နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် စိုင်းဒင်တံတားကို ဖြတ်၍ သွားလာသည့် ရိုဟင်ဂျာ ယာဉ်များထံမှ နယ်ခြားစောင့်ရဲများက ငွေကြေးကောက်ခံနေ

MYARF
RB News
17.9.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်တံတားအနီးရှိ အမှတ် (၂၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းက တံတားမှ ဖြတ်သန်းသွားလာသည့် ရိုဟင်ဂျာများ မောင်းနှင်သော မော်တော်ယာဉ်များထံမှ ငွေကြေးကောက်ခံလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းကို ဖြတ်၍ သရက်ပြင်ကျေးရွာအုပ်စုနှင့် ကြာညိုပြင်ကျေးရွာအုပ်စု တို့ကို ချိတ်ဆက်ပေးထားသည့် စိုင်းဒင်တံတားကို ယခုနှစ် မေလတွင် ဖွင့်လှစ်ပေးခဲ့ပြီး နှစ်လအကြာ ဇူလိုင်လမှစ၍ တံတားနှင့် မနီးမဝေးရှိ လေးမြို့အုပ်စု အခြေစိုက် အမှတ် (၂၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ တံတားအနီးတွင် ကင်းရုံငယ် တစ်ခုထိုးကာ နယ်ခြားစောင့်ရဲများက တံတားမှ ဖြတ်သန်းသွားလာသည့် ရိုဟင်ဂျာများ မောင်းနှင်သော မော်တော်ယာဉ်များထံမှ နေ့စဉ်နေ့တိုင်း ငွေကြေး ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

သုံးဘီးတက္ကစီ ယာဉ်မောင်းတစ်ဦးက “ဟုတ်ကဲ့ .. အဲဒီတံတားမှ သုံးဘီးတစ်စီးအတွက် တစ်ထောင်၊ မော်တော်ဆိုင်ကယ်တစ်စီး အတွက်ဆိုရင် ၅၀၀ ကျပ်စီ တစ်နေ့တစ်ကြိမ် နေ့တိုင်းပေးရတယ်၊ ရခိုင်နဲ့ အခြား ဗုဒ္ဓဘာသာဝင်တွေ ဆိုရင် ပေးစရာမလိုဘူး။ ကုန်းလမ်းအတိုင်း တံတားပေါ်က သွားလာရင်လည်း ပေးရသလို တံတားအောက်က ချောင်းကနေ ရေလမ်းအတိုင်း သွားလာတဲ့ လှေ၊ သမ္ဗန်လှေ၊ စက်တပ်လှေ တွေလည်း ပေးရတယ်” ဟု ပြောသည်။



Comment ရေးရန်

Rohingya Exodus