း သူက စိတ်​ပျက်​စွာ​ပြောပြပါတယ်​။

"မြန်​မာ့နိုင်​ငံ​ရေးကို ဦး​ဆောင်​​နေတဲ့ ခေါင်း​ဆောင်​အဖြစ်​ ထင်​ရှားတဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ကို လူ့အခွင့်​အ​ရေးလှုပ်​ရှားသူနဲ့ လူ့အခွင့်​အ​ရေးကို ​ထောက်​ခံသူလို့ ဆိုခဲ့ကြ​ပေမယ့်​ ​"၁၉၉၅ ရဝမ်​ဒါ ဖြစ်​ရပ်​​ဆိုး" နောက်​ပိုင်းမှာ ဖြစ်​လာတဲ့ ကမ္ဘာ့အကြီးမားဆုံး လူသားကပ်​​ဘေးကို ဒေါ်​အောင်​ဆန်းစုကြည်​က မသိ​ယောင်​​ဆောင်​ လျစ်​လျူရှုထားပါတယ်​" လို့ ခါန်​က ပြစ်​တင်​လိုက်​ပါတယ်​။

တစ်​ဆက်​တည်းမှာ သူက "ရိုဟင်​ဂျာ​တွေရဲ့​သွေးဟာလည်း ဥ​ရောပသား​တွေရဲ့ ​သွေး​အောက်​ တန်​ဖိုးကျဆင်းမ​နေဘူး။ သူတို့တ​စ်​တွေမှာလည်း လူ့အခွင့်​အ​ရေး ခံစားပိုင်​ခွင့်​ရှိ​တယ်​။ သူတို့က အလှူ​ဒါန​တွေကို ​တောင်းဆို​နေတာမဟုတ်ဘဲ သူတို့ရဲ့ အခွင့်​အ​ရေးကိုသာ ​တောင်းဆို​နေတာဖြစ်​​တယ်​။ ကျ​နော်​တို့ နိုင်​ငံတကာ အသိုင်းအဝိုင်းကလည်း တစ်​သီးပုဂ္ဂလအ​နေနဲ့​ရော အဖွဲ့အစည်းအလိုက်​​အ​နေနဲ့ရော အားလုံးအတူတကွ ရပ်​တည်​ပြီး သူတို့အ​ပေါ် ဖိနှိပ်​​နေတာ​တွေကို ဆန့်​ကျင်​ရင်း သူတို့ကို​ထောက်​ခံသင့်​​ပါတယ်​" လို့ ခါန်​က ဖြည့်​စွက်​​ပြောကြားပါတယ်​။

၂၀၁၇ ဩဂုတ်​လ ၂၅ ရက်​​နေ့​ကစပြီး မြန်​မာအစိုးရလက်​နက်​ကိုင်​တပ်​​ဖွဲ့​တွေက လူနည်းစုမွတ်​စလင်​မ်​​တွေအ​ပေါ် နှိမ်​နှင်းမှုတစ်​ခုကို ပြုလုပ်​လာခဲ့တာ​ကြောင့်​ လူဦး​ရေ ၆၈၈၀၀၀ ထက်​များတဲ့ ဒုက္ခသည်​​တွေဟာ မြန်​မာနိုင်​ငံက​နေ ထွက်​​ပြေးထိန်း​ရှောင်​ခဲ့ရပြီး ဖြစ်​ပါတယ်​။ အဲ့ဒီထဲက အများစုဟာ က​လေးငယ်​နဲ့ အမျိုးသမီး​တွေပဲ ဖြစ်​​တယ်​လို့ ကုလသမဂ္ဂရဲ့ စာရင်းထုတ်​ပြန်​ချက်​အရ သိရပါတယ်​။

ရခိုင်​ပြည်​နယ်​မှာ၂၀၁၇ ဩဂုတ်​လ ၂၅ ရက်​​နေ့မှ စက်​တင်​ဘာလ ၂၄ ရက်​​နေ့အထိ ရိုဟင်​ဂျာ​ အနည်းဆုံး ၉၀၀၀ ဦး အသတ်​ခံခဲ့ရတယ်​လို့ နယ်​စည်းမခြား ဆရာဝန်​များအဖွဲ့ရဲ့ ထုတ်​ပြန်​ချက်မှာပါရှိပါတယ်​။

ကမ္ဘာလုံးဆိုင်​ရာ လူသားချင်း စာနာ​ထောက်​ထား​ရေးအဖွဲ့ရဲ့  ၂၀၁၇ ခုနှစ်​၊ ဒီဇင်​ဘာလ ၁၂ ရက်​​နေ့ ထုတ်​ပြန်​တဲ့ အစီရင်​ခံစာအရ အသတ်​ခံရသူများရဲ့ ၇၁.၇ ရာခိုင်​နှုန်း (လူ​ပေါင်း ၆၇၀၀ ဦး) ဟာ (မြန်​မာလက်​နက်​ကိုင်​တပ်​ဖွဲ့​တွေရဲ့) အကြမ်းဖက်​မှု​ကြောင့်​ အသတ်​ခံရတာ ဖြစ်​​ကြောင်း၊ အဲ့ဒီထဲမှာ ၅ နှစ်​​အောက်​ က​လေးသူငယ်​​ပေါင်း ၇၃၀ ဦး ပါဝင်​ကြောင်း ​ဖော်​ပြထားပါတယ်​။

ကမ္ဘာ့အဖိနှိပ်​ခံရဆုံး မျိုးနွယ်​စုလို့ ကုလသမဂ္ဂရဲ့ အသိအမှတ်​ပြုခြင်းခံရတဲ့ ရိုဟင်​ဂျာ​တွေဟာ ၂၀၁၂ ခုနှစ်​က လူဒါဇင်​​ပေါင်း အသတ်​ခံခဲ့ရတဲ့ လူမျိုး​ရေးဘာသာ​ရေးနွယ်​တဲ့ ပဋိပက္ခဖြစ်​ပွားပြီး​နောက်​ပိုင်း တိုက်​ခိုက်​မှုရဲ့ အမြင့်​ဆုံး​ကြောက်​ရွံ့မှုနဲ့ ရင်​ဆိုင်​လာ​နေရတာဖြစ်​ပါတယ်​။

မြန်​မာလက်​နက်​ကိုင်​အုပ်​စုက ကျူးလွန်​ခဲ့တဲ့ အုပ်​စုလိုက်​မုဒိမ်းကျင့်​မှု၊ နို့စို့က​လေးအပါအဝင်​ က​လေးသူငယ်​များစွာကို သတ်​ဖြတ်​မှု၊ လူမဆန်​စွာရိုက်​နှက်မှု၊ လူ​တွေ ပျောက်​ဆုံး​​သွားမှု ​တွေကို ကုလသမဂ္ဂအဖွဲ့အစည်းက စုံစမ်း​လေ့လာပြီး မှတ်​တမ်းတင်​ထားပါတယ်​။ စုံစမ်း​လေ့လာသူ​တွေက ရိုဟင်​ဂျာအ​ပေါ် ကျူးလွန်​ခဲ့တဲ့ အကြမ်းဖက်​မှု​တွေဟာ လူမျိုးသုဉ်း သုတ်​သင်​​ရေး​မြောက်​နိုင်​ပါတယ်​လို့ မှတ်​ချပြုခဲ့ပါတယ်​။

Anadolu Agency ရဲ့ "Rohingya blood not cheaper than European blood" ကို ယျာတင်​ (ရိုဟင်းသား) ဘာသာပြန်​ထားသည်​။

Comment ရေးရန်

Rohingya Exodus