နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်အကြံပေးကော်မရှင် အပြီးသတ် အစီရင်ခံစာ အပ်နှင်း ( Myanmar President Office)

မေခ
23.8.2017

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဟာ သူဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီ ရင်ခံစာကို မြန်မာသမ္မတ ဦးထင်ကျော်ထံကို ပေးအပ်လိုက်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ဗွီအိုအေကိုပြောပါတယ်။ သမ္မတဦးထင်ကျော်ကအစီရင်ခံစာပါ အကြံပြုချက်တွေကို သေချာလေ့ လာ ဆန်းစစ် ပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားမယ်လို့ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်းက မေခကပေးပို့ ထားတာပါ။

သြဂုတ်လ၂၄ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကိုအများသိအောင် ထုတ်ပြန်မှာ ဖြစ်သလို ဒီမတိုင်ခင် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရနဲ့ လွှတ်တော်က သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကိုဖီအာနန်က တွေ့ဆုံခဲ့ပြီး အပြီးသတ်အစီရင်ခံစာကိုပေးအပ်ခဲ့ပါတယ်။ တွေ့ဆုံမှုနဲ့ပတ်သတ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ခုလိုပြောပြတာပါ။

“ကိုဖီအာနန်ကော်မရှင်က သူတို့ရဲ့ ဒီ Final Recommendation လေ အဲဒါကို ဒီ ၂၃ ရက်နေ့မှာ သမ္မတကြီးလက်ထဲကိုထည့်တာ စာအုပ်နဲ့ရိုက်ပြီးတော့ ထည့်တယ်။ ဒါပေမယ့် အဲဒါတွေအကုန်လုံးကို မဖတ်ရသေးဘူး။ မဖတ်ရသေးဘူးဆိုတော့ ဘာတွေပါသလဲဆိုတာ အနုစိတ်တော့မသိရသေးဘူး ။ သမ္မတကြီးကတော့ ဒီမှာရှိတဲ့ Recommendationတွေအပေါ်မှာမူတည်ပြီးတော့ ဒါကိုသေချာလေ့လာမယ်၊ လေ့လာပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်မယ် ဆိုတာပြောလိုက်တယ် ဒါပဲအဓိကတော့ ဒါပါပဲ။”

ပြီးခဲ့တဲ့ မတ်လကထုတ်ပြန်ထားတဲ့ ကော်မရှင်ရဲ့ကြားဖြတ်အစီရင်ခံသာပါ အကြံပြုချက်တွေကို မြန်မာအစိုးရဘက်က ရာနှုန်းပြည့်နီးပါး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။

“ရာခိုင်နှုန်းကတော့ မသိဘူး ၀န်ကြီးဌာနအလိုက်တော့။ ဒါပေမယ့် ဒီ report ကိုကြည့်လိုက်တဲ့အခါကျတော့ မလုပ်နိုင်တာကတော့ နဲနဲနည်းတယ် ၊ လုပ်နိုင်တဲ့ကိစ္စတွေပဲများတော့ တော်တော်များများတော့ ဆောင်ရွက်လိုက်ကြတယ်။ ဆောင်ရွက်လိုက်တယ်ဆိုတာက နဂိုတည်းကလည်းဆောင်ရွက်နေတာပါပဲ။ ဆောင်ရွက်နေတာပဲ ဒါပေမယ့်သူတို့က အထူးပြုပြီးတော့ ပြောတဲ့ဟာတွေကတော့ မြန်မြန်လေးဆောင်ရွက်ဖြစ်သွားတယ်။ Birth Registration လုပ်တာတို့ Mobile Health Team တွေလွှတ်တာတို့ ဒါမျိုးတွေပေါ့နော်။ ရွာတွေကြားထဲမှာ ဈေးလေးတွေဖွင့်ပြီးတော့ ၂ ဖက် အဖွဲ့အစည်းတွေကို သဟဇာတဖြစ်အောင် အဲဒီပုံစံမျိုးပေါ့နော်။ ဒါပေမယ့် အဲဒါကို ကျနော်တို့ လုပ်တော့လုပ်နေတာပေါ့နော် လုပ်တဲ့ကြားက ပြဿနာက ထပ်ဖြစ်ပြန်ရော ဖြစ်တာနဲ့ပဲ ကျနော်တို့မှာ ခဏနားတယ် အဲလိုမျိုးတွေဖြစ်နေတာပေါ့နော် ကျနော်တို့မှာလည်း။ သို့သော်လည်း ကျနော်တို့ လုပ်တဲ့အလုပ်တွေကတော့ သူ့အကြံပေးချက်တွေကတော့ မဆိုးပါဘူး ပြီးခဲ့တဲ့ ကြားဖြတ်မှာတုန်းကတော့ အဲဒါတွေကတော့ ကျနော်တို့ တော်တော်လေးဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျနော်တို့ဝန်ကြီးဌာနကတော့ ရာခိုင်နှုန်းတော်တော်များတယ်။ အကုန်လုံးနီးပါးဆောင်ရွက်နိုင်တဲ့သဘောဖြစ်တယ်။”

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်က ကြားဖြတ် အစီရင်ခံစာကို အခုနှစ် မတ်လတုန်းက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက အကြံပေး ချက် တဝက်လောက်ကို အကောင်အထည် ဖော်ခဲ့တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကလည်းပြောပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့ HRW ကတော့ ကော်မရှင်ရဲ့ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်တွေကို မြန်မာအစိုးရဘက်က အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးသလိုကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံ သာပါ အကြံပြုချက်တွေကိုလည်း မြန်မာအစိုးရအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ ထင်မြင်ချက်ပေး ထားပါတယ်။

ဒီကနေ့ ကိုဖီအာနန်ကော်မရှင်က အစိုးရအဖွဲ့တွေအပြင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဘက်က ရခိုင်လွှတ်တော်ကိုယ် စားလှယ်တွေနဲ့တွေ့ဖို့ကြိုးစားခဲ့ပေမယ့် ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကမတွေ့ခဲ့ဘူးလို့ပြောပါတယ်။

ရခိုင်အမျိုးသား ပါတီ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက နောက်ထပ်ထွက်ပေါ်လာမယ့် ကော်မရှင်အစီရင်ခံစာ က ရခိုင်ပြည်နယ်အတွက် ဘာအကျိုးအမြတ်မှ ရရှိစေနိုင်မှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။

“ဒီကနေ့ ကျနော်တို့ရခိုင်ပြည်နယ်ရဲ့ပြဿနာကို ကျနော်တို့အသိဆုံးပါ။ ဒီတော့ ကိုဖီအာနန်ကော်မရှင်က ယေဘုယျပဲ သူတို့ပြောနိုင်ပါလိမ့်မယ် တကယ့်လက်တွေ့ ဟိုမှာဖြေရှင်းရမယ့်ကိစ္စတွေကတော့ တော်တော့်ကိုခက်တယ်။ ရခိုင်မှာဖြစ်ပေါ်နေတာက ဆင်းရဲဒုက္ခကြောင့် ကျနော်တို့ ၂ ဖက်လူ့အဖွဲ့အစည်းဟာ ပြဿနာဖြစ်နေတာမဟုတ်ဘူး။ ကျနော်တို့ နယ်မြေကျူးကျော်ဝင်ရောက်မှုကတဆင့် နိုင်ငံသားအဆင့်ရလိုမှု၊ ရိုဟင်ဂျာဆိုတဲ့ ဒီစကားလုံးကိုတီထွင်ပြီးတော့ နိုင်ငံသားဖြစ်လိုမှု ၊ အဲဒီကနေတဆင့် ကျနော်တို့က နယ်မြေကို သိမ်းပိုက်မှု အဲလိုအမျိုးသားအမြင်နဲ့ကြည့်ပါတယ်။ အဲဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လောက်ပဲလုပ်တယ်ပြောပြော ဒီကိစ္စတွေက ပြေလည်သွားမှာမဟုတ်ဘူး အောက်ခြေမှာ။ သူတို့ကို နိုင်ငံသားစစ်ဆေးဖို့ဆိုတာကလည်း ဒါအဓိကလုပ်ရမယ့်အချက်ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံသားစစ်ဆေးမှုမခံဘူး၊ စာရင်းကောက်တောင်မခံဘူး အဲဒါကြောင့် ဘယ်လိုလုပ်ဆက်ပြီးဖြေရှင်းမလဲဆိုတာကတော့ ဒါက နိုင်ငံရေးပြဿနာတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုဖီအာနန်ရဲ့ကော်မရှင်အစီရင်ခံစာကိုတော့ ကျနော်တို့မျှော်လင့်ထားပါတယ်၊ ဒါပေမယ့် တကယ်တန်းလက်တွေ့တော့ ထိထိရောက်ရောက် အစိုးရလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး။”

ကြာသပတေးနေ့ မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး လူထုကိုချပြမယ့် အပြီးသတ် အစီရင်ခံစာမှာတော့ ရခိုင်ပြည်နယ်ထဲမှာ ပဋိပက္ခတားဆီးရေး၊ ပြန်လည်သင့်မြတ်ရေး၊ အခြေခံ ဝန်ဆောင်မှုများ ရရှိနိုင်ရေး၊ လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီတွေ ရရှိနိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ အကြောင်းအရာတွေ ပါဝင်လိမ့်မယ်လို့ ကော်မရှင်က အသိပေးထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့တာဝန်ပေးချက် အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan ဦးဆောင်ပြီး နိုင်ငံတကာပညာရှင် ၃ ယောက် မြန်မာပညာရှင် ၆ ယောက်တို့ ပါဝင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

MYARF
RB News
23.8.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အနှံ့တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်၍ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

သြဂုတ်လ (၂၁) ရက်နေ့တွင် မောင်တောမြို့နယ် ဧတာလျာ ကျေးရွာအုပ်စု၊ သီဟိုဠ်ကျွန်း ကျေးရွာအုပ်စု၊ နွားရုံတောင် ကျေးရွာအုပ်စု၊ ရေနောက်ငါးသား ကျေးရွာအုပ်စု များသို့ နယ်ခြားစောင့်ရဲများ၊ စစ်သားများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ မ.က.ဖ အဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကျေးရွာအုပ်စု အသီးသီး ၀န်းရံပိတ်ဆို့၍ အပြစ်မဲ့ ဒေသခံရွာသားများကို ဖမ်းဆီးသွားခဲ့သည်။ 

ဧတာလျာရွာမှ (၅) ဦး၊ သီဟိုဠ်ကျွန်းမှ (၃) ဦး၊ မြို့မကညင်တန်းမှ (၁) ဦး၊ ရေနောက်ငါးသားမှ (၄) ဦး - စုစုပေါင်း (၁၃) ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဧတာလျာရွာမှ ဖမ်းဆီးခံရသူများမှာ --

(၁) ဦးဟာမိတ်ဟူစိန်း
(၂) ဦးအာဘူလ်ကာဆိမ်း 
(၃) ဦးအာဆောဒ်အူလ္လာ 
(၄) ဦးနူရ်ဂျာမာလ် 
(၅) ဦးနူရ်ဂျာဘဲရ်

မြို့မကညင်တန်းမှ ဖမ်းဆီးခံရသူမှာ --

(၁) မော်လ၀ီ ကော်ဘိရ်

သီဟိုဠ်ကျွန်းမှ ဖမ်းဆီးခံရသူများမှာ --

(၁) ဦးဘော်ရှိရ်အာမတ်
(၂) ဦးနော်ဘီဟူစိန်း
(၃) ဦးအာယုပ်ခါးန် (ခ) ဦးမာမတ်အာယာစ်
(၄) ဦးအိန်နားအာမီးန်

ရေနောက်ငါးသားမှ ဖမ်းဆီးခံရသူများမှာ -- 

(၁) ဦးကာမာလ် 
(၂) ဦးဟာမိတ်ဟူစိန်း
(၃) ဦးရော်ရှိတ်
(၄) ဦးအီဆားမတ် -- တို့ဖြစ်ကြသည်။




MYARF
RB News
23.8.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဦးလှဖေ ကျေးရွာအုပ်စုကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ၀န်းရံပိတ်ဆို့ပြီး အပြစ်မဲ့ ရွာသား (၄၉) ဦးကို ဖမ်းဆီးခဲ့ပြီးနောက် (၂၅) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ငွေမပေးနိုင်သည့် (၂၄) ဦးကို တရားစွဲ၍ ထောင်ချရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။

သြဂုတ်လ (၁၅) ရက်နေ့တွင် ဦးလှဖေ ကျေးရွာအုပ်စုသို့ နယ်ခြားစောင့်ရဲများနှင့် စစ်သားများ အင်အား (၄၀၀) ခန့် ရောက်ရှိလာပြီး ရွာကို ၀န်းရံပိတ်ဆို့ကာ ရွာသား (၄၉) ဦးကို အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ အချို့ကို သတိလစ်သည့်အထိ ရိုက်နှက် ကန်ကျောက်ကာ ဖမ်းဆီး၍ လက်ထိပ်ခတ်၊ ကြိုးများ တုတ်၍ ဒရွတ်တိုက်ဆွဲကာ စက်လှေပေါ်သို့ တင်ဆောင်၍ ညောင်ချောင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဖမ်းဆီးသွားသူများကို လူမဆန်စွာ ညှဉ်းပန်းရိုက်နှက် နှိပ်စက်ပြီးနောက် သြဂုတ်လ (၁၇) ရက်နေ့တွင် (၁၂) ဦးကို ငွေကျပ် ၃ သိန်းခွဲစီ ညှစ်ယူ၍ လည်းကောင်း၊ သြဂုတ်လ (၁၈) ရက်နေ့တွင် (၁၃) ဦးကို ငွေကျပ် ၄ သိန်းခွဲစီ ညှစ်ယူ၍ လည်းကောင်း ပြန်လည် လွှတ်ပေးခဲ့သော်လည်း ငွေမပေးနိုင်သည့် (၂၄) ဦးကို သြဂုတ် (၁၈) ရက်နေ့တွင် ဘူးသီးတောင် တရားရုံးသို့ ပို့ဆောင်၍ တရားစွဲဆိုပြီး ထောင်ချရန် စီစဉ်နေကြောင်း သိရှိရသည်။ 

