မဟာမင်းခန့်
RB News
ခရစ်သက္ကရာဇ် (၁၄၂၈) ခုနှစ်တွင် ဘင်္ဂလားဘုရင် `နဇီရ်ရှား´၏ စစ်ဦးစီးချုပ် `၀လီခါန်´ သည် ပထန် စစ်သည်အင်အား နှစ်သောင်းခန့်ဖြင့် အာ(ရ်)ကန် (ရခိုင်)ဒေသကို ချင်းနင်းဝင်ရောက် သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က ဘင်္ဂလားသည် Gour ဂေါ်(ရ်)ဘုရင် `ဆုလ်တန်´၏လက်အောက်တွင်ရှိခဲ့သည်။ စစ်ဦးချုပ် `၀လီခါန်´သည် ဘင်္ဂလားတွင် နှစ် (၂၀)မျှ ၀င်ရောက်ခိုလှုံခဲ့သော အာ(ရ်)ကန် ဘုရင် `နရမိတ်လှ´အား နန်းတင်မြောက်ခဲ့သည်။ သို့ရာတွင် `၀လီခါန်´သည် `နရမိတ်လှ´အား မကျေမနပ်ဖြစ်သော အာ(ရ်)ကန် (ရခိုင်)အကြီးအကဲ `အနန္ဒာသိန်း´နှင့် ပူးပေါင်း၍ `နရမိတ်လှ´ကို အကျဉ်းချခဲ့ပြီး၊ အာ(ရ်)ကန်ဒေသအား (၂)နှစ်မျှ အစ္စလာမ့်နိုင်ငံအဖြစ် အုပ်ချုပ်ခဲ့သည်။ နရမိတ်လှသည် ပထန်စစ်သည်အချို့အား မောင်းတော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရမ်းဗြဲနှင့် သံတွဲမြို့များသို့ စေလွှတ်၍ လိုအပ်လျှင် စစ်တိုက်ခိုက်ရန်နှင့် ရန်သူ့ ရန်မှ ကာကွယ်နိုင်ရန် အဆိုပါမြို့များတွင် တပ်လှန့်နေရာချထားပေးခဲ့သည်။ ၄င်းပြင် ပါရှန်း (ယခုအီရန်) စာပေကို ရုံးသုံးစာပေအဖြစ် မိတ်ဆက်ပေးခဲ့ပြီး၊ အာ(ရ်)ကန်(ရခိုင်)ဒေသအား အစ္စလာမ့် အုပ် ချုပ်ရေး ပုံစံဖြင့် အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်စေရန် အုပ်ချုပ်ရေးအရာရှိ (Qazis)များကို ခန့်အပ်ခဲ့သည်။ ထိုအချိန်မှစ၍ အာ(ရ်)ကန်(ရခိုင်)ဒေသတွင် (Qazi) `ဂါဇီ´အုပ်ချုပ်ရေးစနစ် သက်ဝင်လှုပ်ရှားလာခဲ့ပြီး၊ ထင်ရှားသော (Qazi) ဂါဇီများမှာ- Daulat Qazi, Nala Qazi, Gua Qazi, Shujah Qazi, Abdul Karim Qazi, Mohammed Hussain Qazi, Usman Qazi, Abdul Jabbar Qazi, Moulvi Abdul Ghafoor Qazi, Mohammed Yusoof Qazi, Moulvi Raushan Ali Qazi, Noor Mohammed Qazi ESihf Zainud Ahmed Qazi တို့ဖြစ်ကြသည်။
`နရမိတ်လှ´သည် အကျဉ်းချခံခဲ့ရာမှ ဘင်္ဂလားနယ်သို့ တစ်ဖန်လွှတ်မြောက် ထွက်ပြေးခဲ့သည်။ သို့သ်ာနောက် ပိုင်းတွင် `နဇိရ်ရှား´ ဘုရင်၏ `ဗိုလ်ချုပ်စန်ဒီခါန်`၏ ဦးဆောင်မှုဖြင့် နရမိတ်လှအား (၁၄၃၀) ခုနှစ်တွင် သူ၏ နဂိုထီးနန်းသို့ နန်းပြန်လည်တင် မြှောက်ပေးခဲ့သည်။ သူသည် သူ၏ ပထန် စစ်သား များအား မြို့ပတ်ပတ်လည်၌လည်းကောင်း၊ အာ(ရ်)ကန်(ရခိုင်) စစ်မျက်နှာအရပ်ဒေသ များတွင် လည်းကောင်း၊ အခြားစစ်ရေးစစ်ရာ ကိစ္စအတွက် အချက်အချာ ကျသောဒေသ များဖြစ်သည့် လေးမြို့မြစ်၊ မင်းဂံ၊ ကုလားတန်၊ မေယု၊ ကုလားပန်းဇင်နှင့် နတ်မြစ် တစ်လျှောက်ဒေသတို့တွင်လည်း ကောင်း စစ်တိုက် ခိုက်ရန်နှင့် ရန်သူ့ရန်မှ ကာကွယ်နိုင်ရန် အသင့်နေရာ ချပေးခဲ့သည်။ ထို့အပြင် ဘင်္ဂလားဘုရင် `နဇိရ်ရှား´ သည် (Sattar Khan)`ဆတ္တာရ်ခါန်´နှင့် (Razu Magni)`ရာဇူးမဂ္ဂနီး´ ဆိုသူ ၀န်ကြီးချုပ် နှစ်ဦး ကိုလည်း အာ(ရ်)ကန်(ရခိုင်)ဒေသသို့ စေလွှတ်ခဲ့သည်။ ထိုအချိန်မှ စ၍ အာ(ရ်)ကန်(ရခိုင်)ဒေသသည် `ဂေါ်ရ်´ဘုရင် `ဆုလ်တန်´၏ (vassal) လက်အောက်ခံဒေသ အဖြစ် နှစ် (၁၀၀)မှ ကျရောက်ခဲ့သည်။ ထို့ကြောင့် `မွန်ဂိုလီယန်းဗုဒ္ဓ ဘာသာဝင်´ အာ(ရ်)ကန်(ရခိုင်)မင်းများနှင့် မြန်မာမင်းတို့သည် ထိုစဉ်က အိန္ဒိယနှင့် ၄င်းအနောက်ဘက်ဒေသများကို အုပ်ချုပ်ခဲ့သော `မွန်ဂိုလီယန်း အစ္စလာမ်ဘာသာဝင်´ ဘုရင် များ၏ အစ္စလာမ့်သမိုင်းနှင့် မွတ်ဆလင်ဘုရင်များအကြောင်းကိုတစ်စိုက် မတ်မတ် လေ့လာ ဆည်းပူးခဲ့ ရသည်။
အာ(ရ်)ကန်(ရခိုင်)မင်းတို့သည် မွန်ဂိုလီယန်း မွတ်ဆလင်ဘုရင်များ၏ သမိုင်းဖြစ်စဉ်နှင့် အယူအဆမူဝါဒ အရပ်ရပ်ကို သက္ကရာဇ် (၁၄၃၀)ခုနှစ်မှ (၁၅၃၀)ခုနှစ်အထိ နှစ်ပေါင်း(၁၀၀)တိုင်တိုင် လေ့လာဆည်းပူးခဲ့ သည်။ နှစ်ပေါင်း(၁၀၀) မျှကာလအတွင်း ရခိုင်မင်းများ သည် ဂေါ်ရ်နယ်စား `ဆုလ်တန်´ဘုရင်များအား လက်ဆောင် ပဏ္ဏာတော်များ ဆက်သခဲ့ ရပြီး၊ (၁၅၃၁-၁၅၅၃) တွင် မွတ်ဆလင်နှင့် အစ္စလာမ့်ရေး ရာကိစ္စ အ၀၀တွင် ဘွဲ့ရ ပညာတတ် များဖြစ်သည် အထိ အစ္စလာ့မ်သမိုင်းနှင့် နိုင်ငံရေးရာ စာပေများ စွာ ကို လေ့လာ ဆည်းပူးခဲ့သည်။ အာ(ရ်)ကန်(ရခိုင်) မင်းတို့သည်`ရိုဟင်ဂျာ´နှင့် `ကမန်´လူမျိုး တို့အား ၀န်ကြီး၊ ဗိုလ်ချုပ်နှင့် ဆရာဝန်များ အဖြစ်ခန့်အပ်ခဲ့သည်။ အာ(ရ်)ကန်(ရခိုင်) ဘုရင်`နရမိတ်လှ´ အား ဘင်္ဂလားဘုရင်´ဆုလ်တန် နဇိရ်ရှား´ကနန်းတင်မြှောက်ပေးခဲ့ သည် ကျေးဇူးတော်ကြောင့် ဘုရင်နှစ် ဦး အကြား ခိုင်မာကျစ်လှစ်ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေး ထူထောင်နိုင်ခဲ့ သည်သာမက အာ(ရ်)ကန် (ရခိုင်)ဒေသ တွင် မွတ်ဆလင် တို့ ၏ ခြေ ကုပ်သည်လည်း အခြေခိုင်မာ အင်အားတောင့်တင်း လာခဲ့ သည်။ အာရဗ်နှင့် ပါရှန်တို့သည် (၇)ရာ စုနှင့် (၁၆)ရာစုကြား ကာလတွင် အာ(ရ်)ကန်(ရခိုင်)ဒေ သတွင် အခြေချနေထိုင် ခဲ့ကြပြီး ပထန်နှင့် မဂိုလူမျိုးတို့သည် (၁၅)ရာစုနှင့် (၁၇)ရာစု ကြားကာလတွင် လည်းကောင်း၊ အခြား အိန္ဒိယမွတ်ဆလင် တို့သည် မြောက်ဦးခေတ်တွင်လည်းကောင်း အသီးသီး အခြေ ချနေထိုင်ခဲ့ကြ သည်။
