နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်​ဂျာ အဆို​တော်​တစ်​ဦးအ​ကြောင်း



ယျာတင် (ရိုဟင်းသား)
RB News
30.3.2018

ရိုဟင်​ဂျာ အဆို​တော်​တစ်​ဦးအ​ကြောင်း

(သို့မဟုတ်​)

ကျပ်​တည်း​နေမှု၊ နှလုံးသားအနာတရ၊ အ​ခြေအ​နေ​ကြောင့်​ ဖြစ်​​ပေါ်လာတဲ့ နာကျင်​မှု​တွေကို တစ်​ဖက်​တစ်​လမ်းက ​ဖြေ​လျှော့​ပေး​နေသူ

(၁)

သီချင်းဆိုတာ စည်းမခြားထားတဲ့ အနုပညာထဲက အနုပညာ တစ်​မျိုးပါပဲ။ လူမျိုးတိုင်းမှာ သူ့နည်းသူ့ဟန်​နဲ့ သီချင်းဆိုတဲ့ အဆို​တော်​​တွေ ရှိစမြဲပါ။ တစ်​ချို့က သင်​တန်း​တွေ ​သေချာတက်​ပြီး စည်းစနစ်​ကျကျ သီချင်းဆိုတဲ့ အဆင့်​မြင့်​ အဆို​တော်​​ ဖြစ်​လာသလို တစ်​ချို့ကျ​တော့လည်း သင်​တန်းတက်​ခွင့်​မရ၊ အခြားနည်းနဲ့လည်း ​လေ့လာခွင့်​မရဘဲ ဝါသနာအရ သီချင်း​တွေသီဆိုရင်း အဆို​တော်​​ ဖြစ်​လာတတ်​ပါတယ်​။ အဆင့်​မြင့်​တဲ့ အဆို​တော်​​၊ ဒါမှမဟုတ်​ သာမန်​အဆို​တော်​၊ ဘယ်​အမျိုးအစားထဲကပဲ ဖြစ်​ပါ​စေ အဆို​တော်​ဆိုတာ အနုပညာသည်​ဝင်​ပဲ မဟုတ်​ပါလား။

(၂)

အခု​ခေတ်​မှာ အဆို​တော်​​တွေ သီချင်းသွင်းတဲ့ တီးဝိုင်းကို ကြည့်​လိုက်​ရင်​ ကိရိယာတန်​ဆာပလာ​တွေ အများအပြားကို ​တွေ့မြင်​ရမှာ ဖြစ်​ပါတယ်​။ ကျွမ်းကျင်​သူ​တွေက ကိုယ့်​​နေရာနဲ့ကိုယ်​ တာဝန်​ယူပြီး ကျွမ်းကျင်​စွာ တီးခတ်​​ပေးရတယ်​။ ဆိုလိုချင်​တာက သီချင်းတစ်​ပုဒ်​ ဖြစ်​လာဖို့ဆိုတာ တီးမှုတ်​စရာ၊ အသံသွင်းစရာ စတဲ့ ကိရိယာတန်​ဆာပလာ​​တွေ အများအပြား လိုအပ်​​နေတယ်​လို့ ဆိုလိုတာပါ။ သီချင်း​ကောင်းတစ်​ပုဒ်​ ဖန်​တီးဖို့ဆိုတာကလည်း လွယ်​ကူတဲ့ အလုပ်​တစ်​ခု​တော့ မဟုတ်​တာ ​သေချာပါတယ်​။ တီးခတ်​မှုလည်း​ကောင်းရပြီး အသံသွင်းရတာလည်း မှန်​ဖို့လိုသလို ဆို​နေတဲ့ အဆို​တော်​ရဲ့ အသံလည်း သံစဉ်​နဲ့ ကိုက်​ညီပြီး သာယာဖို့လိုပါတယ်​။ ပြီး​တော့ သီချင်းရဲ့ စာသား​တွေကလည်း ထိမိဖို့လိုပါလိမ့်​မယ်​။

(၃)

အခု ဒီ​ဗီဒီယိုမှာ ... ရိုဟင်​ဂျာ အဆို​တော်​​က သီချင်းဆို​နေတဲ့အခါ တီးခတ်​စရာဆိုလို့ ကိရိယာနှစ်​ခုပဲ ရှိ​နေတာ ​တွေ့ရပါတယ်​။ တစ်​ခုက မီဒီလင်​ဖြစ်​ပြီး အဲ့ဒီမယ်ဒလင်​ကို တစ်​​ယောက်​က တီး​ပေး​နေတယ်​။ ​နောက်​တစ်​ခုက စတီးခွက်​ပါပဲ။ အဲ့ဒီ စတီးခွက်​ကို အဆို​တော်​ကိုယ်​တိုင်​က တီးခတ်​​နေပါတယ်​။ ဒီကိရိယာနှစ်​ခု​ပေါင်းပြီး သီချင်းတစ်​ပုဒ်​ ဖန်​တီး​နေပါတယ်​။ အသံသွင်းစရာအဖြစ်​က​ မိုဘိုင်းဖုန်းကို အသုံးပြုထားဟန်​ရှိပါတယ်​။