ငွေမပေးနိုင်၍ တရားစွဲဆိုခံထားရသူများမှာ --

(၁) ဦးမာမတ်အီဆုပ် (ဘ) ဦးဖောဇော်လ်အာမာန် (အသက် ၃၅ နှစ်)
(၂) ဦးမာမတ်ဖူရ်ခါန် (ဘ) ဦးဖောဇော်လ်အာမာန် (အသက် ၃၀ နှစ်)
(၃) ဆရာအာနီစ် (ဘ) ဦးမာမတ်ဆော်လိမ် (အသက် ၂၈ နှစ်)
(၄) မာမတ်ဒူလ္လာ (ဘ) ဦးအမီရုလ်ဟောက် (အသက် ၁၉ နှစ်)
(၅) ဟာဘီဘုလ္လာ (ဘ) ဦးအမီရုလ်ဟောက် (အသက် ၁၇ နှစ်)
(၆) ဦးမာမတ်ဂျာဘဲရ် (ဘ) ဦးကာလာမျာ (အသက် ၄၀ နှစ်)
(၇) ဦးမာမတ်ဇူဘိုင်ရ် (ဘ) ဦးကာလာမျာ (အသက် ၄၆ နှစ်)
(၈) ဦးဟူစိန်းအာမတ် (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၄၀ နှစ်)
(၉) ဦးဆာဒေခ်ဟူစိန်း (ဘ) ဦးမာမတ်ရှားကဲရ် (အသက် ၃၀ နှစ်)
(၁၀) ဦးအေဆာန်အူလ္လာ (ဘ) ဦးလေဒူးမျာ (အသက် ၃၀ နှစ်)
(၁၁) နူရ်မာမတ် (ဘ) ဦးလေဒူးမျာ (အသက် ၂၁ နှစ်)
(၁၂) ဦးဆော်လာမတ်အုလ္လာ (ဘ) ဦးလေဒူးမျာ (အသက် ၃၈ နှစ်)
(၁၃) ဦးအာဇီဇုလ္လာ (ဘ) ဦးအဒူရာမာန် (အသက် ၃၃ နှစ်)
(၁၄) ဟာရှိမ်း (ဘ) ဦးအဒူရာမာန် (အသက် ၂၀ နှစ်)
(၁၅) ဦးအာရော်ဖ်အူလ္လာ (ဘ) ဦးအဒူလ်ဟာဒီးစ် (အသက် ၃၀ နှစ်)
(၁၆) ဦးနော်ဇိရ်အူလ္လာ (ဘ) ဦးအာဘူကာလာမ် (အသက် ၂၇ နှစ်)
(၁၇) ဦးမာမတ်အီလီယာစ် (ဘ) ဦးအလီအာခ်ဘောရ် (အသက် ၃၈ နှစ်)
(၁၈) ဇာဟိတ်ဟူစိန်း (ဘ) ဦးတော်ဇုလ်အာမတ် (အသက် ၁၉ နှစ်)
(၁၉) ဦးဟာဖီးဇ်ဟာဆောင်း (ဘ) ဦးအာဘူလု (အသက် ၄၅ နှစ်)
(၂၀) အဒူရာမာန် (ဘ) ဦးအဒူရော်ကိမ်း (အသက် ၂၅ နှစ်)
(၂၁) ဦးအီမာန်ဟူစိန်း (ဘ) ဦးဘာဆဲရ် (အသက် ၃၅ နှစ်)
(၂၂) မော်လ၀ီဆောလာမတ်အူလ္လာ (ဘ) ဦးဘောဒူဇာမာ
(၂၃) ဦးအာမာန်အုလ္လာ (ဘ) ဦးဂေါ်နုမျာ (အသက် ၄၅ နှစ်)
(၂၄) ဘော်ရှိရ်အာမတ် (ဘ) ဦးဟာရွန်ရော်ရှိတ် (အသက် ၂၀ နှစ်) -- တို့ဖြစ်ကြသည်။

သြဂုတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းကျေးရွာမှ တောတောင်ပေါ်သို့ အလုပ်လုပ်ရန်နှင့် နွားကျောင်းရန် သွားနေကြသူများ အနက် (၅) ဦးကို စစ်သားများက ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ကာ ညနေ (၅) နာရီ အချိန်တွင် ငွေကျပ် တစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 

ရိုက်နှက်ခံရပြီး ငွေကျပ် တစ်သိန်းစီ ညှစ်ခံရသူများမှာ --

(၁) ဦးမာမတ်အာမီးန် (ဘ) ဦးမာမတ်ကာဆိမ်း (အသက် ၃၀ နှစ်)
(၂) ဦးအာယာစ် (ဘ) ဦးဆင်မျာ (အသက် ၃၉ နှစ်)
(၃) ဟာမိတ်ဟူစိန်း (ဘ) ဦးနူရ်အာမတ် (အသက် ၁၈ နှစ်)
(၄) မာမတ်နူရ် (ဘ) ဦးအဒူလာမိတ် (အသက် ၁၈ နှစ်)
(၅) ဦးယာစီးန် (ဘ) ဦးဆွေယောဒ်ဟူစိန်း (အသက် ၃၃ နှစ်) -- တို့ဖြစ်ကြသည်။ 



ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာနိုင်ငံ ရောက်ရှိ (Ministry of Foreign Affairs Myanmar)


မြင့်မြင့်ခိုင်
22.8.2017

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အပြီးသတ် အစီအရင်ခံစာ တင်သွင်းဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အနေနဲ့ သြဂုတ်လ ၂၄ရက်နေ့ မတိုင်ခင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အစီရင်ခံစာ တင်ပြဖို့ရှိပါတယ်။ မနက်ဖြန်မှာတော့ မစ္စတာ ကိုဖီ အာနန်နဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံသွားဖို့လည်း ရှိနေ တာပါ။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါ မယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေးကော်မရှင် အ နေနဲ့ အပြီးသတ် အစီရင်ခံစာကို ပြည်သူလူထုထံမချပြခင်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် အပါအဝင် အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေထံ တင်ပြသွားဖို့ရှိတယ်လို့ ကော်မရှင် အဖွဲ့ ဝင် ဦးအေးလွင်က ပြောပါတယ်။

“ကျနော်တို့အသေးစိတ်ကတော့ လုံခြုံရေးအရမပြောဖို့ မေတ္တာရပ်ခံထားပါတယ်။ ကျနော်တို့ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကော်မရှင်ကလည်း ပြည်သူ့အစိုးရက တာဝန်ပေးထားတာလေ။ အဲဒီတော့ အစိုးရကိုကျနော်တို့ တင်မယ် တင်ပြီးရင် ၂၄ ရက်နေ့ကျရင် ပြည်သူအများသိအောင် သတင်းစာရှင်းလင်းပွဲလုပ်ပါမယ်ခင်ဗျ။ ကျနော်တို့ အကြံပြုသွားမှာပါခင်ဗျ ကျနော်တို့ တာဝန်ပေးတဲ့လူတွေနဲ့ အားလုံးတွေ့ဖို့အစီအစဉ်ရှိပါတယ်။”

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အကြံပေး အစီရင်ခံစာတင်ပြဖို့အတွက် ကုလ အတွင်းရေးမှူးချုပ် ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ သြဂုတ်လ ၂၂ရက်နေ့ မွန်းလွဲပိုင်း ၃နာရီမှာ ရန်ကုန်မြို့ကို ရောက်ရှိလာတာပါ။ သြဂုတ်လ၂၄ရက်နေ့ ကြာသပတေးနေ့မှာတော့ ရခိုင်ပြည်နယ် အကြံပေး ကော်မ ရှင်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အများပြည်သူသိအောင် အပြီးသတ်အစီရင်ခံစာကို ချပြမှာ ဖြစ်ပါ တယ်။

ရခိုင် အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာတော့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတားဆီးရေး၊ ပြန်လည် သင့်မြတ်ရေး၊ အခြေခံ ဝန်ဆောင်မှုတွေရရှိနိုင်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ရရှိနိုင် ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အကြောင်းအရာတွေ ပါဝင်မယ်လို့ ကော်မရှင်ဘက်က အသိပေးထားပါ တယ်။

ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်ဟာ မနက်ဖြန်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။ ရခိုင် အမျိုးသားပါတီ ဘက်ကတော့ ဒီ တွေ့ဆုံမှုမှာ မပါဝင်လိုကြောင်း အကြောင်းပြန်ကြားထားတယ်လို့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်ပေါ့နော် ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က အမတ်တွေကို မနက်ဖြန်တွေ့ဖို့ ကိုဖီအာနန်ဘက်က တောင်းဆိုတဲ့ပုံပဲ ဆိုတော့ ကျနော်တို့ ရခိုင်အမျိုးသားပါတီဘက်က အမတ်တွေကတော့ မတွေ့လိုဘူးဆိုတဲ့သဘောနဲ့ ပြန်ကြားထားတာရှိတယ်။ ဘာကြောင့်ဆိုရင် အစကတည်းက ကျနော်တို့ ကိုဖီအာနန်ကော်မရှင်ဖွင့်စဉ်ကတည်းက ကျနော်တို့ ပြည်သူ့လွှတ်တော်ဘက်မှာလည်း ကန့်ကွက်တာရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံဥပဒေအရ အဲဒီလို နိုင်ငံတကာနဲ့ ယှဉ်တဲ့ ပုဂ္ဂိုလ်များနဲ့ ရခိုင်ပဋိပက္ခကို စုံစမ်းဖွဲ့စည်းပိုင်ခွင့်ကို ဥပဒေအရမရှိဘူး။”

လက်ရှိ ရခိုင်ပြည်နယ်ရဲ့ ပြဿနာကို မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံ ပြုချက်တွေလောက်နဲ့တင် ဖြေရှင်းနိုင်မယ် အနေအထားမရှိဘူးလို့လည်း ဒေါက်တာအေးမောင်က သူ့ အမြင်ကို ပြောပါတယ်။

“အဲဒီတော့ နောက်ဆုံးအစီရင်ခံစာ ထွက်တော့မယ်၊ မထွက်ခင် မနက်ဖြန်ဆိုလားတပတ်ခါဆိုလား ၊ သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်။ အဲဒီတော့ သူ့အစီရင်ခံစာကို ဒီဘက်က အစိုးရလွှတ်တော် ၊ တပ်မတော်ဘက်က ဘယ်လောက်အထိ လက်ခံမလဲ အဲဒါကတော့ ကျနော်တို့ မပြောနိုင်ဘူး။ အဲဒီတော့ ကျနော်တို့နားလည်တာက လက်ရှိ ရခိုင်ဘက်မှာဖြစ်နေတဲ့ ပြဿနာသည် နိုင်ငံတကာအဖွဲ့အစည်းတခုမှာ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တဦး လာရောက်ပြီးမှ ၊ ခုနကပြောသလို လေ့လာစုံစမ်းပြီးမှ အကြံပြုတာလောက်နဲ့ ဖြေရှင်းလို့ရမယ့်အနေအထားမဟုတ်ဘူးလို့ ကျနော်တို့ဘက်က သုံးသပ်တယ်။”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာကိုတော့ ၂၀၁၇ မတ်လတုန်း က ထုတ်ပြန်ခဲ့ပြီး အဲ့ဒီအစီရင်ခံစာပါ အကြံပေးချက်တွေရဲ့ တဝက်လောက်ကိုတော့ အကောင်အထည် ဖော်ထားနိုင်ပြီလို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုထားတာလည်းရှိပါတယ်။

ရခိုင်အကြံပေးကော်မရှင်ဟာ ရခိုင်ပြည်နယ်ထဲက မတူကွဲပြားတဲ့ အသိုင်းအဝိုင်း နှစ်ခုကြားက နက်နဲတဲ့ ပြဿနာတွေ ပြေလည်နိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တွေကို အဓိက အကြံပြုနိုင်ဖို့ ဖွဲ့စည်းထားတာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိမရှိဆိုတာကို အဓိက စုံစမ်းဖို့ မဟုတ်ပါဘူး။

ရခိုင်အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၁၆ သြဂုတ်လမှာ ဖွဲ့စည်းခဲ့ပြီး ၂လအကြာမှာ ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လူနည်းစု မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်ခဲ့ ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကတော့ ကုလသမဂ္ဂက သံသယရှိသလိုမျိုး လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မရှိခဲ့ ဘူးလို့ ပြောဆိုထားတာလည်းရှိပါတယ်။

အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce

ဗွီအိုအေမြန်မာပိုင်း
22.8.2017

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးအတွက် လတ်တလော စစ်တပ်အင်အားတွေတိုးချခဲ့ပြီးနောက် အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce ကတိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာမွတ်ဆလင်တွေအများ ဆုံးရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်တွေချထားရာက လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်တယ်လို့ California ပြည်နယ်က Republican အမတ် Royce ကဆိုပါတယ်။ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့လိုတယ်ဆိုတာ အမေရိကန်အစိုးရအနေနဲ့ ပြတ်ပြတ်သားသားပြောဖို့လိုတယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကြားနာပွဲကို အောက်လွှတ်တော်မှာ မတ်လက လုပ်ခဲ့စဉ်မှာလည်း ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတဲ့ ကိစ္စကိုကုလသမဂ္ဂကတဆင့် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စုံစမ်းဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။

Ed Royce နှင့် နိုင်ငံတော်အတိုင်ပင်ခံ တွေ့ဆုံစဉ်

ဝါရှင်တန်မြို့တော်ကို ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ်က လာခဲ့စဉ်ကလည်း ရိုဟင်ဂျာတွေဖိနှိပ်ခံနေရတဲ့အပေါ် စိတ်ပျက်မိတယ်လို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce က ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဒေသခံတွေ သတ်ဖြတ်ခံရမှု ဖမ်းဆီးခံရမှုတွေ တိုးလာတဲ့အတွက် လုံခြုံရေးတိုးမြှင့်ပေးဖို့ ရခိုင်အမျိုးသားပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တောင်းဆိုခဲ့ပြီးနောက် ခုလိုတပ်တွေ တိုးချခဲ့တာဖြစ်ပါတယ်။ စစ်တပ်တွေကို ယာယီမဟုတ်ဘဲ အမြဲတမ်းချထားပေးဖို့ လွှတ်တော်မှာ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် အသိုင်းအဝိုင်းတွေကြား နှစ်ပေါင်းကြာရှည်ထဲကရှိနေခဲ့တဲ့ ပြဿနာတွေပြေလည်နိုင်ရေးနဲ့ အေးချမ်းဖံွ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်အစီရင်ခံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က ကြာသပတေးနေ့မှာ ထုတ်ပြန်ဖို့ရှိနေပါတယ်။

ရခိုင်ပြည်နယ်မောင်တောခရိုင်ထဲမှာ လက်နက်ကိုင်တချို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ပါတ်သက်လို့ စုံစမ်းခဲ့တဲ့ မောတောဒေသစုံစမ်းရေးကော်မရှင်ကတော့ကုလသမဂ္ဂက စွပ်စွဲခဲ့သလို လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုမျိုးတွေ မရှိခဲ့သလို လူမျိုးတုန်းသတ်ဖြတ်တယ်လို့ ယူဆနိုင်တဲ့အခြေအနေမျိုးလည်း မတွေ့ရှိခဲ့ရဘူးလို့ August လဆန်းပိုင်းက အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်စဉ်မှာ ကော်မရှင်ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။ ဒီအပေါ် နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တချို့က ဝေဖန်ခဲ့ပါတယ်။

MYARF
RB News
21.8.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇာ နယ်မြေပိုင် ကျေးရွာများတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှူးနှင့် ရင်းနှီးသူများက ရွာသားများကို ခြိမ်းခြောက်၍ နယ်မြေမှူးအတွက် ငွေကောက်ခံလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် ကျွန်းပေါက်ကျေးရွာအုပ်စု၊ ကျွန်းပေါက်ရွာတွင် ဦးဟာဖီးဇ်အနိုဝါရ် (ဘ) ဦးဟာဘီရာမာန်နှင့် ယင်းကျေးရွာအုပ်စု ကျောက်ဆည်ရွာနေ မော်လ၀ီမာမတ်အာမီးန် (ဘ) ဟာဂျီဦးအာဘူကာဆိမ်း တို့နှစ်ဦးထံမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှူးနှင့် ရင်းနှီးသူ တင်းမေးကျေးရွာအုပ်စုနေ ဦးမာမတ်ဇူဘိုင် (ဘ) ဦးမော်ဆာန်အလီက နယ်မြေမှူးအတွက် ငွေကျပ် (၅) သိန်း တောင်းခဲ့သည်။ ဦးဟာဖီးဇ်အနိုဝါရ်နှင့် မော်လ၀ီ မာမတ်အာမီးန် တို့က ဦးမာမတ်ဇူဘိုင် တောင်းခံသည့် ငွေကျပ် (၅) သိန်းကို မပေးသဖြင့် အကြမ်းဖက်ခေါင်းဆောင်များဟု အမည်စာရင်း ရေးသွင်းထားကြောင်း သိရှိရသည်။ 

ငွေမပေးသူနှစ်ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးရန် နေ့စဉ် အိမ်တိုင်ရာရောက်  လိုက်လံရှာဖွေလျက် ရှိပြီး၊ ထိုကဲ့သို့ ငွေမပေးခဲ့သူ တင်းမေကျေးရွာမှ မော်လ၀ီမာမတ်အလီ ကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ငါးရန့်ချောင်းကျေးရွာအုပ်စု၊ မောင်နှမရွာတွင် နယ်မြေမှူးနှင့် ရင်းနှီးသူများ ဖြစ်ကြသည့် ဟာဂျီဦးအာဘူလ်ဘော်ရှော်ရ်နှင့် ဦးဟာမိတ် အပါအ၀င် (၄) ဦးတို့က ရွာသား (၅၃) ဦးထံမှ တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းမှ သိန်း (၂၀) ထိ ပေးရန် တောင်းခံလျက် ရှိသည်။ ရွာသား (၃၀) နီးပါးက ငွေပေးလိုက်သဖြင့် ငွေပေးနိုင်သူများ နေအိမ်တွင် နေနိုင်သော်လည်း ငွေမပေးနိုင်သည့် ရွာသားများမှာ နေအိမ်တွင် မနေနိုင်တော့ဘဲ တိမ်းရှောင်နေရကြောင်း၊ မိုးကြီးလေကြီးထဲတွင် ဒုက္ခပေါင်းများစွာဖြင့် ရွာအပြင်သို့ တိမ်းရှောင် နေရကြောင်း၊ ငွေမပေးနိုင်သူများကို နယ်ခြားစောင့်ရဲများက နေ့စဉ်နေ့တိုင်း အိမ်တိုင်ရာရောက် လာရောက် ရှာဖွေလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 



MYARF
RB News
21.8.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မင်းကြီးရွာသို့ ကြိမ်ချောင်းမှ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ ဒေသခံရိုဟင်ဂျာများ၏ နေအိမ် (၃) လုံး ဖြိုဖျက်ခဲ့ပြီး၊ ပစ္စည်းများ လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

သြဂုတ်လ (၂၀) ရက်နေ့ နံနက် ၄း၃၀ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း မင်းကြီးရွာသို့ ကြိမ်ချောင်း နယ်မြေပိုင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၆) ခုမှ တပ်ဖွဲ့ဝင် (၈၀) ဦးခန့် ၀င်ရောက်လာပြီး ရွာကို ၀န်းရံ ပိတ်ဆို့ကာ ဒေသခံ အမျိုးသား၊ အမျိုးသမီး ၂၀၀ ကျော်ကို နေအိမ်များမှ ထွက်စေပြီး ဗလီဝတ်ကျောင်းတော်၏ ခြံဝင်းအတွင်းတွင် စုထားခဲ့သည်။ ၎င်းတို့က ဒေသခံများကို နေအိမ်များမှ ထွက်လာရာတွင် နှောင့်နှေးသည်ဟု ဆိုကာ ဆဲဆိုခြင်း၊ ဖိနပ်များဖြင့် ကန်ကျောက်ခြင်း၊ လက်သီးများဖြင့် ထိုးကြိတ်ခြင်း၊ ခေါင်းပုဝါ ခြုံလာသူများကို ရွေး၍ ပါးရိုက်ခြင်း၊ ပုဝါများ ဆွဲယူ၍ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် အဆိုပါ နယ်ခြားစောင့်ရဲများသည် ဦးဆုလ်တာန်အာမတ် (ဘ) ဦးအဒူကော်ရီးမ် ၏ ငွေကျပ် သိန်း (၇၀) တန် အိမ်တစ်လုံး၊ ဦးမိုဟာမတ်အာလောမ် (ဘ) ဦးအာဘူအာလောမ် ၏ ငွေကျပ် သိန်း (၄၀) တန် အိမ်တစ်လုံး၊ ဦးမိုဟာမတ်နူရ် (ဘ) ဦးကာလာမျာ ၏ ငွေကျပ် (၁၀) သိန်းတန် အိမ်တစ်လုံး တို့ကို ဖြိုဖျက် ဖျက်ဆီးခဲ့သည်။ 

ရွာမှ ပြန်လည်ထွက်ခွာချိန်တွင် ဆိုလာပြား (၅) ခု၊ ဘက်ထရီ (၈) လုံး၊ Power Bank (၄) လုံး၊ ခို (၂၃) ကောင်နှင့် ကြက် (၅၅) ကောင် တို့ကို လိုင်စင်ရ ဓါးပြများကဲ့သို့ လုယက် ယူဆောင်သွားကြောင်း ဒေသခံများက ပြောပါသည်။ 






MYARF
RB News
21.8.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနားကျေးရွာအုပ်စု၊ နူရူလ္လာရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ၀န်းရံပိတ်ဆို့ပြီး အပြစ်မဲ့ရွာသား (၆) ဦးကို ဖမ်းဆီးသွားပြီး၊ နေအိမ် (၃) လုံး ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ 

သြဂုတ်လ (၂၀) ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာအုပ်စု၊ နူရူလ္လာရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ အင်အား ၂၀၀ ခန့်က ရုတ်တရက် ၀င်ရောက်စီးနင်းပြီး နေရာအနှံ့ ရှာဖွေခဲ့သည်။ ၎င်းတို့ ရှာဖွေစဉ် တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ဦးအဒူမော်တော်လောဖ် (ဘ) ဦးအာဘူလ်ကာဆိမ်း၊ ဒေါ်ရုခ်ဘာနာ (ဘ) ဦးနော်ဇီအာမတ်နှင့် ဦးဘိုက်ထား (ခ) ဟာရွန်ရော်ရှိတ် (ဘ) ဦးအဒူဇော်ဘော်ရ် တို့ (၃) ဦး၏ နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း၊ အလုပ်သွားရန် နေအိမ်များမှ ထွက်လာသည့် ဦးနူရ်အစ္စလာမ် (ဘ) ဦးအီဆုပ်ဇော်လာလ်၊ ဦးဖိုင်ဆဲလ် (ဘ) ဦးနူရ်အစ္စလာမ်၊ ဦးဆာဒေခ် (ဘ) ဦးကာဆိမ်း၊ ဦးရှောမ်ရှုအာလောမ် (ဘ) ဦးကာဆိမ်း၊ ဦးဒိလ်မာမတ် (ဘ) ဦးဟာဆောင်း နှင့် ဦးအဒူရှကူရ် (ဘ) ဦးအစ္စမိုင်လ် တို့ကို အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 



RB News
20.8.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ကျွန်းပေါက်ပြုစုကျေးရွာအုပ်စု ဘော်တလီ ၂ ရွာမှ ဒေသခံတစ်ဦးကို နယ်ခြားစောင့်ရဲများက လုပ်ကြံ၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

သြဂုတ်လ (၁၉) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ဇီးပင်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှ နယ်ခြားစောင့်ရဲ (၇) ဦးသည် ကျွန်းပေါက်ပြုစုကျေးရွာအုပ်စု၊ ဘော်တလီ ၂ ရွာသို့ ရောက်ရှိလာခဲ့ပြီး ယင်းရွာမှ ဦးအာဘူတာဟဲရ် (ဘ) ဦးအဒူရှကူရ်၏ နေအိမ်ကို ၀င်ရောက်စီးနင်း စစ်ဆေးခဲ့သည်။ နေအိမ်တွင် ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နယ်ခြားစောင့်ရဲများက ၎င်းတို့နှင့်အတူ အသင့်ယူဆောင်လာသော ဘင်္ဂလားငွေ တာကာ တစ်ဆယ်တန် တစ်ရွက်ကို နေအိမ်၏ တစ်နေရာတွင် ထား၍ နေအိမ်တွင်းမှ ရှာဖွေတွေ့ရှိသည့်ပုံစံဖြင့် လုပ်ကြံကာ အိမ်ရှင်ဖြစ်သူ ဦးအာဘူတာဟဲရ် ထံမှ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများသည် နေအိမ်ကို ရှာဖွေစစ်ဆေးရာတွင် အိမ်ရှင်များကို အတူလိုက်ကြည့်ခွင့် မပေးဘဲ မိသားစုဝင်များ အားလုံးကို နေအိမ်များ၏ အပြင်သို့ ထုတ်၍ ထိန်းသိမ်းထားလေ့ရှိသည်။ ထိုကဲ့သို့ ပိုင်ရှင်များအား အတူလိုက်ကြည့်ခွင့် မပေးခြင်းမှာ ၎င်းတို့နှင့် အတူပါလာသည့် ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများ နေအိမ်ထဲတွင် ထားရှိရန် ဖြစ်ပြီး၊ ပြဌာန်းထားသည့် ဥပဒေကို ချိုးဖောက်ခြင်းလည်း ဖြစ်သည်။ 



MYARF
RB News
19.8.2017

မောင်​​တော ။ ။ ရခိုင်ပြည်နယ်၊ ​မောင်​​တောမြို့နယ်​မှ ညောင်​​ချောင်းရွာသား တစ်​ဦးသည် မြို့ထဲတွင်ဆိုင်​​ရောင်းပြီး ည​နေအိမ်​ပြန်​စဉ် ပန်း​တောပြင်​ နယ်​ခြား​စောင့်​ရဲတပ်ဖွဲ့စခန်းမှ နယ်ခြားစောင့်ရဲများ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း သတင်းရရှိပါသည်။ 

ဩဂုတ်​လ ၁၇ ရက်​​နေ့၊ ည​နေ ၅ နာရီခွဲအချိန်​၌ မြို့ထဲတွင် ဆိုင်​​ရောင်းပြီး အိမ်​ပြန်​လာသူ ​ညောင်​​ချောင်း​ကျေးရွာသား ဦးမိုဟာမတ်​ ​အေ​မေရာန် (ဘ) ဦး​ဖော်​​ဇော်​လ်​အမတ်​ (အသက် ၃၀ နှစ်) ကို ပန်း​တောပြင်​ နယ်​ခြား​စောင့်​ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများက အ​ကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ ၎င်းကို ဖမ်းဆီး​ခဲ့ခြင်းနှင့် ပတ်သက်၍ မျက်​မြင်​ သက်​​သေတစ်​ဦးက --

“အတူတူ ဆိုင်​ကပြန်​လာတာ။ မကျည်းချောင်းစခန်းက ရဲမှူးလည်း စခန်းထဲရှိတယ်​။ သူ့ကို ခဏ ဆိုပြီး ​ခေါ်တယ်။ ​နောက်​​တော့ အိမ်​ပြန်​ခွင့်​မပြုဘဲ ဖမ်းလိုက်တယ်​” ဟု ပြောပါသည်။  

ဖမ်းဆီးခံရသူသည်​ ​မောင်​​တောမြို့​ပေါ်တွင်​ စက်​ဘီးနှင့်​အပိုပစ္စည်း ​ရောင်းဝယ်​​နေသည့်​ လူငယ်​တစ်​ဦးဖြစ်​ပြီး အကျင့်​စာရိတ္တ​ အလွန်ကောင်းမွန်​သည်​ဟု ၎င်းနှင့် ရင်းနှီးသူများက ဆိုသည်​။

ည​နေ ၉ နာရီခွဲ​ခန့် အချိန်​တွင်​ ၎င်းကို မကျည်း​ချောင်းစခန်းသို့ ​ခေါ်​ဆောင်​သွားပြီး ​သြဂုတ်လ (၁၈) ရက်နေ့တွင် ​မောင်​​တောတရားရုံးသို့ ​ခေါ်​ဆောင်​လာပြီး ရမန်​ ရယူခဲ့သည်​ဟု ​ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းသည်​ ခန္ဓာကိုယ် သေးငယ်၊ အရပ်ပု၍ အားအင်​ချည်​နဲ့သူတစ်​ဦး ဖြစ်ပါသည်​။ အ​မေအိုတစ်​ဦး၏ တစ်​ဦးတည်း​သော သားဖြစ်​သည့်​ ဦးမိုဟာမတ်အေမာရာန်သည်​ အလွန်​ပင်​ ​အေး​အေးချမ်းချမ်း ​နေထိုင်သူတစ်​ဦးဖြစ်​သည်​ဟု ၎င်းနှင့်​ရင်းနှီးသူများက ပြောပါသည်။ 

၎င်းကို မတရားသဖြင့် အကြောင်းမဲ့ ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး ​ကော်​မတီက “လုံခြုံရေးတပ်ဖွဲ့ဝင်များသည်​ သြဂုတ် ၁၇ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် လှည့်ကင်းဆောင် ရွက်စဉ် မသင်္ကာတရားခံ ဖမ်းဆီးရမိသည်” ဟု သတင်းထုတ်​ပြန်​ခဲ့သည်​။ 

နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး ​ကော်​မတီ၏ သတင်းထုန်​ပြန်​ချက်​နှင့်​ ပတ်​သက်​၍ ​မောင်​​တောခရိုင်​၏ လူ့အခွင့်​အ​ရေးကို ​စောင့်​ကြည့်​​လေ့လာ​နေသည့်​ အဖွဲ့မှ ကိုထွန်းနိုင်​ကို ​မေးမြန်းခဲ့ရာ ၎င်းက နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး ​ကော်​မတီ၏ သတင်းထုတ်​ပြန်​မှုသည်​ လိမ်​ညာမှုသက်​သက်​သာ ဖြစ်​သည်​ဟု ဆိုသည်​။ 

“ဒါက သက်​သက်​ လိမ်​ညာ​နေတာ​ဗျာ။ ​အောက်​က သတင်းပို့တဲ့အတိုင်း နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံးက မစီစစ်​ဘဲ တင်​​နေကြတာ။ ဒီလူငယ်က မြို့ထဲမှာဆိုင်​​ရောင်းပြီး ပြန်​လာတာ​ဗျ။ အချိန်​က ည​နေ ၅ နာရီခွဲပါ။ ဒီလူငယ်ရဲ့ ဆိုင်​​သော့တွဲ၊ လက်​ကိုင်​ဖုန်းနဲ့၊ သူစီးလာတဲ့ စက်​ဘီးက အခုထိ ပန်း​တောပြင်​ နယ်​ခြား​စောင့်​စခန်းမှာ ရှိ​နေတယ်​။ အဲ့ဒါ​တွေသွားယူဖို့ မိသားစုဝင်​​တွေကို ​ခေါ်​နေတာ သူ့အ​မေက မသွားချင်​ဘူး။ လှည့်​ကင်းလှည့်နေတဲ့အချိန် ဖမ်းတယ်ဆိုရင်​ သူ့မှာ ဆိုင်​​သော့တွဲပါလာစရာလား” ဟု ကိုထွန်းနိုင်က ပြောပါသည်။ 

အားအင်​ချည်​နဲ့သည့်​ ဦးမိုဟာမတ်​​အေ​မေရာန်​ကို နယ်​ခြား​စောင့်​ရဲများက ၎င်းတို့၏ ထုံးထမ်းဓ​လေ့အတိုင်း ညှဉ်းပန်း နှိပ်​စက်​မည်​ကို ​ဒေသခံများက အထူးစိုးရိမ်​​နေကြသည်​။ 

