နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လူမျိုးအလိုက် ကျောင်းများခွဲ၍ ကျင်းပရန် စီစဉ်ထား

Rohingya Eye
RB News
3.3.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် လာမည့် မတ်လ (၇) ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လူမျိုးအလိုက် ကျောင်းများခွဲ၍ ကျင်းပရန် စီစဉ်ထားသည်ကို လေ့လာ တွေ့ရှိရသည်။ 

၂၀၁၈ ခုနှစ် မတ်လ (၇) ရက်နေ့တွင် တစ်နိုင်ငံလုံး၌ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဖြေဆိုခွင့်ရရှိသည့် ကျောင်းသား/သူများ၏ ခုံနံပါတ်များကို လွန်ခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။ ထိုသို့ ကြေညာရာတွင် ရိုဟင်ဂျာကျောင်းသား/သူ များ၏ ခုံနံပါတ်များနှင့် အခြား ရခိုင်၊ ဗမာ၊ မြို၊ ဒိုင်းနက်၊ ခမွီးနှင့် ဟိန္ဒူကျောင်းသား/သူများ၏ ခုံနံပါတ်များကို ခွဲခြားထားကြောင်း တွေ့ရှိရသည်။ 

မောင်တောမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ရိုဟင်ဂျာကျောင်းသား/သူ ၂၀၀ ကျော်ရှိပြီး၊ ၎င်းတို့၏ ခုံနံပါတ်များကို အ.ထ.က (၂) တွင် ကြေညာထားသည်။ အခြား ရခိုင်၊ ဗမာ၊ မြို၊ ဒိုင်းနက်၊ ခမွီးနှင့် ဟိန္ဒူများ၏ ခုံနံပါတ်များကို အ.ထ.က (၁) တွင် ကြေညာထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

“စာမေးပွဲကိုလည်း ကျောင်းခွဲပြီး စစ်မယ်လို့ ကြားရတော့ စာမေးပွဲခန်းမထဲမှာ ဖိနှိပ်ပြီး ဆက်ဆံမှာကို စိုးရိမ်နေရတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောပါသည်။ 

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ စာမေးပွဲခန်းများကို လူမျိုးအလိုက် ခွဲခြား၍ ကျင်းပစစ်ဆေးခြင်းကို ယခင်က ပြုလုပ်ခဲ့ခြင်း မရှိခဲ့သော်လည်း ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် စတင်၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ မတူကွဲပြားသည့် အသိုင်းအ၀ိုင်းများကြား သဟဇာတ မရှိတော့အောင် တမင် ဖန်တီးလုပ်ယူနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုသည်။ 

ခုံနံပါတ်ကြေညာထားသည့် စာရင်းများ --




Comment ရေးရန်

Rohingya Exodus