နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် လူကုန်ကူးမှုတားဆီးရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင် တင်ဦးကျော်က ရိုဟင်ဂျာများကို မဟုတ်မမှန် စွပ်စွဲခြိမ်းခြောက်၍ ဆက်လက်ငွေညှစ်နေ

MYARF
RB News
24.9.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင် တင်ဦးကျော်က မြို့မဈေးသို့ လာရောက်၍ ဈေးဝယ်သည့် ရိုဟင်ဂျာများကို ဖမ်းဆီးပြီး မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ဆက်လက် ငွေညှစ်လျက်ရှိသည်။

ဘူးသီး​တောင်​မြို့နယ်​ လူကုန်ကူးမှုတားဆီးရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် တင်ဦးကျော် သည် စက်တင်ဘာလ (၇) ရက်နေ့တွင် မြို့မဈေးသို့ ဈေးဝယ်ရန်လာရောက်သည့် မြောင်နား ကျေးရွာမှ အာယုဗ် (ဘ) ဦးတယုဗ် (အသက်​ ၂၄-နှစ်​) ကိုဖမ်းဆီးပြီး နိုင်​ငံခြားနှင့် အဆက်​အသွယ်​ရှိသည်​ဟု​ပြောဆိုကာ ​ငွေကျပ်​ ၂၅၀၀၀၀ (နှစ်​သိန်းငါး​သောင်း) ညှစ်​ယူခဲ့သည်။ အလားတူ စက်တင်ဘာလ (၁၁) ရက်​​နေ့တွင် ကကျက်​ဘက်​ကံပြင်​​ကျေးရွာအုပ်​စု​နေ ​ဆယိဒူလ္လာ (ဘ) ဦးကိုက်​ဆဲရ်​ (အသက်​၂၅-နှစ်​) ကိုလည်း ဖမ်းဆီး၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားခဲ့သည်​ဟု​ ပြောဆိုကာ ​ငွေကျပ်​ ၂၀၀၀၀၀ (နှစ်​သိန်း) ညှစ်​ယူခဲ့​ကြောင်း ဒေသခံများက RB News သို့ပြောသည်။ "သူက ငွေညှစ်ချင်ရင်၊ နယ်ပိုင်းက လူတွေ ပစ်မှတ်ထားပြီး ညှစ်တာများတယ်၊ ဈေးပြုဖို့လာတဲ့ လူတွေမှာ ပိုက်ဆံပါလာမယ်ဆိုတာ သူသိတယ်လေ၊ အဲ့လို လူတစ်ယောက်ကို ခေါ်ပြီး လဘက်ရည်ဆိုင် ဒါမှမဟုတ် အခြား နေရာတစ်နေရာ ခေါ်သွားတယ်၊ ပြီးတော့ နည်းမျိုးစုံနဲ့ ပုဒ်မ ကြီးကြီးနဲ့ မဟုတ်မမှန် စွပ်စွဲခြိမ်းခြောက်ပြီး ကြောက်သွားအောင်လုပ်တယ်၊ ငွေ ၁၀ သိန်း၊ သိန်း ၂၀၊ ၃၀ စတဲ့ ပမာဏ ကြီးကြီးတောင်း၊ သူတို့ကလည်း တိုင်းပြည်မှာ စစ်မှန်တဲ့ တရားဥပဒေ စိုးမိုးမှုမရှိတော့ တိုင်တန်းရင်လည်း ကိုယ်ကပဲ ခံရတာတွေများတော့ နောက်ဆုံးမှာ အခုလို ပေးပြီးမှပဲ လွတ်မြောက်ရတယ်'' ဟု ဘူးသီးတောင် မြို့ခံတစ်ဦးက ပြောသည်။ တင်ဦးကျော်သည် ဘူးသီး​တောင်​​ဒေသခံ ရခိုင်​လူမျိုးတစ်ဦးဖြစ်ပြီး ရိုဟင်​ဂျာများကို ယခုလို နည်းမျိုးစုံဖြင့် မဟုတ်မမှန် စွပ်စွဲခြိမ်းခြောက်၍ ငွေညစ်နေသည်များကို အထက်အရာရှိများက သိရှိသော်လည်း ၎င်းတို့ကိုယ်တိုင်ကလည်း ပါဝင်ပတ်သက်မှုရှိသောကြောင့် မည်သို့မှ ဟန့်တား အရေးယူခြင်း မရှိဟု ၎င်းက ဆက်လက်ပြောပါသည်။


ရဲတပ်ဖွဲ့ဝင် တင်ဦးကျော်


Comment ရေးရန်

Rohingya Exodus