ဤကဲ့သို့ အပြစ်​မဲ့သူတစ်​ဦးကို အ​ကြောင်းမဲ့ဖမ်းဆီးပြီး မသင်္ကာမှုတပ်၍ အရေးယူနေသည့် အာဏာပိုင်​များ၏ လုပ်​ရပ်​များ ရပ်​တန့်​သင့်​ပြီ ဖြစ်​​ကြောင်း၊ အပြစ်မဲ့တစ်ဦးဖြစ်သည့် ဦးမိုဟာမတ်အေမာရာန်ကို အမြန်ဆုံး လွှတ်ပေးရန် ဒေသခံများ အားလုံး၏ ကိုယ်စား ပြည်ထောင်စုအစိုးရထံ တောင်းဆိုပါသည်ဟု ကိုထွန်းနိုင်က ပြောပါသည်။




(ဓါတ်ပုံ May Wong/Channel News Asia)

RB News
18.8.2017

မြန်မာအစိုးရက ရခိုင်အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် လော်ဘီ ပြုလုပ်ရန်အတွက် အထူးသံတမန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ဘီဘီစီမြန်မာပိုင်းတွင် ဒေါ်ခင်လှ (ကျောင်းဆရာမဟောင်း)၊ ဒေါ်စောခင်တင့် (ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်) နှင့် ဦးမင်းလွင်ဦး (လူ့အခွင့်အရေးရှေ့နေ) တို့က ပါဝင် ဆွေးနွေးထားသည်ကို အောက်ပါ အသံဖိုင်တွင် နားဆင်နိုင်ပါသည်။ 




Rohingya Eye
RB News
17.8.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း သင်္ဂနက်ကျေးရွာတွင် ပိတ်ဆို့ခံထားရသည့် ဒေသခံရိုဟင်ဂျာများမှာ အပြင်သို့ သွားလာခွင့်မရသည့် အပြင် အာဏာပိုင်များ အသုံးချနေသည့် ရခိုင်အစွန်းရောက်များ၏ ဒဏ်ကိုလည်း ဆိုးဆိုးရွားရွားခံနေရကြောင်း သတင်းရရှိပါသည်။ 

ရသေ့တောင်မြို့နယ် မြောက်ပိုင်း သင်္ဂနက်ကျေးရွာတွင် ရိုဟင်ဂျာအိမ်ခြေ ၂၆၀ ခန့်ရှိသည်။ အများအားဖြင့် တောင်ယာခုတ်လုပ်ငန်းများ လုပ်ကိုင်ကြပြီး၊ ယခုအခါ တောင်ပေါ်သို့ သွားခွင့်မရှိသည်မှာ နှစ်လခန့်ရှိနေပြီ ဖြစ်သောကြောင့် စားဝတ်နေရေး ကျပ်တည်းလျက် ရှိသည်။ ယခင်က ရခိုင်ရွာထဲရှိ ဈေးဆိုင်များသို့ သွားရောက်၍ လိုအပ်သည်များကို ၀ယ်ယူနိုင်ခဲ့သော်လည်း ချွတ်ပြင်ရွာသားတစ်ဦး ပျောက်ဆုံးသည့် အချိန်မှစ၍ သွားလာခွင့် ပိတ်ပင်ခံရသောကြောင့် ဆေးဝါးနှင့် စားကုန်ပစ္စည်းများ ပြတ်လတ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

သြဂုတ်လ (၁၆) ရက်နေ့ နေ့လည် ၃ နာရီခွဲ အချိန်တွင် ယင်းကျေးရွာ၏ အနောက်ဘက်လမ်း အနီးတွင် နွားကျောင်းနေသည့် ဦးကာဒိရ်ဟူဆောင်း (ဘ) ဦးဟာလာ (အသက် ၅၀ နှစ်) ကို စစ်သားများ ကင်းလှည့်နေစဉ် တွေ့ရှိသွားပြီး ခေါ်ယူ၍ လူမဆန်စွာရိုက်နှက်ခဲ့သောကြောင့် သေလုမျောပါး ဖြစ်နေကြောင်း သိရှိရသည်။ 

သြဂုတ်လ (၁၅) ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင်လည်း ဦးမာမတ်ကာဆိမ်း (ဘ) ဦးအဒူရော်ရှိတ် (အသက် ၅၅ နှစ်) သည် ၎င်း၏ နွားများကို ရွာ၏ တောင်ဘက် တောင်တန်းအနီး အစာကျွေးနေစဉ် ချွတ်ပြင်ရွာမှ ရခိုင်အစွန်းရောက်နှစ်ဦးက ၎င်း၏ နွားများကို ရခိုင်ရွာထဲသို့ မောင်းသွင်းခဲ့သည်။ ထိုသို့ မောင်းယူနေစဉ် ၎င်းက ၎င်း၏နွားများကို ပြန်လည်တောင်းခံသောအခါ ချုံပုတ်အတွင်းမှ နယ်ခြားစောင့်ရဲ ၀တ်စုံဖြင့် ရခိုင်အစွန်းရောက် တစ်ဦး ထွက်လာပြီး လူမဆန်စွာ ရိုက်နှက်သောကြောင့် ဦးခေါင်းနှင့် မျက်နှာတို့တွင် သွေးထွက် ဒဏ်ရာရရှိခဲ့သည်။ ၎င်းအား ရွာသားများက ထမ်းယူ၍ နေအိမ်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့ရကြောင်း သိရှိရသည်။ 

ရခိုင်အစွန်းရောက်များ မောင်းယူသွားသည့် နွားများနှင့် ပတ်သက်၍ ရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ တိုင်တန်းပြီးနောက် သြဂုတ်လ (၁၆) ရက်နေ့တွင် မောင်းသွင်းသွားသည့် နွား (၂၅) ကောင် ပြန်လည် ရရှိခဲ့ကြောင်း၊ အဆိုပါ အစွန်းရောက်များကို အာဏာပိုင်များက နောက်ကွယ်မှ ကူညီပံ့ပိုးမှုကြောင့် ယခုကဲ့သို့ အတင့်ရဲနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 



MYARF
RB News
17.8.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အောင်စစ်ပြင်ကျေးရွာအုပ်စု ရီးဒါအရှေ့ရွာမှ ရိုဟင်ဂျာများ၏ နေအိမ်နှစ်လုံးကို ပူးပေါင်းအဖွဲ့က ၀ိုင်း၍ အတင်းအဓမ္မ ဖြိုဖျက်လိုက်ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း အောင်စစ်ပြင်ကျေးရွာအုပ်စု ရီးဒါအရှေ့ရွာသို့ ကြိမ်ချောင်း နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲများ၊ စစ်သားများ၊ လ.၀.က နှင့် ရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ်လ (၁၇) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် လူဦးရေ စစ်ဆးသည့် ပုံစံဖြင့် ၀င်ရောက်၍ ဦးအာယုပ်နှင့် ဦးဟာဆောင်း (ဘ) ဦးအာဘူအာလောမ် တို့ ညီအစ်ကိုနှစ်ဦး၏ နေအိမ်များကို အတင်းအဓမ္မ ဖြိုဖျက်လိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အိမ်များကို ဖြိုဖျက်၍ ရရှိသော သစ်များ၊ ၀ါးများ၊ အိမ်သုံးပစ္စည်းများ၊ စားသုံးကုန်ပစ္စည်းများ၊ အ၀တ်အထည်များ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် အခြားရွှေငွေများ အားလုံးကို သိမ်းဆည်း ယူဆောင်သွားကြောင်း ဒေသခံများက ပြောပါသည်။ 

တစ်ချိန်တည်းတွင် ဘေးပတ်ဝန်းကျင်ရှိ နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ ဆန်အိတ်များဖွင့်၍ ဆန်များကို လွှင့်ပစ်ခဲ့သည်။ ထို့အပြင် ဦးဖော်ကီရ်အာမတ် (ဘ) ဦးဆုလ်တာန်ထံမှ ငွေကျပ် ၄ သောင်း၊ ဦးနူရ်ဟူစိန်း (ဘ) ဦးဘော်ဒူဇာမာ ထံမှ ငွေကျပ် တစ်သောင်းလေးထောင်၊ မော်လ၀ီနူရ်ဟူစိန်း (ဘ) ဦးအဒူဇော်ဘောရ် ထံမှ မိုဘိုင်းဖုန်း နှစ်လုံး၊ ကြက် ၄ ကောင်၊ ခို ၆ ကောင်၊ ဦးမာမတ်အုလ္လာ (ဘ) ဦးအဒူဇော်ဘော်ရ် ထံမှ ကြက် ၉ ကောင်၊ ခို ၄ ကောင်၊ သစ်တုံး (၆" x ၆") ၄၀၊  ဦးဆော်လိမ် (ဘ) ဦးမာမတ်အာလောမ် ထံမှ လက်သမား ပစ္စည်းများအားလုံး၊ သစ်တုံး ၄၀၊ ပရိဘောအသစ် ၁၂ စုံ၊ ဦးဇူဘိုင်ရ် (ဘ) ဦးအလီအာမတ် ထံမှ ကွန်ပိုက် တစ်ခု၊ သစ်တုံး ၅၀၊ လွှကြီး နှစ်ခု၊ ခို ၁၀ ကောင်၊ ကြက် ၁၄ ကောင်၊ ဓါတ်မီး ၃ ခု၊ လွှကြီး တစ်ခု စသည်တို့အပြင် အိမ်သုံးပစ္စည်းများပါ လုယက်၍ ကားပေါ်သို့ တင်ဆောင်သွားကြောင်း၊ ဒေါ်ရော်ဟီးမာခါတူ (ဘ) ဦးအလီအာမတ်က အိမ်တွင်းမှ ပစ္စည်းများ မယူရန် ဟန့်တားသောကြောင့် ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ကြောင်း၊ ဦးယာကုပ် (ဘ) ဦးဘော်ဒီအာလောမ် မိသားစုဝင်များ၏ အ၀တ်အစားများကို မီးဖွားထားသူ သမီးကြီး မီးလုံနေသော မီးဖိုပေါ်သို့ တင်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။ 



MYARF
RB News
16.8.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာအုပ်စု ချင်းရွာမှ နွားကျောင်းသားများနှင့် လယ်သမားများကို စစ်သားများနှင့် ရခိုင်အစွန်းရောက်များက ဖမ်းဆီး၍ သွေးထွက် ဒဏ်ရာရသည့် အထိ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

သြဂုတ်လ (၁၅) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာအုပ်စု ချင်းရွာသို့ စစ်သားများနှင့် ရခိုင်အစွန်းရောက်များ ၀င်ရောက်၍ နွားကျောင်းသားများနှင့် လယ်သမားများကို မတရားသဖြင့် ဖမ်းဆီးပြီး သွေးထွက်ဒဏ်ရာရသည့် အထိ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရိုက်နှက် ညှဉ်းပန်းနှိပ်စက် ခံရသူများမှာ -- 

(၁) ဦးအဒူလော်တီ (ဘ) ဦးနူရ်အာမတ် (အသက် ၅၀ နှစ်)
(၂) ဦးအဗ်ဒူလ္လာ (ဘ) ဦးအာဘူလ်ဟာရှိမ်း (အသက် ၄၃ နှစ်)
(၃) ဦးဟာဘီရာဟ်မာန် (ဘ) ဦးဘာရူးမျာ (အသက် ၃၉ နှစ်)
(၄) ဦးရော်ဟီးမူလ္လာ (ဘ) ဦးအဒူဆလာမ် (အသက် ၄၀ နှစ်)
(၅) မိုဟာမတ်အီနုစ် (ဘ) ဦးရော်ဟီးမူလ္လာ (အသက် ၂၀ နှစ်)
(၆) ရာမ်ဇာန်အလီ (ဘ) ဦးဟာဖီးဇ်အာမတ် (အသက် ၂၅ နှစ်)
(၇) မိုဟာမတ်အီနုစ် (ဘ) ဦးဆီဒိခ်အာမတ် (အသက် ၂၁ နှစ်)
(၈) မာမတ်အာလောမ် (ဘ) ဦးအဒူဟာမိတ် (အသက် ၁၃ နှစ်)
(၉) ဦးမာမတ်ကာဆိမ်း (ဘ) ဦးအဒူရော်ရှိတ် (အသက် ၅၅ နှစ်)
(၁၀) ဦးကာဒိရ်ဟူစိန်း (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၅၀ နှစ်)
(၁၁) ဆယဒူရာမာန် (ဘ) ဦးရူရှောင်းအလီ (အသက် ၂၀ နှစ်)
(၁၂) အဒူရာမာန် (ဘ) ဦးရူရှောင်းအလီ (အသက် ၁၅ နှစ်) -- တို့ဖြစ်ကြသည်။ 






၂၀၁၆ခုနှစ် ဇူလိုင်လက ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ၀တ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)

အင်ကြင်းနိုင်
16.8.2017

ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုတွေ ရှိနေဆဲ နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေဆဲဖြစ်ပြီး CPC (Country of Particular Concern) လို့ခေါ်တဲ့ အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ကြောင်း မနေ့က ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှု အမေရိကန်က ပိတ်ပင်ထားတာကို ဆက်လက်ပြီး ထားရှိမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

ကမ္ဘာတ၀ှမ်း နိုင်ငံပေါင်း ၁၉၉ နိုင်ငံတို့က ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၆ နှစ်ပတ်လည် အစီရင်ခံစာကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ရာမှာဝန်ကြီး Rex Tillerson က ဘာသာရေးလွတ်လပ်ခွင့်အခြေအနေဟာ စိုးရိမ်ရဆဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ ဘာသာရေးနှိပ်ကွပ်မှုနဲ့ သည်းခံနိုင်မှု နည်းပါးခြင်းဟာ ဒီကနေ့ သိပ်ကို ထင်ရှားနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း နီးပါးဟာ ဘာသာရေး ကန့်သတ်မှုတွေ ဘာသာရေး အခြေခံတဲ့ ရန်လိုမုန်းထားမှုတွေရဲ့ အောက်မှာ နေထိုင်ကြရတာ ဖြစ်ပါတယ်။ ဘာသာရေး လွတ်လပ်မှုကို ကာကွယ်စောင့်ရှောက် နိုင်ခြင်း မရှိရင် တည်ငြိမ်မှု နည်းပါးမယ်။ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေမယ်။ အစွန်းရောက်တွေက အခွင့်ရေးယူပြီး ခြေကုပ်ယူကြမှာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ကျနော်တို့ အနေနဲ့ လစ်လျူရှုမထားနိုင်ပါဘူး။ကမ္ဘာတ၀ှမ်း ဘာသာရေး လွတ်လပ်မှု တိုးတက်စေဖို့ ဒီအခြေအနေတွေကို သမ္မတ ထရမ့် အစိုးရက ဖြေရှင်းပေးဖို့ သံဓိဌာန် ခိုင်မာပါတယ်။ ”

ဘာသာရေး လွတ်လပ်ခွင့် အဆိုးဆုံး (၇) နိုင်ငံတွေကတော့ အီရန်၊ ဆော်ဒီအာရေဗျ၊ တူရကီ၊ ဘာရိန်း၊ တရုတ်၊ ပါကစ္စတန်နဲ့ ဆူဒန်ဖြစ်ကြပြီး ဒီနိုင်ငံတွေမှာ ဘာသာရေး ကိုးကွယ်မှုကြောင့် အကျဉ်းချတာ၊ ကွက်မျက်တာ၊ နှောင့်ယှက် ဟန့်တားတာတွေ ပြုလုပ်နေတဲ့ အကြောင်း Tillerson က ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ကတော့ CPC လို့ခေါ်တဲ့ အထူးစိုးရိမ်နေရဆဲ နိုင်ငံစာရင်းထဲမှာ ရှိနေပါတယ်။ ၂၀၁၆ ခုနှစ် အတွင်း မြန်မာနိုင်ငံမှာ လူနည်းစုကိုးကွယ်တဲ့ ဘာသာဝင်တွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှု၊ သူတို့ ကိုးကွယ်တဲ့ ဘာသာရေး အဆောက်အဦးတွေ ဖြိုချဖျက်စီးခံရမှု၊ ဘာသာရေး မုန်းတီးအောင် လှုံဆော်မှုတွေ ရှိနေကြောင်း ဖေါ်ပြထားပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာ လူနည်းစုကိုးကွယ်တဲ့ ဘာသာဝင်တွေရဲ့လုံခြုံရေးကို ဥပဒေအရ အကာအကွယ်ပေးဖို့ အားနည်းနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘာသာပေါင်းစုံ လူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဌ ကိုရှိုင်းက ပြောပါတယ်။

