နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲကင်းရှိနေသည့် နေရာတွင် ဆိုင်ဖောက်ထွင်းခံနေရစဉ် အော်ဟစ် အကူအညီတောင်းသော်လည်း အကူအညီမရ

Rohingya Eye
RB News
23.2.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ပေါ်တွင် ဆိုင်ဖောက်ထွင်းခံနေရသည့် အချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အော်ဟစ် အကူအညီတောင်းသော်လည်း မည်သည့် အကူအညီမရသောကြောင့် ဆုံးရှုံးမှုကြီးစွာ ဖြစ်ပေါ်နေရသည်။ 

ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက် ၃ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြို့မနာရီစင် အနောက်ဘက် လိုင်းခန်းရှိ ဦးဇီယာဘူ (ဘ) ဦးအီနုစ် (မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း) (အသက် ၂၈ နှစ်) ၏ လျှပ်စစ်ပစ္စည်းဆိုင်ကို အမည်မသိသူများက သော့များ ရိုက်ချိုး၍ ၀င်ရောက်ပြီး ၀ါယာကြိုးများ၊ ဆင်းမ်ကဒ်များ၊ မိုဘိုင်းဖုန်းများ အပါအ၀င် ငွေကျပ် သိန်း ၂၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ ခိုးယူသွားခဲ့သည်။ 

ယင်းဆိုင်ကို ယခု ဖေဖော်ဝါရီလအတွင်း နှစ်ကြိမ်မြောက် ဖောက်ထွင်းခဲ့ခြင်း ဖြစ်သည်။ 

ဆိုင်ရှင်ဖြစ်သူသည် ဆိုင်လိုင်းခန်းများ၏ အပေါ်တွင် အိမ်ခန်းငှားရမ်း၍ နေထိုင်လျက် ရှိသည်။ နာရီစင်အနီးတွင် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှိပြီး၊ ၎င်းရုံးဂိတ်ဝတွင် လုံခြုံရေးရဲကင်းစခန်းတစ်ခုရှိသည်။ ညအချိန်တွင် အဆိုပါ ရဲကင်းစခန်းမှ အချက်ပြဓါတ်မီးများကို အချိန်တိုင်းထိုး၍ စစ်ဆေးလေ့ရှိပြီး ဦးဇီယာဘူ၏ ဆိုင်ကို ဖောက်ထွင်းနေစဉ် ဦးဇီယာဘူက ၎င်း၏ အိမ်ခန်းမှ သူခိုး သူခိုးဟု အော်ဟစ် အကူအညီ တောင်းခံသော်လည်း ကင်းစခန်းမှ ရဲများ ထွက်လာခြင်း မရှိခဲ့သလို၊ ဓါတ်မီးထိုးခြင်းပင် မပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ပုဒ်မ ၁၄၄ အချိန်အတွင်းတွင် အဆိုပါ နာရီစင် ခွဆုံ အနီးတစ်ဝိုက်၌ မြို့နယ် ရဲစခန်းမှ ရဲများက အမြဲကင်းလှည့်လျက် ရှိသော်လည်း ယခုကဲ့သို့ ဆိုင်သော့ကို ရိုက်ချိုး၍ ပစ္စည်းများ ခိုးယူသွားခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus