နောက်ဆုံးသတင်း/ဆောင်းပါးများ




RB News
6.10.2014

သမ္မတ အိုဘားမား၏ မြန်မာပြည် ခရီးအကြို မြန်မာ ရိုဟင်ဂျာများ အသင်း၊ ယူကေ (BROUK) မှ ရိုဟင်ဂျာများ၏ ၀မ်းနည်း ကြေကွဲဖွယ်ရာ အခြေအနေ များကို တင်ပြပြီး အမေရိကန် အစိုးရအား ထိရောက်သော အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်း
မြန်မာ ရိုဟင်ဂျာများ အသင်း (ယူကေ) ၏ ဥက္ကဌ ဦးထွန်းခင်သည် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီနှင့် နယူးယောက်မြို့များရှိ အမေရိကန် အစိုးရ အဆင့်မြင့် အရာရှိများနှင့် တွေ့ဆုံပြီး ရိုဟင်ဂျာများ၏ တွေ့ကြုံနေရသည့် အဆိုးရွားဆုံး အခြေအနေ များကို ရှင်းလင်း တင်ပြခဲ့သည်။ ၀ါရှင်တန်ဒီစီမြို့တွင် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မီတီနှင့် တွေ့ဆုံ၍ မြန်မာအစိုးရက ရိုဟင်ဂျာများအား အတင်းအဓမ္မ ဘင်္ဂလီများ အဖြစ် လက်ခံရန် ဖိအားပေးနေခြင်း၊ လွန်ခဲ့သည့် ဖေဖော်ဝါရီလမှ စတင်၍ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကို ဆေးကုသခွင့်များ ရပ်ဆိုင်းပြီး ရခိုင်ပြည်နယ်တွင်းမှ နှင်ထုတ်ခြင်း၊ ရိုဟင်ဂျာများအား စီမံကိန်း အသစ်ဖြင့် ပြုနိုင်ငံသား အဆင့် ပြုလုပ်ပြီး ဒုက္ခသည် စခန်းများသို့ ပို့ရန် စနစ်တကျ ဆောင်ရွက်နေခြင်းများကို ရှင်းလင်း တင်ပြခဲ့ကြောင်း BROUK ဥက္ကဌ ဦးထွန်းခင်က RB News သို့ပြောပါသည်။

ဦးထွန်းခင်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန နိုင်ငံခြားရေးရာ ဌာနနှင့် အစည်းအဝေးတွင် သမ္မတ အိုဘားမားအား “ရိုဟင်ဂျာ” အသုံးအနှုန်းကို ဆက်လက် ခေါ်ဝေါ်သုံးစွဲရန်နှင့် အမေရိကန် အစိုးရ အနေဖြင့် မြန်မာ အစိုးရကို လမ်းပြမြေပုံ သတ်မှတ် ပေးပြီး ရိုဟင်ဂျာများအား ဖိနှိပ်နေမှုများကို ရပ်တန့်ပေးရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် အမေရိကန် အစိုးရ အနေနှင့် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံများရှိ ရိုဟင်ဂျာ ဒုက္ခသည်များကို မိမိတို့၏ မူရင်း ဌာနေတွင် အမြန်ဆုံး ပြန်လည် နေရာချထားနိုင်ရန် အတွက် ကူညီဆောင်ရွက် ပေးရန် မေတ္တာရပ်ခံ ခဲ့ကြောင်း သိရှိရပါသည်။

National Endowment for Democracy မှ ကြီးမှူး၍ ကျင်းပသော အစည်းအဝေးတွင် အမေရိကန် အစိုးရ အနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရာတွင် ပြုပြင်ပြောင်းလဲမှုများ ရိုဟင်ဂျာများ အပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိသည့်အတွက် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ မပြုလုပ်ရန် လိုအပ်ကြောင်း ပြေကြားခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ၀ါရှင်တန်ဒီစီမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အာရှ ပစိဖိတ်နှင့် ပတ်သက်သော ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ တက်ရောက်၍ ဆွေးနွေးခဲ့ကြသည်။