“ ဘာသာရေး အစွန်းရောက်တဲ့ အဖွဲ့တွေကလည်း ဒီ NLD အစိုးရကို သွေးတိုးစမ်းတဲ့ အပိုင်းတွေက တော်တော်လေးကို များလာတယ်။ အခု ဘယ်လောက်အထိ အခြေအနေက ဖြစ်လာတုန်း ဆိုတော့ တခြား အရင်နှစ်တွေက ဆိုရင် နယ်တွေ နယ်တွေမှာ ဖြစ်လာရာကနေ ပြီးတော့မှ ဒီနှစ် ၂၀၁၇ ခုနှစ်ထဲမှာ ရန်ကုန်မြို့ထဲ အထိကို ၀င်လာတဲ့ အနေအထားကို ရှိတယ်။ ကျနော်တို့ သာကေတမှာ ဖြစ်တယ်။ နောက်ပြီးတဲ့ အခါ ကြတော့ ဒီ တောင်ညွန့်မှာ ဖြစ်သွားတယ်ပေါ့နော်။ နောက် ဒီသင်္ဃန်းကျွန်းဘက်မှာ ဆိုရင်လည်း ကြိုကြားကြိုကြားလေးတွေ ဖြစ်လာတာရှိတယ်။ ဒါပေမဲ့ အဲလိုဖြစ်လာတဲ့ ဖြစ်စဉ်တွေ အပေါ်မှာ အစိုးရဘက်က ကိုင်တွယ်မှု အခြေအနေကတော့ အခုအချိန်အထိ အားနည်းနေသေးတာ တွေ့ရတယ်ပေါ့။ သာကေတမှာ ဖြစ်သွားတဲ့ ကိစ္စမျိုးဆိုရင် တကယ့်တကယ်မှာ ဆိုရင် အစိုးရက တရားဥပဒေနဲ့ ထိထိရောက်ရောက်ကို သူ့အနေနဲ့ ထိန်းသိမ်းလို့ ရပါရဲ့နဲ့ သူ့အနေနဲ့ မထိမ်းသိမ်းနိုင်ခဲ့တဲ့ အခြေအနေမျိုးကို တွေ့တယ်။ အဲ့တော့ ဒီလိုမျိုးတွေ ဖြစ်လာတဲ့ အပေါ်မှာ တဖက်ကလည်း ပိုပိုပြီးတော့မှ သူက အကဲစမ်းလာတဲ့ ပုံစံမျိုးတွေ သွားတွေ့ရတယ်။ ”

အလားတူ လူနည်းစုကိုးကွယ်တဲ့ ဘာသာရေး ဘုရားရှိခိုးကျောင်း အဆောက်အဦးတွေ တည်ဆောက်ခွင့်မှာလည်း ကန့်သတ်မှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ အမေရိကန် အခြေစိုက် မြန်မာ- ကက်သလစ် ဘုန်းတော်ကြီး Timothy Hkui Shing Ling ကအခုလို ပြောပါတယ်။

“ ဥပမာ ကျနော်တို့ ဘုရားကျောင်း ဆောက်တဲ့အခါမှာ လွတ်လွတ်လပ်လပ် ဆောက်လို့ မရတာ။ ကတ်သလစ် အသင်းတော် အနေနဲ့ ပြောတာနော်။ ပြီးတော့ ကျနော်တို့ စာသင်ကျောင်းတွေ ဖွင့်တဲ့အခါမှာ သိပ်ပြီးတော့မှ လွတ်လွတ်လပ်လပ် ဒီမိုကရေစီ မရခင်ကတည်းက သိပ်မရှိခဲ့သေးတာ။ ”

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့၂၀၁၆ ခုနှစ် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံမှာ ဘာသာရေး ပွဲတော်တွေနဲ့ ပတ်သက်လို့ ခွဲခြားဖိနှိပ်မှုတွေ ရှိနေကြောင်း ဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာဝင်တွေရဲ့တမန်တော်နေ့ အခမ်းအနားကို နှစ်ပေါင်းများစွာ ကျင်းပလာရာမှာ အခုနောက်ပိုင်း အခက်အခဲတွေ ရင်ဆိုင်ရတဲ့ အခြေအနေကို ကိုရှိုင်းက အခုလိုပြောပါတယ်။

“ ဒီအစ္စလာမ် ဘာသာဝင်တွေရဲ့ ကျနော်တို့ရဲ့ ဒီတမန်တော်နေ့ အခမ်းအနားပေါ့။ ဒါ နှစ်စဉ်နှစ်တိုင်း ဟိုးရှေး ဘုရင်မင်းမြတ်တွေ လက်ထက်ကတည်းက နေပြီးတော့မှ တနိုင်ငံလုံး ကျင်းပလာခဲ့တာပေါ့။ ဒီတမန်တော်နေ့ အခမ်းအနားကို ဆိုရင် နောက်ပိုင်းမှာ ဒီမျိုးချစ်အမည်ခံ အဖွဲ့တွေက နေပြီးတော့မှ လာရောက်တားဆီးတယ်။ သူတို့က နေပြီးတော့မှ လူအုပ်နဲ့ လာပြီးတော့ ဆန့်ကျင် ဆန္ဒပြတာတွေ လုပ်ပြီဆိုရင် အစိုးရက နေပြီးတော့ ဒီပွဲကို ပိတ်သိမ်းဖို့ ဆိုပြီးတော့မှ လုပ်လာတယ်။ ဒါဟာလုံးဝ တရားနည်းလမ်းမကျဘူး တရားဥပဒေနဲ့ လုံးဝကို မညီညွတ်ဘူး။”

အစီရင်ခံစာထဲမှာ ၂၀၁၆ ခုနှစ် အတွင်း ဘာသာရေး အကြမ်းဖက်မှုတွေထဲ ထင်ရှားတဲ့ ဖြစ်ရပ်တွေ အဖြစ် ဇွန်လက ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသမိန် ကျေးရွာမှာအစ္စလာမ် ဘာသာဝင်တွေရဲ့နေအိမ်တွေနဲ့ ဘာသာရေး အဆောက်အဦး တခု ကို အကြမ်းဖက် အုပ်စုက ဖျက်ဆီးပြီး မွတ်စလင် ရွာသားတချို့ ထိခိုက် ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်၊ အဲဒီနောက် ဇူလိုင်လမှာ ကချင်ပြည်နယ် ဖားကန့် လုံးခင်းဘက်မှာ ယာယီ ဗလီ ဝတ်ပြုကျောင်း အဆောက်အဦးကို ရာချီတဲ့လူအုပ်က မီးရှို့ဖျက်စီးခဲ့တာတွေကို ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်က လူနည်းစု မွတ်စလင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း အစီရင်ခံစာမှာ အကျယ်တ၀င့် ဖေါ်ပြထားပါတယ်။ ၂၀၁၆ခုနှစ် အောက်တိုဘာလ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီး နောက်ပိုင်း အဲဒီမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေအပေါ် လုံခြုံရေး အကြောင်းပြချက်နဲ့ ပိုပြီး ခွဲခြားဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကို လုံခြုံရေးတပ်တွေက ကျူးလွန်ခဲ့ကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ မနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလ နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသူပေါင်း ခန့်မှန်းခြေ ၇၀,၀၀၀ လောက်ရှိပြီး အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ပုန်းအောင်း ခိုလှုံနေကြသူပေါင်း ၂၃,၀၀၀ လောက်ရှိပါတယ်။

၁၉၉၈ ခုနှစ်က ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေအရ မြန်မာနိုင်ငံဟာ ၁၉၉၉ ခုနှစ်ကတည်းက စလို့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး CPC လို့ခေါ်တဲ့ အထူး စိုးရိမ်နေရဆဲ နိုင်ငံစာရင်း သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက လက်နက်ရောင်းချမှုပိတ်ပင်တဲ့ ဒဏ်ခတ်အရေးယူမှုနဲ့အတူမြန်မာနိုင်ငံကို CPC နိုင်ငံအဖြစ် ပြန်သတ်မှတ်ခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးက အဆင့်မြင့် အစိုးရအရာရှိတွေဟာ မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့သလို ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ရတဲ့ ရခိုင်နဲ့ ကချင် ပြည်နယ်တွေကို သွားရောက်ခဲ့ပြီး ဒေသခံအာဏာပိုင်တွေ၊ NGO တွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးတို့မှာလည်း လူငယ်နဲ့ ဘာသာရေး သည်းခံမှု ထောက်ခံအားပေးတဲ့ အရပ်ဖက်၊ လူ့အဖွဲ့အစည်းတွေ ကြား ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

NLD အစိုးရလက်ထက် ဘာသာရေးနဲ့ ပတ်သက်လို့ ထူးခြားတိုးတက်မှုတွေထဲမှာ ဘာသာရေး၊ လူမျိုးရေး မုန်းတီးအောင် လှုံ့ဆော်နေတဲ့ မဘသ အဖွဲ့ကြီးကို တားမြစ်ပိတ်ပင်နိုင်ခဲ့တဲ့ အချက် အစီရင်ခံစာထဲမှာ ထည့်သွင်းဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့တွေကို ပြည်နယ်နဲ့ တိုင်းအနှံ့ ဖွဲ့စည်းခွင့်ပြုပြီး လူ့အဖွဲအစည်းတွေ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး ကြိုးပမ်းချက်တွေ ကိုလည်း အသိအမှတ်ပြုထားပါတယ်။

MYARF
RB News
15.8.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်တွင် အင်အားဖြည့်လိုက်သည့် စစ်သားများသည် ရသေ့တောင်မြို့နယ် အထက်နန်းရာ ကျေးရွာသို့ ၀င်ရောက်၍ လိုင်စင်ရ သောင်းကျန်းသူများပမာ လုယက်ဖျက်ဆီး၍ ဘာသာရေး စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရခိုင်ပြည်နယ်တွင် အင်အားဖြည့်လိုက်သည့် အထူးတပ်ဖွဲ့ တပ်မ (၃၃) မှ တပ်ဖွဲ့ဝင် (၃၈၀) ဦးသည် သြဂုတ်လ (၁၄) ရက်နေ့ နံနက် ၁၀ နာရီတွင် ရသေ့တောင်မြို့နယ် အထက်နန်းရာ ကျေးရွာအုပ်စုသို့ ၀င်ရောက်စီးနင်းပြီး အစိုးရစာသင်ကျောင်းမှ ကျောင်းဆရာတစ်ဦးအပါအ၀င် ရွာသား (၁၇) ဦးကို ဖမ်းဆီး စစ်ဆေးခဲ့သည်။ စစ်ဆေးရာတွင် ဖမ်းဆီးထားသူများထဲတွင် မော်လ၀ီ ဘာသာရေးဆရာများ ပါ/မပါ ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက် စစ်ဆေးခြင်း၊ မုတ်ဆိတ်ရှိသူများကို အကြမ်းဖက်သမားများဟု စွပ်စွဲခြင်း၊ လယ်သမားများကို “ရှေ့နှစ်မှာ စားနိုင်ဖို့ စိုက်နေတာလား၊ မလုပ်နဲ့၊ နေလို့ရမှာမဟုတ်ဘူး။ မကြာခင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မှာရှိတဲ့ ကုလားရွာတွေကို တစ်ချိန်တည်းမှာ ၀င်စီးပြီး မောင်းထုတ်မယ်၊ အဆင်သင့်လုပ်ထား” ဟု ခြိမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် ရွာထဲရှိ ဗလီဝတ်ကျောင်းတော်ထဲသို့ ၀င်ရောက်၍ ဘီရိုများ ဖွင့်၍ စစ်ဆေးစဉ် ဘီရိုအတွင်းရှိ ဘက်ထရီအိုး နှစ်လုံး 150W နှင့် 50W တို့ကို ဖျက်ဆီးခြင်း၊ ဗလီရှေ့ဆောင်ခန်းအတွင်း သေးပေါက်ခြင်း၊ ဗလီဝတ်ကျောင်းတော်၏ ခေါင်မိုးများကို သံချောင်းချွန်များဖြင့် ဖောက်ခြင်း၊ စာသင်ကျောင်းအတွင်း လေလည်၍ သရော်ခြင်း၊ သန့်စင်ခန်းရှိ ရေပိုက်များနှင့် ထိုင်ခုံငယ်များကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ 

အဆိုပါ စစ်သားများသည် ကောက်စိုက်နေသူများကို ကျောက်ခဲများဖြင့် ပစ်သဖြင့် ကောက်စိုက်သမား အချို့ ခေါင်းကွဲသွားခဲ့ကြောင်း၊ လမ်းဘေးဝဲယာတွင် တွေ့ရှိသည့် ခိုင်းနွားများကို သံတုတ်များဖြင့် ရိုက်နှက်သည့် အပြင် ဦးချိုများ ချိုးပစ်ခဲ့ကြောင်း၊ ရွာရှိ ဆိုင်ငယ်များ ဖြိုဖျက်ပြီး ပစ္စည်းများ လုယက်သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 




Rohingya Eye
RB News
15.8.2017

မောင်တော ။ ။ သြဂုတ်လ (၁၃) ရက်နေ့တွင် ရခိုင်လူမှုကွန်ယက်နှင့် ရခိုင်အမျိုးသားပါတီတို့ ဦးဆောင်၍ နယ်ပိုင်းမှ ဗုဒ္ဓဘာသာဝင်များကို ကားများဖြင့် ခေါ်ယူပြီး လူပေါင်း နှစ်ထောင်ခန့် စုဝေး၍ မြို့ပေါ်တွင် လှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲတွင် ရဲဝန်ထမ်း မိသားစုများနှင့် အခြားဌာနဆိုင်ရာ မိသားစုများလည်း ပါဝင်ဆင်နွဲခဲ့သည်။ ဆန္ဒပြပွဲကြောင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ အနီးတ၀ိုက်ရှိ ရိုဟင်ဂျာဆိုင်များ ပိတ်ထားခဲ့ရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဆန္ဒပြပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း ကိုယ်တိုင် ပါဝင်ဆင်နွဲနေသည်ကို တွေ့ခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။ ၎င်းသည် ရခိုင်ပြည်နယ် လွှတ်တော်တွင် တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပြီး၊ အဆိုပါ တာဝန်ဖြင့် မောင်တောမြို့သို့ နှစ်ကြိမ် လာရောက်ခဲ့သည်။ လာရောက်စဉ် ရခိုင်လူမျိုးများဖြင့်သာ အမြဲတွေ့ဆုံဆွေးနွေး၍ ရိုဟင်ဂျာများကို မုန်းတီးအောင်၊ ခွဲခြားဆက်ဆံအောင် ဇောင်းပေး ပြောဆို တိုက်တွန်းသည်ကို ကြားသိရသည်ဟု ဒေသခံများက ပြောပါသည်။ ရခိုင်ပြည်နယ် လွှတ်တော်က ယခုကဲ့သို့ လုပ်ဆောင်ရန် တာဝန်ပေးထားလေသလားဟု ဝေဖန် မေးခွန်း ထုတ်နေကြသည်။ 

ဆန္ဒပြသူများ၏ တောင်းဆိုချက်များတွင် “UN, INGO ထောက်ပံ့ရေး အဖွဲ့များအား အလိုမရှိ” ဟူသော တောင်းဆိုချက်များကြောင့် သြဂုတ်လ (၁၄) ရက်နေ့မှစ၍ နယ်ပိုင်းသို့ သွားရောက်မည့် NGO ၀န်ထမ်းများကို မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သွားလာခွင့် ပိတ်ပင်လိုက်သောကြောင့် သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း သိရှိရသည်။ ယခင်က တစ်ပတ်ကြို၍ ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ ခွင့်ပြုချက် တင်၍ သွားလာနိုင်ခဲ့သည်။

ယခု NGO လုပ်ငန်းများ ပိတ်ပင်လိုက်သောကြောင့် သြဂုတ်လ (၁၄) ရက်နေ့တွင် ACF ရုံးတွင် အာဟာရ အလွန်ချို့တဲ့သည့် ကလေးငယ်များကို အာဟာရတိုက်ကျွေးနိုင်ခြင်း မရှိသောကြောင့် ကလေးငယ် တစ်ထောင်ခန့် လာရောက်ပြီးမှ ပြန်သွားခဲ့ရကြောင်း ကိုယ်တိုင်တွေ့ရှိသည့် ဒေသခံများက RB News သို့ပြောပါသည်။ 

သြဂုတ်လ (၁၂) ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ကြေညာချက် ထုတ်ပြန်ရာတွင် လူမျိုးစု နှစ်စုကြား ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်အောင် အဓိကထား လုပ်ဆောင်နေသည်ဟု ရေးသားထားသည်။  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်လူမှုရေးရာ ၀န်ကြီး ဒေါက်တာချမ်းသာ က “မောင်တောမြို့နယ်တွင် ငတ်မွတ်နေခြင်း မရှိကြောင်း၊ ACF မှ အစီရင်ခံ အမှား ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ မောင်တောမြို့နယ်တွင် လယ်မြေ အများစုကို ရိုဟင်ဂျာများ ပိုင်ဆိုင်နေခြင်း ဖြစ်သည့် အတွက် ငတ်မွတ်နေခြင်း မဖြစ်နိုင်” ဟု ပြောဆိုခဲ့သည်။ NGO လုပ်ငန်း တစ်ရက် ပိတ်ပင်မှုတွင် ကလေးငယ် တစ်ထောင်ခန့် အာဟာရ မတိုက်ကျွေးနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ၎င်း၏ ပြောဆိုမှုများသည် လိမ်ညာခြင်း ဖြစ်သည်မှာ ပေါ်လွင်နေသည်။ 

၎င်းသည် မောင်တောမြို့သို့ ရံဖန်ရံခါ လာရောက်၍ ဗုဒ္ဓဘာသာဝင် များကို လယ်ယာသုံး ပစ္စည်းနှင့် ငွေကြေးများ ထောက်ပံ့ခြင်း၊ ပုဇွန်များ မွေးမြူနိုင်အောင် ပုဇွန် သားပေါက် ရေကန်များကို သီးခြား လုပ်ဆောင် ပေးနေသည်ကို တွေ့ရှိရသည်။ လူမျိုးစုနှစ်စု နေထိုင်ရာအရပ်ဒေသတွင် လူမျိုးတစ်မျိုးကို အဓိကထား ထောက်ပံ့နေခြင်းမှာ ၎င်း၏ လူမျိုးရေးခွဲခြားခြင်းကြောင့်သာ ဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်သူများက ဝေဖန် သုံးသပ်သည်။ 


Rohingya Eye
RB News
15.8.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲမှ ငွေကျပ် ၄ သိန်းတန်ဖိုးရှိ ရိုဟင်ဂျာပိုင် နွားတစ်ကောင်ကို န.တ.လ ရွာသားများက ဖမ်းဆီး၍ ပြန်မပေးတော့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း မြင့်လွတ်မြို့နယ်ခွဲ ဟော်ရော်သိလ္လာရွာမှ ဦးမိုဟာမတ်ဇော်လိလ် (ဘ) ဦးရှာရ်မိုဟာမတ် (အသက် ၄၀ နှစ်) ၏ နွားထီးတစ်ကောင်သည် သြဂုတ်လ (၁၂) ရက်နေ့တွင် စားကျက်တွင် ကျက်စားနေစဉ် ကျောက်ပန္ဓူကျေးရွာအုပ်စု န.တ.လ ရွာသို့ ရောက်ရှိသွားသဖြင့် န.တ.လ ရွာသားများက ဖမ်းဆီးလိုက်ပြီး ပိုင်ရှင်ထံသို့ ပြန်မပေးတော့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ နွားထီး၏ တန်ဖိုးမှာ ငွေကျပ် ၄ သိန်း ရှိသည်ဟု ဆိုသည်။ 

န.တ.လ ရွာ ဖြစ်သောကြောင့် ရိုဟင်ဂျာရွာသားများ ၀င်ခွင့်မရှိသဖြင့် ပြန်လည် တောင်းယူရန် နည်းလမ်းလည်း မရှိကြောင်း အဆိုပါ ဒေသခံက ဖြည့်စွက် ပြောပါသည်။ ယခင်က န.တ.လ ရွာများသို့ သွားခွင့်ရှိခဲ့သော်လည်း လွန်ခဲ့သည့် အပတ်က စ၍ စစ်တပ်က တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

“ကျွန်တော်တို့ မွေးထားတဲ့ ကျွဲ၊ နွားတွေ ဟိုဘက်ကို ရောက်သွားရင် ပြန်မရတော့ဘူး။ အဲလို အခက်အခဲတွေကြောင့် ကျွဲ၊ နွားတွေ မွေးဖို့တောင် မလွယ်တော့ဘူး။ ကျွဲ၊ နွားမရှိရင် လယ်ယာ စိုက်ပျိုးရေး လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ အတော်လေးကို စိတ်ပျက်ဖို့ ကောင်းတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 


RB News
15.8.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ချိန်ခါလီ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်က ဒေသခံများထံမှ လုယက်သည့်အပြင် ဆိုင်ကယ်များ ငှားယူ၍ ဖျက်ဆီး၍ ပြန်အပ်ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ချိန်ခါလီကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ်သည် အလယ်သံကျော်ကျေးရွာအုပ်စု မောင်တူလာရွာမှ ကွန်ပိုက်သမားများ ခက်ခက်ခဲခဲ ဖမ်းထားသည့် ငါးများကို လုယက်ကြောင်း၊ ရွာထဲသို့ အချိန်မတော် ၀င်ရောက်၍ ကြက်များ ဖမ်းယူသွားကြောင်း၊ ဆိုင်ကယ်များ ငှားရမ်း၍ ဖျက်ဆီးပြီးနောက် ပိုင်ရှင်များထံ ပြန်အပ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ ဒုရဲအုပ်က နေ့စဉ်နှင့်အမျှ လုယက်ခြင်းများ ပြုလုပ်နေသဖြင့် ရွာသူရွာသားများ အခက်အခဲမျိုးစုံ ကြုံတွေ့နေရကြောင်း၊ အထက်အာဏာပိုင်များက ဟန့်တား အရေးယူပေးပါရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
14.8.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင်ကျေးရွာ တ၀ိုက်တွင် အစိုးရ လက်နက်ကိုင် အဖွဲ့အစည်းများက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ဒေသခံရိုဟင်ဂျာများကို ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ကာ မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်မြေမှူးအပါအ၀င် နယ်ခြားစောင့်ရဲ (၄၀) ဦးတို့သည် တင်းမေကျေးရွာအုပ်စုသို့ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် အကြိမ်ကြိမ်ဝင်ရောက်၍ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ကာ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အမှတ် (၉) နယ်မြေ တောင်ဘဇာ စခန်းမှ နယ်မြေမှူး ရဲမှူးထွန်းနိုင် အပါအ၀င် တပ်ဖွဲ့ဝင် (၂၅) ဦးနှင့် ကျောင်းတောင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင် (၁၅) ဦးတို့ ပူးပေါင်း၍ သြဂုတ်လ (၁၁) ရက်နေ့တွင် တင်းမေကျေးရွာအုပ်စု၊ အမှတ် (၆) ရပ်ကွက်ကို ၀န်းရံပိတ်ဆို့ပြီး အပြစ်မဲ့ ရွာသား (၂၄) ဦးကို ဖမ်းဆီး၍ ငွေကျပ် (၃၆) သိန်း ညှစ်ယူ၍ (၂၃) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း မော်လ၀ီမာမတ်အလီကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးထားကြောင်း သိရှိရသည်။ 

တစ်ဖန် သြဂုတ်လ (၁၃) ရက်နေ့ ညသန်းခေါင်ယံ တစ်နာရီခန့် အချိန်တွင် တင်းမေကျေးရွာအုပ်စု မြစ်နားရွာကို ၀န်းရံပိတ်ဆို့၍ တစ်အိမ်တက်ဆင်း ရှာဖွေခဲ့သည်။ ရှာဖွေစဉ် ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ဒေသခံရွာသား (၁၆) ဦးကို ဖမ်းဆီး၍ ကျောင်းတောင်စခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ နံနက် (၄) နာရီအချိန်တွင် (၁၂) ဦးကို ငွေကျပ်တစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ ကျန်သည့် (၄) ဦးဖြစ်သည့် ဦးနူရ်အာလောမ် (ဘ) ဦးဘော်ရှိရ်အာမတ် (အသက် ၄၂ နှစ်)၊ ဦးအဲရ်ရှားဒ် (ဘ) ဦးအဒူဂေါ်ဖာရ် (အသက် ၃၁ နှစ်)၊ ဦးရှာကဲရ် နှင့် ဦးဇာကဲရ် တို့ကို တစ်ညလုံး လူမဆန်စွာ ရိုက်နှက်ပြီးနောက် သြဂုတ်လ (၁၄) ရက်နေ့ နေ့လည် တစ်နာရီအချိန်တွင် ငွေကျပ် (၅) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 



ရခိုင်ပြည်နယ်တွင်း လုံခြုံရေးယူထားတဲ့ မြန်မာစစ်တပ်။

ဗွီအိုအေမြန်မာပိုင်း
12.8.2017

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်အင်အား တိုးမြှင့် ချထားလိုက်တယ်ဆိုတဲ့ သတင်းအပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံ လူ့ အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးမှူး ယန် ဟီးလီက သြဂုတ်လ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် တခုမှာပြောထားပါတယ်။

ဒီအခြေအနေဟာ အဓိကစိုးရိမ်ဖွယ်ရာ အကြောင်းတခုဖြစ်တဲ့အကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အခြေအနေအားလုံးမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ပြီး ရခိုင်ပြည်လုံခြုံရေးအခြေအနေကို ကိုင်တွယ်ဖြေရှင်းတာနဲ့အမျှ လူ့အခွင့်အရေးကို လေးစား လိုက်နာမှုရှိစေရေး အစိုးရအနေနဲ့ အာမခံချက်ပေးရမှာဖြစ်ကြောင်း မစ္စယန်ဟီးလရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက မောင်တောနဲ့ ဘူးသီးတောင်မှာ နယ်ခြားစောင့် ရဲစခန်းသုံးခုကို တိုက်ခိုက်ခံရပြီးချိန်၊ နိုဝင်ဘာလ မှာ နောက်ထပ် တိုက်ခိုက်မှုတွေဖြစ်ပြီးချိန် လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေလုပ်တာမှာ ဆိုးရွားတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် သူ့အနေနဲ့ အထူးသဖြင့် စိုးရိမ်တဲ့အကြောင်း မစ္စယန်ဟီးလက ပြော ထားပါတယ်။

အခုလို စစ်တပ်အင်အား တိုးမြှင့်ချထားတဲ့အပေါ် ရခိုင်အမျိုးသားပါတီ ANP ကတော့ ကြိုဆိုပါတယ်။ ANP ခေါင်းဆောင်တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သြဂုတ်လ ၉ ရက်နေ့က တွေ့ဆုံပြီး ရခိုင်ပြည်အရေး ဆွေးနွေးခဲ့ကြပြီး နောက်တနေ့မှာပဲ တပ်အင်အား တိုးမြှင့်ချထားတာပါ။ တပ်အင်အား တိုးမြှင့်ချထားလိုက်ပြီးတဲ့နောက် မောင်တောမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ် ၂ လ သက်တမ်းတိုးလိုက်သလို ရသေ့တောင်မြို့ နယ်တွင်းက နေရာတချို့မှာလဲ ညမထွက်ရအမိန့် ထုတ်ပြန်သွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဗွီအိုအေကိုပြောပါတယ်။

RB News
12.8.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု ဘော်တလီ ၁၊ ၂ နှင့် ရွာဟောင်းရွာ တို့တွင် နယ်ခြားစောင့်ရဲများနှင့် စစ်သားများ နေ့စဉ် ၀င်ရောက်၍ နှောက်ယှက်နေခြင်းကြောင့် ဒေသခံများ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။ 

တောင်ပြိုလက်ဝဲမြို့၊ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု၊ ဘော်တလီ ၁၊ ၂ နှင့် ရွာဟောင်းရွာ စသည့်ရွာများအတွင်းသို့ သြဂုတ်လ (၈) ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် ဇီးပင်ချောင်းနှင့် လိပ်ရ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ ၃၀ ကျော်နှင့် ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စစ်တပ်မှ စစ်သား ၅၀ ကျော်တို့ ပူးပေါင်း ၀င်ရောက်၍ နေအိမ်များကို တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးရှာဖွေခဲ့သည်။ 

၎င်းတို့ ရှာဖွေသည့် နေအိမ်များတွင် ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းဟူ၍ တစ်စုံတစ်ရာ ရှာမတွေ့ခဲ့သော်လည်း ဇီးပင်ချောင်း စခန်းမှ ရဲမှူးက အမျိုးသမီးများကို နေအိမ်အပြင်သို့ ထုတ်၍ လမ်းဘေးဝဲယာတွင် ထိုင်ခိုင်းခဲ့သည်။ ထိုသို့ ထိုင်ခိုင်းထားစဉ် ရဲမှူးက သက်ကြီးရွယ်အို အမျိုးသမီးများကို သေနတ်ဖြင့်ချိန်၍ အကြမ်းဖက်သမားတွေကို ပြပေးစမ်းဟု ခြိမ်းခြောက်ခဲ့ကြောင်း အမည်မဖော်လိုသည့် သက်ကြီးအဖွားအို တစ်ဦးက RB News သို့ပြောပါသည်။ 

ရိုးသား၍ လယ်ယာလုပ်ငန်းနှင့် ဈေးဆိုင်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ရွာသားများသည် နယ်ခြားစောင့်ရဲများ၊ စစ်သားများ၏ နေ့စဉ်ရက်ဆက် သောင်းကျန်းနေမှုများကြောင့် လယ်ယာလုပ်ငန်းများ ရပ်တန့်နေသည့် အပြင် ကျွန်းပေါက်ပြုစုဈေးလည်း ကြောက်စိတ်ပြည့်နှက်နေသည့် ဈေးဆိုင်ပိုင်ရှင်များ လာရောက်ဖွင့်လှစ်နိုင်ခြင်း မရှိသောကြောင့် အရောင်းအ၀ယ်များ ရပ်တန့်နေခြင်းကြောင့် ဒေသခံများ စားဝတ်နေရေး အတွက် အခက်အခဲ ကြုံတွေ့နေရသည်။ 

