နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော တောင်ပိုင်းတွင် မီးရှို့မခံရဘဲ ကျန်ရှိနေသည့် ရိုဟင်ဂျာ နေအိမ်များကို ဖျက်ဆီး၍ အစိတ်အပိုင်းများ သယ်ဆောင်သွားနေ

RB News
4.2.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တော်ပိုင်းမှာ မီးရှို့ခြင်းမခံဘဲ ကျန်ရှိနေသည့် နေအိမ်များကို ဒေသဆိုင်ရာ အာဏာပိုင်များက ဖျက်၍ အစိတ်အပိုင်းများ သယ်ဆောင် သွားနေကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း ဟာရှုရာသာ (အလယ်သံကျော်) ကျေးရွာအုပ်အုပ်စု၊ ဂေါ်ဇော်မ်ဒီယာ (အလယ်သံကျော် ကညင်တန်း) ကျေးရွာအုပ်စု၊ ဟောဂျဘိလ် (ကံပူး) ကျေးရွာအုပ်စု၊ ချိန်ခါလီ (အုန်းတော) ကျေးရွာအုပ်စု၊ ၀ါးချ ကျေးရွာအုပ်စုနှင့် သံဒါ ကျေးရွာအုပ်စု စသည့် ကျေးရွာများတွင် မီးရှို့မခံရဘဲ ကျန်ရှိနေသည့် ရိုဟင်ဂျာများ၏ နေအိမ်များကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရခိုင်ရွာသားများက ဖျက်ယူ၍ အစိတ်အပိုင်းများ အားလုံးကို ယူဆောင်သွားနေကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

"အခုလို ဖျက်ပြီး ယူသွားနေတာကို အထက်အမိန့်နဲ့ လုပ်နေတာလား ဒါမှမဟုတ်ဘူး အားလုံးပေါင်းပြီး ရောင်းစားနေတာလား ဆိုတာတော့ သေချာ သဲသဲကွဲကွဲ မသိဘူး။ လွန်ခဲ့တဲ့ လတွေတုန်းကလည်း အာဏာပိုင်တွေက ရိုဟင်ဂျာတွေရဲ့ ကျွဲ၊ နွား အပါအ၀င် အခြားပစ္စည်းတွေ အားလုံးကို ခိုးယူပြီး ရောင်းစားခဲ့တယ်” ဟု အဆိုပါ ဒေသခံကပြောသည်။ 

အိမ်များ ဖျက်ဆီး ယူဆောင်သွားနေခြင်းတွင် အဓိက ပါဝင်နေသူများမှာ --

(၁) အောင်ကျော်ဇင် (အထူးသတင်းတပ်ဖွဲ့ SB ရဲတပ်ကြပ်ကြီး)
(၂) ဆန်းဝင်း (အလယ်သံကျော် စ.ရ.ဖ)
(၃) ဇော်ထူး (အလယ်သံကျော် အုပ်ချုပ်ရေးမှူး)
(၄) မောင်မြင့် (အလယ်သံကျော် ကညင်တန်း အုပ်ချုပ်ရေးမှူး)  -- တို့ဖြစ်ကြသည်။ 

ဟာရှုရာသာ (အလယ်သံကျော်) ကျေးရွာအုပ်စု တစ်အုပ်စုမှ အိမ်ခြေ ၁၀၀ နီးပါး ဖျက်ဆီး၍ အစိတ်အပိုင်းများ သယ်ဆောင် သွားပြီး ဖြစ်သည်။ အခြားကျေးရွာအုပ်စုများတွင်လည်း အလားတူ လုပ်ဆောင်လျက် ရှိသည်။



Comment ရေးရန်

Rohingya Exodus