နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ကျေးလက် ဖွံ့ဖြိုးရေး အဖွဲ့က ရိုဟင်ဂျာ လယ်ယာမြေ ဧက ၄၀ ကျော်ကို ဖျက်ဆီး၍ ကားလမ်းဖောက်နေ

RB News
19.2.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပေါက်တောကျေးရွာအုပ်စုရှိ ရခိုင်များက ရိုဟင်ဂျာများ၏ လယ်မြေဧက ၄၀ ကျော်ကို ဖျက်ဆီး၍ ကားလမ်းဖောက်နေကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပေါက်တောကျေးရွာအုပ်စု ရခိုင်ရွာမှ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးဇော်လှနှင့် ဦးကျော်ဌေး (ဘ) ဦးအောင်စိုးထွန်း တို့သည် ရခိုင်ရွာသားများနှင့် ပူးပေါင်း၍ အင်အားပြကာ ရွှေထားကျေးရွာနှင့် ဒုအိုးသည်မကျေးရွာတို့ရှိ ရိုဟင်ဂျာများပိုင် လယ်မြေများကို မြေညှိစက်များဖြင့် ထိုး၍ လမ်းဖောက်နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

မြေညှိစက်များဖြင့် ရိုဟင်ဂျာများပိုင် လယ်ယာမြေများကို ဖျက်ဆီး၍ လမ်းဖောက်နေခြင်းများကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှစ၍ လုပ်ဆောင်နေခြင်း ဖြစ်ပြီး၊ ဖောက်လုပ်နေသည့် လမ်းမှာ ပေါက်တော ရခိုင်ရွာ အောင်ဇေယျ န.တ.လ ရွာထိ ဖြစ်သည်။ ယင်းလမ်းသည် အငူမော်လမ်းနှင့် ထိစပ်လျက်ရှိပြီး အကျယ်ပေ ၁၀၀ ရှိ ၄ မိုင်ကွာဝေးသည့် လမ်းဖြစ်ကြောင်း သိရှိရသည်။ 

လမ်းဖောက်လုပ်နေမှုကြောင့် ရိုဟင်ဂျာ (၂၅) ဦး၏ လယ်ယာမြေဧက ၄၀ ကျော် ပျက်စီးသွားကြောင်း၊ ပျက်စီးသွားသည့် လယ်ယာမြေများအတွက် လျော်ကြေး ပေးမည့်သူလည်း မရှိသည့် အပြင်၊ သက်ဆိုင်ရာကိုလည်း မတိုင်ကြားရဲကြောင်း ဒေသခံများက ပြောပါသည်။ 

အဆိုပါလမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့က ထောက်ပံ့၍ ဖောက်လုပ်နေခြင်း ဖြစ်သည်ဟု သိရှိရသည်။ 

လမ်းဖောက်လုပ်မှုကြောင့် လယ်ယာမြေ (၄၀) ဧကကျော် ပျက်စီး ဆုံးရှုံးသွားသူများထဲမှ အချို့မှာ (ဒုအိုးသည်မကျေးရွာမှ) --

(၁) ဦးအီနုစ် (ဘ) ဦးရှော်ဘီကုလ်
(၂) ဦးရော်ရှီဒူလ္လာ (ဘ) ဦးအဒူဇော်လိလ်
(၃) ဦးဝါရဲစ် (ဘ) ဦးမာမတ်
(၄) ဦးအုစ်မာန် (ဘ) ဦးဖိရ်မာမတ်
(၅) ဦးရာမ်ဇာန်အလီ
(၆) ဦးအဒူရော်ကိမ်း (ကျေးရွာတာဝန်ခံ)
(၇) ဦးအာယုပ်
(၈) ဦး​ရော်ရှိတ် -- တို့ဖြစ်ကြသည်။ 




Comment ရေးရန်

Rohingya Exodus