စားသောက်ရေး ကြပ်တည်းမှုဒဏ်ကို မခံမရပ်ဖြစ်နေသည့် ကျွန်းပေါက်ပြုစုမှ မိသားစု ၅၀ ကျော်သည် တစ်ဖက်နိုင်ငံတွင် ဒုက္ခသည်များအဖြစ်သာ ယာယီရပ်တည်ရန် ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောပါသည်။ 

နယ်ခြားစောင့်ရဲများသည် ဒေသခံ ရိုဟင်ဂျာများ၏ စည်းစိမ်ဥစ္စာများကို လုယက်ခြင်း၊ ဖျက်ဆီးခြင်းများကို လိုင်စင်ရ ဓါးပြများ သဖွယ် တရားဝင် လုပ်ဆောင်လျက် ရှိပြီး၊ ယင်းနေ့တွင် ကျွန်းပေါက်ပြုစု ဘော်တလီ ၁ ရွာမှ ဦးဇာဖော်ရ် (ဘ) ဦးကာဒီဘောရှုးနှင့် ဦးနူရ်အာလောမ် (ဘ) ဦးဖြုက်အာမတ်၊ ရွာဟောင်းရွာမှ ဦးဖော်ဇော်လာကိမ်း (ဘ) ဦးဆော်ယောဒ် တို့ကို ဖမ်းဆီးသွားပြီးနောက် ဦးနူရ်အာလောမ် ထံမှ ငွေကျပ် (၅) သိန်း၊ ဦးဖော်ဇော်လာကိမ်းနှင့် ဦးဇာဖောရ် တို့ထံမှ ငွေကျပ် တစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယခုအခါ ကျွန်းပေါက်ပြုစုကျေးရွာအုပ်စု ဘော်တလီ ၁၊ ၂ နှင့် ရွာဟောင်းရွာမှ ဒေသခံများသည် စားဝတ်နေရေး ပြေလည်ရန်အတွက် ရုန်းကန်နိုင်ခြင်း မရှိဘဲ နယ်ခြားစောင့်ရဲများနှင့် စစ်သားများ၏ နှောက်ယှက်မှု မျိုးစုံကို နေ့စဉ်ခံစားလျက် ရှိကြောင်း၊ နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် မခံမရပ်နိုင်ဘဲ မျက်နှာချင်းဆိုင် ရင်ဆိုင်မည်ကို သက်ကြီးရွယ်အိုများက စိုးရိမ်လျက် ရှိကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ တို့က ၎င်းတို့ ရင်ဆိုင်နေရသည့် အခက်အခဲများ ပြေလည်အောင် ဖြေရှင်းပေးစေလိုသည်ဟု ဒေသခံများက ပြောပါသည်။




ဓါတ်ပုံ (May Wong/Channel NewsAsia)

ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့၏ ထုတ်ပြန်ကြေညာချက်


ရက်စွဲ။ ၂၀၁၇ -ခုနှစ်၊ သြဂုတ်လ (၉) ရက်


မြန်မာအစိုးရက ဖွဲ့စည်း​ခဲ့သည့် “မောင်တော စုံစမ်းစစ်ဆေးရေး ကော်မရှင်" က​ ဩဂုတ်လ (၆)ရက်နေ့တွင် ​အစီရင်ခံစာ တစ်​ရပ်​ကို ထုတ်​ပြန်​ခဲ့သည်​။ ထိုအစီရင်​ခံစာကို ​ဖတ်ရှုပြီး ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့ အနေဖြင့် စိတ်ပျက်ခဲ့ရပါသည်​။ သို့​သော်​ ထိုအစီရင်​ခံစာသည် ကျွနု​ပ်တို့ ရိုဟင်​ဂျာအတိုင်​ပင်​ခံအဖွဲ့အတွက်​ အံ့အားသင့်ဖွယ်တစ်​ခု မဟုတ်ကြောင်း ဖော်ပြလိုပါသည်။

၂၀၁၆-ခုနှစ်၊ အောက်တိုဘာလမှ စ၍ မြန်​မာ့ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာများအပေါ် ကျူးလွန်လျက်ရှိ​သော ကျယ်​ပြန့်​ပြီး သက်သေအထောက်အထားခိုင်မာ​သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆိုပါ အစီရင် ခံစာဖြင့် ငြင်းပယ်မည်ကို ​မျှော်​လင့်ထားပြီးဖြစ်ပါသည်။ အဆိုပါကော်မရှင်မှ စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ခင်ကတည်းကပင်​ ရိုဟင်​ဂျာများအ​ပေါ် လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များက ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာအစိုးရမှ ငြင်းဆိုခဲ့ပြီးဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ မြန်​မာ လုံခြုံရေးတပ်ဖွဲ့များသည်​ ရိုဟင်​ဂျာအမျိုးသမီးများအ​ပေါ် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ ကလေးသူငယ်များနှင့် နို့စို့ကလေးများအပါအဝင် ​ဒေသခံရိုဟင်ဂျာများကို တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ရက်ရက်စက်စက် ရိုက်နှက်​ခြင်းနှင့် ​ဒေသခံရိုဟင်​ဂျာများ ပျောက်ဆုံး​နေမှုများရှိ​နေ​ကြောင်း စသည့် လူ့အခွင့်​အ​ရေးချိုး​ဖောက်​မှုများကို​တွေ့ရှိရကြောင်း ပါရှိပါသည်။

ရိုဟင်ဂျာလူထုအ​ပေါ် ကျူးလွန်ခဲ့သည် လူ့အခွင့်​အ​ရေးချိုး​ဖောက်​မှုများကို နိုင်​ငံတကာအသိုင်းအဝိုင်းမှ မှန်​ကန်​​​သော အချက်​အလက်​များအဖြစ်​ ​​လေး​လေးနက်​နက်​ သိရှိလက်ခံပြီးနောက်တွင်​ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်​ပြ၍ အချက်အလက် ရှာဖွေရေးအဖွဲ့ (IFFM) ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါသည်။ မြန်​မာအစိုးရ ​ကော်​မရှင်​၏ အမှန်တရားကို ဖုံးကွယ်ထားသော အစီရင်ခံစာကို ယုံကြည်နိုင်ဖွယ်ရာ မရှိ​သော အစီရင်​စာခံစာအဖြစ်​ အပြည်ပြည်ဆိုင်ရာ နိုင်​ငံတကာအသိုင်းအဝိုင်းနှင့် ကျွနု​ပ်​တို့ ရိုဟင်​ဂျာအတိုင်​ပင်​ခံအဖွဲ့ကလည်း လက်ခံထားသည်။ ထို့အပြင်​ ဤကဲ့သို့ အမှန်တရားကိုဖုံးကွယ်ထားသည့် အစီရင်​ခံစာက မြန်မာအစိုးရ၏ အပြည်ပြည်ဆိုင်ရာ ဂုဏ်သတင်းကိုသာ ကျဆင်းစေမည် ဖြစ်​သည်​ဟု ယုံကြည်​ပါသည်​။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ အစီရင်ခံစာကို ငြင်းပယ်လိုက်သည့် မြန်မာအစိုးရအ​နေဖြင့်​ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (IFFM) ကို မြန်​မာနိုင်​ငံသို့ ဝင်​​ရောက်​စစ်​​ဆေးခွင့်​ပြုပါရန်​၊ ထိုအဖွဲ့၏ ရှာ​ဖွေ​တွေ့ချက်​များကိုလည်း အတည်ပြုပေးရန်နှင့်​ မီဒီယာများကိုဝင်ခွင့် ပေးပါရန် ကျွနု​ပ်​တို့ ရိုဟင်​ဂျာအတိုင်​ပင်​ခံအဖွဲ့ အနေဖြင့် တိုက်တွန်းပါသည်။

မြန်မာအစိုးရမှ ယခုကဲ့သို့ အဖြစ်မှန်များကို ဆက်တိုက်ငြင်းပယ်နေခြင်းသည် “ရိုဟင်ဂျာများအ​ပေါ် အကျိုးအ​ကြောင်းမဲ့စွာ လူ့အခွင့်အရေးချိုး​ဖောက်​မှုများ နောက်ထပ်ဖြစ်ပေါ်​လာနိုင်​​ကြောင်းနှင့်​ ထိုချိုး​ဖောက်​မှုများအတွက်​လည်း ပြစ်ဒဏ်ကင်းလွတ်နိုင်မှုရှိသည်"​ ဆို​သော အသိစိတ်ကို စစ်တပ် နှင့် လုံခြုံရေးတပ်ဖွဲ့ များအား သိ​စေ၍ အားပေးရာရောက်ပြီး အခြေအနေကို ပိုပြီးရှုပ်ထွေး စေပါသည်။ မြန်​မာအစိုးရ ​ကော်​မရှင်​၏ အစီရင်​ခံစာသည်​ ယခင်ကတည်းက တင်းမာမှုများရှိ​နေသည့် ရခိုင်ပြည်၏ အ​ခြေအ​နေကို ပို၍တင်းမာမှုများဖြစ်​လာ​အောင်​ ထပ်​ဆင့်​မြှင့်​တင်​​ပေးရာ ​ရောက်​ကြောင်းနှင့်​ ရိုဟင်ဂျာများအ​ပေါ် ဥပဒေမဲ့​ လူ့အခွင့်​အ​ရေးချိုး​ဖောက်​မှုများ ဖြစ်​​ပေါ်လာ​အောင်​ မီး​လောင်​ရာ ​လေပင့်​​ပေး​နေသလို ဖြစ်​​နေသည်​ဟု မြန်​မာနိုင်​ငံအတွင်းက လူအများစုကလည်း ယုံကြည်​​နေပါသည်​။ ဤအချက်​များသည် ကျွန်ုပ်တို့အတွက် ကြီးမားသောစိုးရိမ် ပူပန်မှုဖြစ်ပါသည်။

ရိုဟင်ဂျာလူမျိုးများသည် ပြည်​​ထောင်​စုအဆင့်​ အစိုးရအဖွဲ့၏ စီမံကိန်းဖြင့် ခွဲခြားဆက်ဆံမှုနှင့်​ ဖိနှိပ်​မှု မူဝါဒများ၏ ပစ်မှတ်ထားခြင်းခံ​နေရသည့်​လူမျိုး ဖြစ်နေသည်မှာ ဆယ်စုနှစ် များစွာရှိနေပြီ ဖြစ်ကြောင်းကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နှင့် အခြား လူ့အခွင့်အရေးအဖွဲ့များမှ သက်သေအထောက်အထားနှင့်တကွ ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ခဲ့သည်။ ထို့အပြင်​ ရိုဟင်ဂျာများ ခွဲခြားဆက်ဆံခံနေရခြင်းအပေါ် လွန်​ခဲ့​သော ၁၉၉၂ ခုနှစ်​၊ ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံ၌လည်း ၎င်းတို့၏ စိုးရိမ်မှုကို ထုတ်ဖော်ပြသခဲ့သည်​။ ရိုဟင်ဂျာများသည်​ နိုင်ငံသားအခွင့်အရေးများ ထိထိ​ရောက်​​ရောက်​ လျော့ချခံနေရပြီး အထူးသဖြင့် ခွဲခြားဆက်ဆံမှုကို ဖြစ်ပေါ်စေ​သော နိုင်ငံတော်၏ ၁၉၈၂ မြန်​မာနိုင်​ငံသား ဥပဒေ နှင့် အက်ဥပဒေများ၏ ရလဒ်များ​ကြောင့်ပင်​ ဖြစ်​ပါသည်​။ ယင်းထက် ကျယ်ကျယ်ပြန့်ပြန့်ပြောရလျှင်​ ရိုဟင်​ဂျာများ၏ နိုင်ငံသားရပိုင်ခွင့်၊ နိုင်ငံရေးလုပ်ပိုင်ခွင့်၊ စီးပွားရေးလုပ်ပိုင်ခွင့်နှင့် လူမှုရေးလုပ်ပိုင်ခွင့်များ ချိုးဖောက်ခံနေလာရပါသည်​။

သို့ဖြစ်ပါ၍ ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့အနေဖြင့် မြန်မာအစိုးရကို တောင်းဆိုလိုသည်​မှာ -

၁ - မြန်မာနိုင်ငံအတွင်းရှိ ရှိဟင်ဂျာလူမျိုးနှင့် အခြားလူမျိုးစုအပေါ် ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ငြင်းပယ်နေသည့် မူဝါဒကို စွန့်လွှတ်ရန်​။

၂ - မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် အခြား နေရာများတွင် ဖြစ်​​ပေါ်သည့်​ လူ့အခွင့်အရေးချိုး​ဖောက်​မှုများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (IFFM) ကို ဝင်ခွင့်ပြုရန်​။

၃ - မြင့်တက်လာ​နေသည့်​ လူ့အခွင့်​ချိုး​ဖောက်​မှုမှုများကို ရပ်တန့်ရန်​ နှင့်​ ရခိုင်ပြည်နယ်အတွင်း နေထိုင်သော လူနည်းစုအားလုံးကို ကာကွယ် စောင့်ရှောက်ပေးရန်​။

၎ - လူသားချင်းစာနာမှုဆိုင်​ရာ အထောက်အပံ့များကို ရခိုင်ပြည်နယ်ရှိ ​ဒေသအားလုံးသို့ အတားအဆီးမထားရှိစွာ ဝင်ရောက်ခွင့်ပေးရန်​။

ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့ အနေဖြင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းဖြစ်သည့် UN, EU, OIC, US နှင့် UK တို့ကိုလည်း ​အောက်​ပါအတိုင်း ​တောင်းဆိုပါသည်​။

၁ - အကယ်၍ မြန်မာနိုင်ငံသည် ကုလသမဂ္ဂဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဝင်ခွင့်မပြုဘဲ ဆက်လက် ငြင်းဆန်နေပါက မြန်မာအစိုးရအနေအ​ပေါ် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ကူညီမှုများ မရရှိစေမည့် မူဝါဒတစ်ရပ် ချမှတ်​ရန်​။

၂ - အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှ မြန်​မာနိုင်​ငံအ​ပေါ် ကူညီထောက်ပံ့မှုများသည်​ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံရှိ အခြား​ဒေသများသို့ လူသားချင်းစာနာမှုဆိုင်​ရာ ကူညီထောက်ပံ့များအပေါ် ထားရှိသည့် ကန့်သတ်ချက်များ ဖယ်ရှားခြင်းပေါ်မှာ မူတည်ကြောင်း မြန်မာအစိုးရအား သိ​စေရန်​။

၃ - ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အနေဖြင့် မြန်မာနိုင်ငံသို့လာရောက်ပြီး လူသားချင်းစာနာမှုဆိုင်​ရာ အထောက်အပံ့များ အကန့်အသတ်မဲ့ ဝင်ရောက်နိုင်ရေး နှင့် အချက်အလက်ရှာဖွေရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ​မြန်​မာအစိုးရကို စေ့စပ်​​ဆွေး​နွေးရန်​။

၎ - အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု ပြောင်းလဲစေနိုင်မည့် ခက်ခဲ​သော ဆုံးဖြတ်ချက်​များ ဖြစ်​​သော်​လည်း အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်​ခံစာပါ အကြံပြုချက်များကို ​လေး​လေးနက်​နက်​နှင့်​အပြည့်အဝ အ​ကောင်​အထည်​ ဖော်ရန်​။

