နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ လူငယ်တစ်ဦးကို အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသည်ဟုဆိုကာ နယ်ခြားစောင့်ရဲများက ငွေညှစ်

MYARF
RB News
19.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖိုးခေါင်းချောင်းကျေးရွာမှ အပြစ်မဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးကို အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသည်ဟု နယ်ခြားစောင့်ရဲများက မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်။

ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းကျေးရွာမှ ဖော့ယာစ် (ဘ) ဦးအစ္စမိုင်လ် (အသက် ၂၅ နှစ်) သည် သြဂုတ်လ (၁၅) ရက်နေ့တွင် မောင်တောမြို့သို့ သွားရောက်ရန် ၎င်း၏ မော်တော်ဆိုင်ကယ်ဖြင့် သွားနေစဉ် ဘူးသီးတောင် အငူမော်လမ်းရှိ ကကျက်ဘက်ကျေးရွာအုပ်စု၊ တပ်ရာရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများက ၎င်းအား အကြမ်းဖက်သမားများနှင့် ဆက်နွယ်မှုရှိသည်ဟု မဟုတ်မမှန် စွပ်စွဲခဲ့သည်။ ၎င်းအား ဖမ်းဆီး၍ တပ်ရင်း ၅၃၃ သို့ ခေါ်ဆောင်သွားနေစဉ် ဖိုးခေါင်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက မြင်သွားပြီး ဖော့ယာစ်သည် အကျင့်စာရိတ္တကောင်းမွန်သူတစ်ဦး ဖြစ်ကြောင်း၊ ယခု လက်ရှိ ကျေးရွာအခြေစိုက် အရန်မီးသတ်တပ်ဖွဲ့တွင် ၂ ရစ်ဖြင့် တာဝန်ထမ်းဆောင် နေကြောင်း ထောက်ခံ ပြောဆိုပေးသော်လည်း ငွေကျပ် ၅ သိန်း ညှစ်ယူပြီးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



Comment ရေးရန်

Rohingya Exodus