အဆင့်​မြင့်​ တီးဝိုင်းနဲ့အတူ သီဆို​​နေတဲ့ သီချင်းမဟုတ်​​ပေမယ့်​ ဒီအဆို​တော်​ရဲ့ သီချင်းဟာ ရင်​ကိုထိ​စေတဲ့ သီချင်းတစ်​ပုဒ်​ ဖြစ်​လို့​နေပါတယ်​။ ဘာ​ကြောင့်​လဲ ဆို​တော့ အဆို​တော်​ရဲ့ အသံ​ကောင်းမွန်​မှု နဲ့ ဒုက္ခသည်​ဘဝ​ရောက်​​နေကြတဲ့ ရိုဟင်​ဂျာ​တွေရဲ့ ပကတိအ​ခြေအ​နေအ​ပေါ် အ​ခြေခံကာ စပ်​ဆိုထားတဲ့ သီချင်းရဲ့ စာသား​တွေ​ကြောင့်​ပဲ ဖြစ်​ပါတယ်​။

သီချင်း စာသားအချို့ကို မြန်​မာလို အနီးစပ်​ဆုံး ဘာသာပြန်​ကြည့်​ရ​အောင်​ ...

(🎵🎵🎵 မုတ်​သုန်​ရာသီ ​ရောက်​ပြီး မုတ်​သုန်​​လေ တိုက်​ခတ်​တဲ့အခါ .... ရိုဟင်​ဂျာတို့ အ​ခြေအ​နေ ဘယ်​လို ဖြစ်​​နေပါ့မလဲ ...) ၂

🎵🎵🎵 ငါတို့မသိဘူး ... ကမ္ဘာကြီးက၊ UN အဖွဲ့က ငါတို့ကို ကူညီဖို့ ဘာ​တွေ ​တွေး​တော​နေမလဲ ... ရိုဟင်​ဂျာတို့ အ​ခြေအ​နေ ဘယ်​လို ဖြစ်​ပါ့မလဲ ...

🎵🎵🎵 မုတ်​သုန်​ရာသီ ​ရောက်​ပြီး မိုးရွာ​ချ​နေတဲ့အခါ ... ရိုဟင်​ဂျာတို့ အ​ခြေအ​နေ ဘယ်​လို ဖြစ်​ပါ့မလဲ ...

🎵🎵🎵 တာပလင်​နဲ့ ကာရံထားတဲ့ ငါတို့ရဲ့ ​သေးငယ်​တဲ့ တဲအိမ်​များ ...
🎵🎵🎵 ​ရှေ့​ရောက်​လာ​တော့မယ်​ မုန်​တိုင်းနဲ့မိုးကို .... ငါတို့ အလွန်​တရား​ကြောက်​ရွံ့မိပါတယ်​ ....။

(၄)

သီချင်းကို စာနဲ့​ရေးမထားဘဲ လက်​တန်းဆို​နေပုံ။ အံ့ဩမှင်​သက်​စရာအစွမ်း နဲ့ အဆို​တော်​။ ​​အေး​လေ ... စာနဲ့​ရေးပြီး အလွတ်​ကျက်​ထားစရာမှမလိုတာ။ သူတို့ရဲ့ ဘဝ​ပေးအ​ခြေအ​နေက သူတို့ရဲ့ နှလုံးသားတိုင်းမှာ စကားလုံး​တွေ အ​မြောက်​အမြား ​မွေးဖွား​ပေး​နေမှာပဲ မဟုတ်​လား။ အထူးသဖြင့်​ သူ့လို အဆို​ပိုင်း ဝါသနာပါတဲ့ အနုပညာသည်​တစ်​ဦးမှာ စကားလုံး​တွေ သူများထက်​ပိုပြီး ရင်​ထဲဖြစ်​​ပေါ်​နေမိမှာ အမှန်​ပင်​။

လူ့​လောကကို ​ရောက်​လာကတည်းကစပြီး အမိုးပွင့်အကျဉ်းထောင်ထဲမှာပဲ ​နေခဲ့ရသူ​တွေ ဖြစ်​တာနဲ့အညီ သူတို့တစ်​​တွေဟာ ဘယ်​အနုပညာကိုမှ professional ဆန်​ဆန်​ ​လေ့လာသင်​ယူခွင့်​ မရရှိခဲ့ကြပါဘူး။ ဒါ​ပေမယ့်​ ပြင်းထန်​တဲ့ စိတ်​ဓာတ်​နဲ့ ဝါသနာက မိမိ ဖြစ်​ချင်​တာကို ဖြစ်​လာ​စေပါတယ်​။ တစ်​ခု​တော့ ရှိတယ်​။ အခွင့်​အ​ရေးတစ်​ခုသာ ရခဲ့ရင်​ အဲ့ဒီဝါသနာကို အဆင့်​မြင့်​မြင့်​နဲ့ ​မွေးထားခွင့်​ရမိမှာပါပဲ။ ဘယ်​လိုပင်​ ဖြစ်​ပါ​စေ။ ဒီအဆို​တော်​က ကျ​နော်​တို့ရဲ့ အဆင့်​မြင့်​တဲ့ ချီးကျူးမှုနဲ့ ထိုက်​တန်​ပါတယ်​။ ဒုက္ခသည်​ဘဝ​ရောက်​ ရိုဟင်​ဂျာ အဆို​တော်​ကို ကျ​နော်​ စာ​ရေးသူက အ​ဝေးတစ်​​နေရာမှ ​​လေး​လေးစားစား အ​လေးပြု​​အပ်​​ကြောင်း ဒီစာပုဒ်​က သက်​​သေဖြစ်​ပါ​စေ။