ဦးထွန်းခင်သည် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr Tom Malinowski နှင့် နယူးယောက်မြို့တွင် တစ်နာရီကျော် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ Mr Malinowski နှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် လက်ရှိ အစိုးရ အကောင်အထည် ဖော်နေသည့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေသည် ရိုဟင်ဂျာများအား ဒုက္ခသည် စခန်းသို့ တရားဝင် ပို့ရန် စီမံထားသော စီမံကိန်း ဖြစ်ကြောင်း၊ လက်ရှိ အစိုးရ စီမံကိန်းသည် ရိုဟင်ဂျာများအား ခိုးဝင် ဘင်္ဂလီများ အဖြစ် တရားဝင် ပြုလုပ် ထားသော စနစ်တကျ အကွက်ဆင်မှု ဖြစ်ကြောင်း၊ အမေရိကန် အစိုးရနှင့် မြန်မာအစိုးရတို့ ဆက်ဆံရာတွင် ရိုဟင်ဂျာ ၂ သိန်းခန့်ကို ဒုက္ခသည် စခန်းများတွင် အစာရေစာ ဖြတ်တောက်ပြီး လူမျိုးတုန်း သတ်ဖြတ်မှု စီမံကိန်း အကောင်အထည် ဖော်နေမှုကို အမြန်ဆုံး ရပ်တန့်ပေးရန် လိုအပ်ကြောင်း၊ သမ္မတ အိုဘားမား ခရီးစဉ် အတွင်းတွင် ရိုဟင်ဂျာ ခေါင်းဆောင်များနှင့် သီးခြား တွေ့ဆုံ ဆွေးနွေးရန်လည်း လိုအပ်ကြောင်း၊ မြန်မာ အစိုးရက ၂၀၁၂ ခုနှစ်မှ စတင်ခဲ့သည့် ရိုဟင်ဂျာများအား လူမျိုးတုန်း သတ်ဖြတ်မှုကို နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး အတွက် အမေရိကန် အစိုးရမှ ဦးဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

ဦးထွန်းခင်၏ ခရီးစဉ်အတွင်း ဥရောပ သမဂ္ဂမှ ကုလသမဂ္ဂ ကိုယ်စားလှယ်များအား တွေ့ဆုံရာတွင် ဥရောပ သမဂ္ဂ အနေနှင့် မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက် ချရာတွင် ရိုဟင်ဂျာတို့၏ ဆိုးရွားလှသည့် အခြေအနေမှ တိုးတက်မှု ရှိစေရန် ဖိအားပေးသည့် အဆိုများ တင်သွင်းရန် လိုအပ်ကြောင်း၊ အီးယူ အနေဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရအား နိုင်ငံတကာ ဥပဒေ ချိုးဖောက် နေခြင်းကို ဆုံးဖြတ်ချက်များတွင် ထည့်သွင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

နယူးယောက်မြို့ရှိ လူ့အခွင့်အရေး ဆိုင်ရာ သမားတော်များ (Physician Human Rights Group) အသင်းမှ စီစဉ်သည့် အစည်းအဝေးတွင် “ရိုဟင်ဂျာများ၏ လက်ရှိ အခြေအနေ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး၊ အဆိုပါ အစည်းအဝေးသို့ Responsibility to Protect မှ အရာရှိများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။ ဦးထွန်းခင်က ရိုဟင်ဂျာ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ အခြေအနေသည် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကို မောင်းထုတ်ပြီး နောက်ပိုင်း ဆိုးဝါးလားမှုများကို စနစ်တကျ ရှင်းလင်း တင်ပြခဲ့သည်။ Physician Human Rights Group က ၎င်းတို့၏ လာမည့်လအတွင်း ပြုလုပ်မည့် ရိုဟင်ဂျာများနှင့် ပတ်သက်သည့် သုတေသန လုပ်ငန်းများ၊ ရိုဟင်ဂျာ အရေးကို နိုင်ငံတကာရှိ ဆေးဝါးကုသမှုနှင့် ပတ်သက်သော အဖွဲ့များနှင့် ဆွေးနွေး၍ အကူအညီများ ရရှိနိုင်ရန် အတွက် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။



RB News 
16.3.2013 

တောင်အာဖရိက နိုင်ငံ အခြေစိုက် Free Burma Campaign South Africa နှင့် ရိုဟင်ဂျာ များအား အကာ အကွယ် ပေးသည့် အဖွဲ့ တို့ပူးပေါင်း၍ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အသင်း (BROUK) အား ရိုဟင်ဂျာ လူမျိုးများ အရေးနှင့် ပတ်သက်၍ တောင်အာဖရိက နိုင်ငံသားများ ပိုမိုနိုး ကြားလာ စေရန် Johannesburg နှင့် Cape Town မြို့များသို့ မတ်လ (၃) ရက်နေ့မှ (၉) ရက်နေ့ အထိ ဖိတ်ကြား ခဲ့သည်။ 