သတင်းအချက်အလက်များ ပိုမို သိရှိလိုပါက ဆက်သွယ်ရန်။

ကိုထွန်းခင် + ၄၄၇၈၈၈၇၁၄၈၆၆
ကိုနေဆန်းလွင် + ၄၉၆၉၂၆၀၂၂၃၄

MYARF
RB News
9.8.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင်ကျေးရွာသို့ နယ်ခြားစောင့်ရဲများ သွားရောက်၍ လဘက်ရည်ဆိုင်နှင့် စားကုန်ဆိုင်များမှ အဖိုးတန်ပစ္စည်းများနှင့် ရောင်းရငွေများ လုယက်ယူဆောင်သွားခဲ့သည့် အပြင် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း သတင်းရရှိပါသည်။

သြဂုတ်လ (၇) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင်ကျေးရွာသို့ နယ်ခြားစောင့်ရဲများ သွားရောက်၍ ရှိက်ဒါရ်ဖာရာရှိ ဦးအုစ်မာန်ဂေါ်နီ (ဘ) ဦးဆော်ယာဒ် (အသက် ၂၈ နှစ်) ၏ ဆိုင်မှ ပစ္စည်းများနှင့် ငွေသား စုစုပေါင်း (၅) သိန်းဖိုး လုယက်ခဲ့ကြောင်း၊ ဦးဆော်ယာဒ်ကော်ရီးမ် (ဘ) ဦးအာမီးရ်ဟူစိန်း (အသက် ၄၄ နှစ်) ထံမှ ငွေကျပ် (၂) သိန်း၊ ကျောင်းတောင်ရွာရှိ ဦးအီလီယာစ် (ဘ) ဦးဆော်ယောဒ်ဟူစိန်း (အသက် ၂၈ နှစ်) ပိုင်ဆိုင်သည့် လဘက်ရည်ဆိုင်မှ ဆိုင်ပစ္စည်းများနှင့် ငွေသား စုစုပေါင်း (၅) သိန်းဖိုး လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

သြဂုတ်လ (၈) ရက်နေ့တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲများသည် ယင်းကျေးရွာအုပ်စု၊ ဂုံးနားရွာသို့ ပြန်လည် ရောက်ရှိလာပြီး နေအိမ် (၅) လုံးကို ဖြိုဖျက်၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး (၆) ဦးတို့ကို ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်။ 

ဂုံးနားရွာတွင် အိမ်ဖြိုဖျက်ခံရသူများမှာ --

(၁) မော်လ၀ီ အာဘူလ်ဘောရှောရ် (အသက် ၃၅ နှစ်) ၏ ငွေကျပ် (၁၅) သိန်းတန် နေအိမ်
(၂) ဦးအလီဇူဟာရ် (ဘ) ဦးအဒူဟာလဲခ် (အသက် ၃၀ နှစ်) ၏ ငွေကျပ် (၅) သိန်းတန် နေအိမ်
(၃) ဦးအဘူရော်ယိခ် (ဘ) ဦးကွိလ္လာမျာ (အသက် ၃၀ နှစ်) ၏ ငွေကျပ် (၅) သိန်းတန် နေအိမ်
(၄) ဦးအလီ (ဘ) ဦးအဒူကာဒဲရ် (အသက် ၅၀ နှစ်) ၏ ငွေကျပ် (၂၅) သိန်းတန် နေအိမ်
(၅) ဦးအယာစ် (ဘ) ဦးဆုလ်တာန် (အသက် ၂၈ နှစ်) ၏ ငွေကျပ် (၆) သိန်းတန် နေအိမ် -- တို့ဖြစ်ကြသည်။

ရှိက်ဒါဖာရာရွာတွင် ကိုယ်ထိလက်ရောက် စော်ကားခံရသူများမှာ --

(၁) ဟူမိုက်ရာ (ဘ) ဦးနူရ်အာလောမ် (အသက် ၃၂ နှစ်)
(၂) နော်ဆီမာ (ဘ) ဦးဆော်လိမ် (အသက် ၂၇ နှစ်)
(၃) ဆေးတာရာ (ဘ) ဦးအိုမောရ်ဟမ်းဇား (အသက် ၃၃ နှစ်)
(၄) ဇူလိုက်ဟာ (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၉ နှစ်)
(၅) ဆေးနိုရာ (အသက် ၁၈ နှစ်)
(၆) နာဂူးနီ (အသက် ၁၆ နှစ်)
(၇) ဦးဟာကိမ်းအလီ (ဘ) ဦးဟူဆောင်းအလီ (အသက် ၅၅ နှစ်) -- တို့ဖြစ်ကြသည်။ 







တစ်ချိန်တုန်းက အာရ်ကာန်ပြည်

ရေးသားသူ ။ ။ ယျာတင် (ရိုဟင်းသား) နှင့် ရိုမျိုးသန့်
RB ကဗျာ
9.8.2017

တောတောင်အလှ၊ စိမ်းလန်းစိုပြည်
မြစ်ပင်လယ်၏၊ ငွေလှိုင်းပြာရေ
ရှုကြည့်သူကို၊ မျက်လုံးအေးစေ
တောင်လေနုနု၊ ချောင်းရေအေးအေး
ပတ်လည်သူများ၊ နှလုံးအေးစေ
စေတီပုထိုး၊ ရွှေရောင်လွှမ်း၍
ဗလီဝတ်ကျောင်း၊ ဝင်းပလင်း၍
တစ်ချိန်တုန်းက၊ တည်ရှိခဲ့သည်
အာရ်ကာန်ပြည်၏၊ အေးချမ်းမှုများ
စာရွက်နှင့်မင်ဆုံး၊ ရေးချ၍မကုန်
အဟုတ်ရှိခဲ့၊ သမိုင်းကသက်သေ။

သည်ပြည်မြေဝယ်၊ တစ်ထီးတစ်နန်း
တစ်ပါးတည်းမင်းရဲ့၊ တစ်မိန့်ကြားဝယ်
တစ်ရေကိုသောက်၊ တစ်မြေတည်းနေ
အေးလည်းအတူ၊ ပူလည်းအမျှ
ခံစားစံစား၊ ဝေကာပျော်ပါး
ကြောက်စိတ်ဟူ၍၊ မရှိမြူမျှ
သူ့အိမ်ကိုယ်လည်၊ ကိုယ့်အိမ်သူဧည့်
ခုနှစ်မျိုးနွယ်၊ မတူကွဲလည်း
လက်ချင်းတွဲ၍၊ ရင်ချင်းထိ၍
နှစ်အလီလီ၊ ဖြတ်သန်းခဲ့သည်
အဟုတ်ဖြစ်ခဲ့၊ သမိုင်းကသက်သေ။

ကြားမိသူများ၊ အတုယူဖွယ်
တစ်ချိန်တုန်းက၊ ညီညွှတ်မှုများ
အချင်းချင်းကြား၊ ခင်မင်မှုများ
နေ့ညသာကုန်၊ ပြောပြ၍မဆုံး
ယုံခက်​​နေရင်​၊ သမိုင်းလေ့လာ
မလွှဲတွေ့မည်၊ ရာဇာဝင်မှာ။

တစ်ချိန်တုန်းက၊ အာရ်ကာန်ပြည်၏
ရွှေခေတ်ကာလ၊ အချိန်မြတ်များ
ပြန်ကာတစ်ခါ၊ ရချင်စိတ်ပြင်း
တမ်းတစိတ်ကို၊ တရားချရန်မှာ
လွန်စွာခက်ခဲလှပါတကား။

RB News
6.8.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ၊ ဖရုံချောင်း၊ ဂူတာပြင် စသည့် ကျေးရွာအုပ်စုများ အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် စစ်သားများသည် ကျွဲ၊ နွား ကျောင်းနေသည့် ရိုဟင်ဂျာလူငယ်များကို နေ့စဉ်နှင့်အမျှ ရိုက်နှက်နေသောကြောင်း သတင်းရရှိပါသည်။ 

သြဂုတ်လ (၆) ရက်နေ့ နံနက် ၁၀ နာရီခန့် အချိန်တွင် ဘုရားအောင်ပြကျေးရွာမှ အီဆုပ်မာမတ် (ဘ) ဦးကာလာ (အသက် ၂၅ နှစ်) နှင့် ယာစီးန် (ဘ) ဦးအီနုစ် (အသက် ၁၆ နှစ်) တို့သည် ရွာ၏ အနောက်ဖက်ရှိ စားကျက်များတွင် ကျွဲ၊ နွားများ ကျောင်းနေစဉ် စစ်သား ၄၀ ကျော် ရောက်ရှိလာပြီး ၎င်းတို့အား တုတ်များ၊ သေနတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ကျွဲ၊ နွားကျောင်းနေသူ နှစ်ဦးစလုံး သတိလစ် သွားသဖြင့် ရွာသားများက ထမ်း၍ နေအိမ်များသို့ ခေါ်ဆောင်သွားခဲ့ရကြောင်း၊ အီဆုပ်မာမတ် ဆိုသူမှာ ခြေထောက်ကျိုးနေသူ တစ်ဦးဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဂူတာပြင်ကျေးရွာအုပ်စု ငှက်ပျောချောင်းကျေးရွာတွင် ခေတ္တစခန်းချနေသည့် စစ်သားများက ဆိုင်ကယ်ဖြင့် သွားလာနေသူများကို စစ်ဆေး၍ ငွေများ၊ စားသောက်ဖွယ်ရာများနှင့် ဆိုင်ပစ္စည်းများ လုယက်ခဲ့ကြောင်း၊ ညနေ ၄ နာရီအချိန်တွင် ပြိုင်းတောင်ကျေးရွာ၏ အနောက်ဖက် စားကျက်တွင် ကျွဲ၊ နွားကျောင်းနေသည့် ကလေးများကို ရိုက်နှက်ခဲ့ကြောင်း ရွာသားတစ်ဦးက RB News သို့ပြောသည်။ 

သြဂုတ်လ (၄) ရက်နေ့တွင်လည်း ဖရုံချောင်း ကျေးရွာ၏ အနောက်ဖက်ရှိ စားကျက်များတွင် ကျွဲ၊ နွား ကျောင်းနေသူ ၃၀ ဦးကျော်ကို ဖရုံချောင်းတွင် ခေတ္တ စခန်းချထားသည့် စစ်သားများက ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။ ရိုက်နှက်ခံရသူများထဲတွင် သက်ကြီးရွယ်အို နှစ်ဦး၊ အသက် ၁၄ နှစ်အောက်နှင့် ကျန်းမာရေး ချို့တဲ့နေသူများ ပါဝင်ကြောင်း သိရှိရသည်။ ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိသူများ ရှိသည့်အပြင် ခေါင်းကွဲသွားသူ တစ်ဦးလည်း ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

စစ်သားများက နေ့စဉ် ရိုက်နှက်နေသည်ကို မြင်တွေ့နေသော်လည်း လယ်သမားများက ကျွဲ၊ နွား မကျောင်းနိုင်ပါက လယ်ယာမြေလုပ်ငန်း ဆက်လက် မလုပ်ကိုင်နိုင်မည်ကို စိုးရိမ်၍ နေ့စဉ် ကျွဲ၊ နွားများ ကျောင်းရန် ထွက်နေရကြောင်း၊ လယ်မြေ မစိုက်ပျိုးနိုင်ပါက မြို့နယ် အုပ်ချုပ်ရေးမှူးက လယ်မြေများ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားကြောင့် ယခုကဲ့သို့ ရိုက်နှက်ခံရသည့်ကြားက နေ့စဉ် ကျွဲ၊ နွားများ ကျောင်းနေရသည်ဟု ဒေသခံများက ပြောပါသည်။ 




MYARF
RB News
6.8.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံရိုဟင်ဂျာ မိသားစု (၁၁၅) စုကို အစိုးရကျောထောက်နောက်ခံပြုထားသည့် ရခိုင်အစွန်းရောက်များက ၀န်းရံပိတ်ဆို့ထားပြီး တစ်ရွာလုံးကို မီးရှို့မည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာလူမျိုး အိမ်ထောင်စု (၁၁၅) စုရှိပြီး လူဦးရေအားဖြင့် (၆၀၀) ကျော်ရှိသည်။ ၎င်းတို့နေထိုင်ရာရွာကို ဇူလိုင်လ (၂၉) ရက်နေ့မှစ၍ အစိုးရ ကျောထောက်နောက်ခံပြုထားသည့် ရခိုင်အစွန်းရောက်များက ရွာ၏ ၀င်ပေါက်ထွက်ပေါက် (၇) ခုလုံးကို သံဆူးကြိုးများဖြင့် ကာရံ၍ ပိတ်ဆို့ထားသည်။ စေတီပြင်ရွာမှ ချွတ်ပြင်ရွာသို့ သွားရာလမ်းတစ်လမ်းတည်းကို ပိတ်ဆို့ထားခြင်း မပြုဘဲ အခိုင်အမာဂိတ်တစ်ခု ပြုလုပ်၍ ရခိုင်အစွန်းရောက် (၅၀) ဦးခန့်က ဓါး၊ တုတ်၊ လှံ၊ လေးခွ၊ ဂျင်ကလိများ ကိုင်ဆောင်၍ စောင့်နေကြောင်း၊ ရိုဟင်ဂျာလူမျိုးများကို ရွာမှ အပြင်သို့ လုံးဝ ထွက်ခွင့်မပြုဘဲ အနားကပ်လျှင် ၀ိုင်းဝန်း၍ ထိုးကြိတ် ရိုက်နှက်နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဇူလိုင်လ (၃၀) ရက်နေ့ အဆိုပါ ဂိတ်မှတဆင့် သွားရန် ကြိုးစားသည့် ဒေသခံရိုဟင်ဂျာ (၃) ဦးကို သေလုမျောပါး ရိုက်နှက်ခဲ့ကြောင်း၊ ရွာသူရွာသားများသည် ရွာအပြင်သို့ တစ်လှမ်းပင် ထွက်ခွင့်မရဘဲ ရေခပ်၊ ဈေးဝယ်၊ ဆေးကု၊ လယ်လုပ်၊ ကျွဲနွားကျောင်း၊ ကျောင်းသွား စသည့် လူမှုဘ၀ ကိစ္စရပ်များအားလုံး ပိတ်ပင်ထားခြင်းခံနေရကြောင်း၊ တစ်နေ့လုပ်တစ်နေ့စား မိသားစု (၇၀) ကျော်မှာ စားနပ်ရိက္ခာများ လုံးဝ ကုန်သွား၍ အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း၊ အစွန်းရောက်များက တစ်ရွာလုံးကို မီးရှို့ပစ်မည်ဟု သတင်းများ လွှင့်လျက် ရှိသည့်အတွက် အထူးစိုးရိမ်လျက် ရှိကြောင်း၊ အစိုးရလက်နက်ကိုင်အဖွဲ့များ ကိုယ်တိုင် အစွန်းရောက်များကို အသုံးချ၍ ချွတ်ပြင် ရိုဟင်ဂျာရွာကို ၀င်ရောက် စီးနင်းခြင်း၊ ယခု စေတီပြင်ရွာကို ပိတ်ဆို့ထားခြင်းအား အာဏာပိုင်များထံ အကြောင်းကြားသော်လည်း လာရောက် ဖြေရှင်းပေးခြင်း မရှိခြင်း တို့ကို ကြည့်လျှင် အစိုးရကိုယ်တိုင် အစွန်းရောက်များကို အသုံးချ၍ နှိပ်ကွပ်နေခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆရကြောင်း၊ ပြည်ထောင်စု အစိုးရ အနေဖြင့် အခြေအနေမှန်ကို သေချာစုံစမ်းလေ့လာ၍ ပိတ်ဆို့ခံနေရသူများကို ကယ်တင်ရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။ 


Rohingya Exodus