နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်တော် ချောင်ကြန်းအုပ်စုတွင် နွားကျောင်းနေသူတစ်ဦးကို ရခိုင်ရွာသားများက ၀ိုင်းဝန်းရိုက်နှက် သတ်ဖြတ်

MYARF
RB News
2.9.2018

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ချောင်ကြန်းကျေးရွာအုပ်စုတွင် နွားကျောင်းနေသည့် ဒေသခံရိုဟင်ဂျာတစ်ဦးကို ရခိုင်ရွာသားများက ၀ိုင်းဝန်းရိုက်မှုကြောင့် သေဆုံးသွားသည်။

ကျောက်တော်မြို့နယ် အထက်ပိုင်း ချောင်ကြန်းကျေးရွာအုပ်စု၊ ပီတန်းရွာရှိ လယ်ကွင်းတွင် နွားကျောင်းနေသည့် ဦးအာဇီဇူ (ဘ) ဦးကာဆိမ်း (အသက် ၄၅ နှစ်) ကို ရခိုင်ရွာသားများက ယနေ့ စက်တင်ဘာလ (၂) ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် ၀ိုင်းဝန်းရိုက်နှက်၍ နွားများ လုယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရခိုင်ရွာသားများ၏ ၀ိုင်းဝန်းရိုက်နှက်ခြင်းကို ခံရသည့် ဦးအာဇီဇူသည် ရိုက်နှက်ခံရပြီး သေလုမျောပါး အနေအထားဖြင့် လဲနေစဉ် ရိုဟင်ဂျာရွာသားများက တွေ့ရှိသွားပြီး နေအိမ်သို့ ခေါ်ဆောင်လာနေစဉ် လမ်းတစ်ပိုင်း၌ သေဆုံးသွားသည်ဟု ရွာသားများက ဆိုသည်။

ပီတန်းရွာ၏ ဘေးပတ်ပတ်လည်တွင် ရခိုင်ရွာများသာရှိပြီး ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားများကို ရခိုင်များက မကြာခဏ လုယက်လေ့ရှိပြီး၊ ယခုလည်း ဦးအာဇီဇူ နွားကျောင်းနေစဉ် ဝေးကြီးတောင်ကျေးရွာအုပ်စု၊ ဝေးကြီးတောင်ရွာမှ မောင်ထွန်းအေး (ဘ) ငကျော်ခိုင် (အသက် ၃၅ နှစ်)၊ အောင်မြသိန်း (ဘ) ကျော်အေး (အသက် ၄၀ နှစ်) တို့ အပါအ၀င် ရခိုင်ရွာသား ၅ ဦးခန့် ပါသည့် အုပ်စုက တုတ်များဖြင့် လူမဆန်စွာ ရိုက်နှက်ကာ နွားများ လုယက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ 



Comment ရေးရန်

Rohingya Exodus