တပတ်ကြာ ခရီးစဉ် အတွင်း တောင်အာဖရိက အမျိုးသား ရေဒီယို အသံလွှင့် ဌာနမှ BROUK ဥက္ကဌ ဦးထွန်းခင် အားအင်တာဗျူး ပြုလုပ်ခဲ့ရာ ယခုအခါ အဆိုပါ ရေဒီယို အသံလွှင့် အစီအစဉ်များကို နားထောင် သူ ၅ သန်းကျော်မှ ယနေ့ ရိုဟင်ဂျာများ ခံစားနေသည့် အတိဒုက္ခ များ အကြောင်း နိုး ကြားနေ ပြီ ဖြစ်ကြောင်း အစီအစဉ် ဖြစ်မြောက်ရေး စီစဉ်ခဲ့သူ များ၏ ပြောပြချက် များအရ သိရှိရ ပါသည်။ ထို့အပြင် ဦးထွန်းခင်အား 786 နှင့် Islam ရေဒီယို အသံလွှင့် ဌာနများမှလည်း တွေ့ဆုံမေးမြန်း ခဲ့ပြီး တောင်အာ ဖရိ က တပတ်ကြာ ခရီးစဉ် အတွင်း တောင်အာဖရိက ပြည်သူများအား ရိုဟင်ဂျာ အရေးနှင့် ပတ်သက် ၍ နိုးကြားလာ စေ ရန် အင်တာဗျူးနှင့် သတင်း အစီအစဉ်များဖြင့် ပံ့ပိုးပေးခဲ့သည်။


Cape Town မြို့တွင် လူမျိုးရေး ခွဲခြားမှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရ သည့်နယ်မြေရှိ Al Jaamia ဗလီ တွင် သောကြာနေ့ ဂျူမ္မာ ၀တ်ပြုချိန်၌ ဒေသခံများ၏ ဆန္ဒအရ ယနေ့ မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး များ ကြုံ တွေ့နေရသော လူမျိုးရေး ခွဲခြား ဆက်ဆံမှုများ အကြောင်း ပြောဆိုခွင့် ရခဲ့သည်။ 

BROUK ကိုယ်စားလှယ် အဖွဲ့သည် Cape Town မြို့ရှိ PAGAD Centre တွင် ညှင်းပန်း နှိပ်စက် ခံခဲ့ရ သူများ အတွက် အမှတ်တရ ပြုလုပ်ထားသည့် လူမှု့ အဖွဲ့အစည်း များနှင့်လည်း တွေ့ဆုံခဲ့သည်။ အဆို ပါ အဖွဲ့အစည်း များမှ အမှန်တရားနှင့် လွတ်လပ်မှု အတွက် ဆက်လက်၍ ရုန်းကန် အားပေး သွားမည် ဟု ပြောဆိုကြောင်း သိရပါသည်။ 



Christian Solidarity Worldwide (CSW) မှလည်း မြန်မာ ပြည်သူများ အတွက် ဆုတောင်းပွဲ ပြုလုပ် ရာတွင် BROUK အဖွဲ့အား ဖိတ်ကြားခဲ့ပြီး၊ BROUK အထွေထွေ အတွင်းရေးမှူး ဦး AH Jarmal မှ ရိုဟင်ဂျာ များ၏ လက်ရှိ ကြုံတွေ့ နေရသည့် အခြေအနေ၊ လွန်ခဲ့သည့်နှစ် ဇွန်လမှ စ၍ တစ်ဖက်သတ် သတ်ဖြတ်ခံ ရသည့် အဖြစ်မှန်များနှင့် အကြမ်းဖက် မှုများကို ရှောင်တိမ်းနေ သူများ ပင်လယ်ပြင်တွင် သေဆုံး နေရမှု အခြေ အနေများ အားလုံးကို အသေးစိတ် ရှင်းလင်းခဲ့ ကြောင်း သတင်း ရရှိ ပါသည်။









RB News
21.11.2012

အမေရိကန်ပြည်ထောင်စုအခြေစိုက် Free Rohingya Campaign မှ Mr.Yusuf Iqbal ကိုနိုဝင်ဘာလ ( ၂၁) ရက်နေ့တွင် ၀ါရှင်တန်မြို့အခြေစိုက် RFA မြန်မာပိုင်းအစီအစဉ်မှ အမေရိကန်သမ္မတဘားရက် အိုဘားမားရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းခဲ့သည်။