(၅)

အောက်​က စာပိုဒ်​​တွေဟာ UNHCR Bangladesh ရဲ့ Facebook page မှာ ​ရေးတင်​ထားတာကို အနီးစပ်​ဆုံး ဘာသာပြန်​ထားခြင်း ဖြစ်​ပါတယ်​။ (အင်္ဂလိပ်​လို ဒီမှာ ဝင်​ဖတ်​လို့ရပါတယ်​ -- https://bit.ly/2uvbJPA)

သူ့နာမည်​က Mohammed Sayedul Islam။ မြန်​မာနိုင်​ငံသား ရိုဟင်​ဂျာ ပရို-အဆို​တော်​ တစ်​ဦးဖြစ်​နေသူ Islam ဟာ ယခု​တော့ ဘင်္ဂလား​ဒေရှ့်​နိုင်​ငံ၊ ကူတုပါလောင် ဒုက္ခသည်​စခန်းမှာ ဒုက္ခသည်​တစ်ဦးပါ။ ၁၀ နှစ်​သားအရွယ်​ မသန်​မစွမ်း သားဖြစ်​သူ Umar ရဲ့ ကျန်းမာ​ရေးအသုံးစရိတ်​ ကာမိရန်​ အပါအဝင်​ သူ့မိသားစု အသက်​ရှင်​​ရေးမှာ အ​ထောက်​အကူဖြစ်​​စေရန်​အတွက်​ အဆိုပိုင်းကို သူဆက်​လက်​ လုပ်​​ဆောင်​လာ​နေခဲ့ပါတယ်​။

"ကျ​နော်​က သီချင်း​တွေကို (​ရေးမထားဘဲ) လက်​တန်းဆိုနိုင်​တယ်​" လို့ သူက ဆိုပါတယ်​။ တစ်​ခါတစ်​ရံ လူ​တွေက သူတို့ရဲ့ ပုဂ္ဂလိက အ​ကြောင်းအရာ​တွေကို သီချင်း​အဖြစ်​ စပ်​ဆိုခိုင်းတယ်​လို့လည်း သူက ​ပြောပါတယ်​။

"ကျ​နော့်​ သီချင်းက လူ​တွေရဲ့လိုအပ်​ချက်​ကို ဖြည့်​ဆည်း​ပေးရာ​ရောက်​ပါတယ်​။ ကျ​နော့်​သီချင်း​ကြောင့်​ လူ​တွေ သူတို့ရဲ့ နာကျင်​မှုဒဏ်​က​နေ သက်​သာရတယ်​လို့ ထင်​တယ်​။ ကျ​နော်​က သူတို့အတွက်​ နှစ်​သိမ့်​မှု​တွေ ယူ​ဆောင်​လာတယ်​။ ကျ​နော်​က လူ​တွေအတွက်​ ​ပျော်​ရွှင်​မှုအနည်းငယ်​ ယူ​ဆောင်​လာတယ်​" ဆိုပြီး အိစ္စလာမ်​က ရှင်းပြပါတယ်​။

"ကျ​နော်​က စိတ်​​ရောဂါအထူးကုဆရာဝန်​ တစ်​​ယောက်​လိုပါပဲ​။ နှလုံးကု ဆရာဝန်​တစ်​​ယောက်​လို​ပေါ့။ ကျ​နော်​က လူ​တွေရဲ့ စိတ်​ဒဏ်​ရာ​တွေကို ကုသ​ပေးတဲ့ ဆရာဝန်​ တစ်​​ယောက်​​ပေါ့​ဗျာ" လို့ သူက ဆက်​​ပြောပြပါတယ်​။

အခု ဒီ​ဗီဒီယိုမှာ ဆို​နေတဲ့ သီချင်းဟာ ....​ရောက်​လာ​တော့မယ်​ မုတ်​သုန်​ရာသီနဲ့ ပတ်​သက်​ပြီး ဒုက္ခသည်​စခန်းက ရိုဟင်​ဂျာ​တွေရဲ့ စိတ်​ပူပန်​မှုကို ​ပုံ​ဖော်​​စပ်​ဆိုထားတဲ့ သီချင်းတစ်​ပုဒ်​ ဖြစ်​ပါတယ်​။









Comment ရေးရန်

Rohingya Exodus