နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော သီဟိုဠ်ကျွန်းမှ ရိုဟင်ဂျာ (၅) ဦးကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဖမ်းဆီးသွားပြီး နာရီအတန်ကြာ ထိန်းသိမ်းထားပြီး ပြန်လွှတ်

MYARF
RB News
16.4.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု ဟာဘီအလယ်ရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက် စီးနင်း၍ ဒေသခံရိုဟင်ဂျာ (၅) ဦးကို ဖမ်းဆီးခဲ့သည်။

မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု၊ ဟာဘီအလယ်ရွာတွင် အကြမ်းဖက်သမားများ ရှာဖွေရန် ရှိသည်ဟု မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က အကြောင်းပြ၍ ယင်းရွာကို ဧပြီလ (၁၅) ရက်နေ့ ညပိုင်းမှစ၍ ၀န်းခံပိတ်ဆို့ထားခဲ့သည်။

ယနေ့ နံနက် အစောပိုင်းတွင် ယင်းရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက်စီးနင်းပြီး အပြစ်မဲ့ ဒေသခံ (၅) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးသွားသူများအား နေ့လည်ပိုင်းတွင် ပြန်လည် လွှတ်ပေးပြီးနောက် ရွာကို ၀န်းရံပိတ်ဆို့၍ စီးနင်းခဲ့သည့် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။




Comment ရေးရန်

Rohingya Exodus