သမ္မတအိုဘားမားမှ အမေရိကန်၏ပေါ်လီစီကိုမြန်မာပြည်သူတွေအားလုံးသိနိုင်ရန်အတွက် မိန့်ခွန်းမှာထည့်သွင်းပြောကြား သွားသည့်အတွက်အထူးဝမ်းမြောက်ကြောင်း၊ မြန်မာပြည်သူများသည် နှစ်ပေါင်း ၅၀ ကျော်မှိုင်းတိုက်ခံခဲ့ရကြောင်း၊ ယခုအခါဒီမိုကရေစီလမ်းသို့လျှောက်လှမ်းနေသည့်အချိန်တွင် နှစ်ပေါင်းရာကျော်ဒီမိုကရေစီလမ်းစဉ်ကျင့်သုံးနေသည့် နိုင်ငံတကာဒီမိုကရေစီခေါင်းဆောင်ဟုခေါ်တွင်ရ သည့်အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးလူတန်းစား၊ နိုင်ငံရေး အသိုင်းအ၀န်း၊ ရဟန်းသံဃာ တော်များ၊ ပြည်သူပြည်သားများကို စစ်မှန်သည့်ဒီမိုကရေစီဝါဒကိုသင်ကြားပေးသွားသည့်ဟု ထင်မြင်ကြောင်း၊ အရေးကြီးဆုံးအနေဖြင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့်အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားနေပြီး၊ အပြစ်မဲ့သောပြည်သူများထိခိုက်နစ်နာနေမည်ဆိုပါက စစ်မှန်သည့်ဒီမိုကရေစီကိုရနိုင်မည် မဟုတ်ကြောင်းနှင့် ရိုဟင်ဂျာများ၏လူ့အခွင့်အရေးအပြည့်အ၀ရှိရမည်ဖြစ်ကြောင်းတို့ကိုသမ္မတအိုဘားမား မှထည့်သွင်းပြောကြားခဲ့ကြောင်း Mr. Yusuf မှ အင်တာဗျူးတွင်ပြောကြားခဲ့သည်။

ရခိုင်ပြည်အရေးတွင်နှစ်ဖက်ဘာသာဝင်များတွင်အစွန်းရောက်များရှိနေသည့်ကိစ္စကိုမေးမြန်းရာတွင် - အစွန်းရောက်များမရှိလျှင်ယခုကဲ့သို့ပြဿနာဖြစ်ရန်မရှိကြောင်း၊ အစွန်းရောက်များသည်မိမိတို့၏ ဘာသာရေးလူမျိုးရေးများကိုဗန်းပြ၍ မိမိတို့၏ နိုင်ငံရေးခံယူချက်များကိုအသက်သွင်းနေခြင်းဖြစ်ကြောင်း၊ အစွန်းရောက်များ၏တိုက်တွန်းချက်များကြောင့်သာ ထောင်ချီသောလူအုပ်များသည်ရွာများသို့ သွားရောက်၍အကြမ်းဖက်နေခြင်းဖြစ်ကြောင်း၊ အစွန်းရောက်သည့်သူများကို ဘာသာမခွဲခြားဘဲ အစွန်းရောက်သူများအဖြစ်မိမိတို့ရှုံ့ချကြောင်း၊ အစွန်းရောက်သူများမရှိသင့်ကြောင်း၊ မွတ်စလင်ရိုဟင်ဂျာများသည် လူနည်းစုဖြစ်သည့်အကြမ်းဖက်နိုင်သည့်အခွင့်အရေးအလွန်နည်းပါးကြောင်း၊ ထို့ကြောင့် ယခုဖြစ်ပွားခဲ့သည့်အကြမ်းဖက်မှု၏ရလာဒ်တွင် ရိုဟင်ဂျာများဖက်ကသာများစွာခံရကြောင်း၊ ရိုဟင်ဂျာလူမျိုးများသည် စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးပိုင်းတွင်ပါဝင်၍အမှုထမ်းနိုင်ခြင်းမရှိကြောင်း၊ အာဏာပိုင်အဖွဲ့အစည်းနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သူများတွင်အစွန်းရောက်သူများက မိမိတို့၏လူမျိုး၊ ဘာသာဝင်များဖက်မှဝင်ရောက်ကူညီမှုရှိကြောင်း ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ - မြန်မာပြည်သူပြည်သားများအနေဖြင့်စစ်မှန်သည့် ဒီမိုကရေစီ ကိုနားလည်ရန်လို ကြောင်း၊ လူတစ်ဦးချင်းလေးစားရန်လိုအပ်ကြောင်း၊ အမေရိကန်သမ္မတအိုဘားမားပြော ခဲ့သည့်အတိုင်းရိုဟင်ဂျာများသည် အများနှင့်တန်းတူလေးစားထိုက်သည့်လူတန်းစားဖြစ်သည်ကို အသိအမှတ်ပြုရန်လိုကြောင်း၊ ဥပဒေဘောင်အတွင်းနေထိုင်၍မင်းမဲ့စရိုက်များကိုမကျူးလွန်ပါက တိုးတက်သည့်နိုင်ငံအဖြစ်သို့ပူးပေါင်း၍ချီတက်နိုင်မည်ဖြစ်ကြောင်း Mr. Yusuf မှ RFA မြန်မာပိုင်းအစီအစဉ်သို့ပြောကြားခဲ့သည်။
Rohingya Exodus