ဗိုလ်ချုပ်`၀လီခါန်´ ဦးဆောင်သော ပထန်စစ်တပ်သည် မြို့ဟောင်း(မြောက်ဦး)မြို့ `က၀ါလောင်´အနီး တွင် တည်ဆောက်ခဲ့ သောသမိုင်းဝင်သာသနိကအဆောက်အဦးဖြစ်သည့် `စန်ဒီခါန်ဗလီ´(အပေါ်ပုံ)သည် ယနေ့တိုင် အထင်အရှားတည်ရှိနေပေသည်။ အာ ရဗ်နှင့် ပထန်တို့သည် စစ်သည်စစ် သားများ ဖြစ် လင့် က စား အစ္စလာမ်သာသနာ ပြန့်ပွားထွန်းကားရေး လုပ်ငန်းကိုတစိုက်မတ်မတ် ဆောင်ရွက်ခဲ့ ကြောင်းတွေ့ ရသည်။ အစ္စလာမ်သာသနာသည်လည်း ယခင်ကထက် အခြေခိုင်မာလာခဲ့ပြီး များပြားလှစွာ သော အာ(ရ်) ကန်ဒေသ နေလူများ၊ဥရောပတိုက်သားနှင့်အာ(ရ်)ကန်ဒေသခံအမျိုးသမီးများအားယာယီထိမ်းမြားခြင်းမှ မွေး ဖွားလာသော ကပြားတို့သည်လည်း အစ္စလာမ်သာသနာထဲသို့ အရှိန်အဟုန်ဖြင့် ၀င်ရောက်ကိုးကွယ် လာခဲ့ကြသည်။ ထိုအချိန်အခါက အာ(ရ်)ကန်(ရခိုင်)မင်းတို့သည် ဥရောပသားများ အား ဒေသခံအမျိုး သမီးများနှင့် ယာယီအားဖြင့် ထိမ်းမြားလက်ထပ်ခွင့်ပေး ခဲ့သော်လည်း သူတို့၏ သား မယား များကိုကား သူ တို့ အပြီးပြန်ခါနီး တစ်ပါတည်းခေါ်ဆောင် သွားခြင်းကို လုံးဝခွင့်မပြုခဲ့ပေ။
အာ(ရ်)ကန်(ရခိုင်)မင်းတို့သည် သူတို့၏ရှိရင်းစွဲနာမည်များနှင့်တွဲဘက်၍ မွတ်ဆလင်ဘွဲ့ထူးဂုဏ်ထူး နာ မည် များကို သုံးစွဲခဲ့ သည်။ ပမာအားဖြင့်ပြောရလျှင် မင်းခရီ(၁၄၃၃-၁၄၅၉)သည် `အလီခါန်´ဟု လည်း ကောင်း၊ ဘစောဖြူ(၁၄၅၉-၁၄၈၂)သည် `ကလီမာ ရှား´ဟုလည်းကောင်း၊ မင်းဘင်(၁၅၃၁-၁၅၅၃) သည် `ဇဘာရ်ရှား´ဟုလည်းကောင်း၊ မင်းပလောင်(၁၅၇၁-၁၅၉၃)သည် `စိကန်ဒေါရ် ရှား´ဟု လည်းကောင်း စသည်ဖြင့် အသီးသီးခေါ်ဝေါ်ခဲ့သည်။ အထက်ဖေါ်ပြပါမင်းများသည် အာ(ရ်)ကန်ဒေသအား အုပ်ချုပ်စဉ် ကာလ အတွင်း ပါရှန်းစာဖြင့် ရေးထိုးထားသော `ကလီမာ´ ခေါ် အစ္စလာမ်ဘာသာဝင်တို့၏ ယုံကြည်ချက် စာတမ်းပါ ငွေဒင်္ဂါး အမျိုးမျိုးကိုလည်း ရိုက်နှိပ်အသုံးပြုခဲ့သည်။ သမိုင်းတစ်ခေတ်ထင် ရှားသော မြောက်ဦး ခေတ်အုပ်ချုပ်ရေး ယန္တရားအတွက် အသုံးပြုခဲ့သောငွေဒင်္ဂါးများသည် အစ္စလာမ့် ယဉ်ကျေးမှု ဆန်ဆန်ငွေ ကြေးဒီဇိုင်းပုံစံဖြစ်ပြီး ၄င်းငွေကြေးဒီဇိုင်းပုံစံသည် စာတန်းရေးထိုးထားသော ပုံသဏ္ဍာန်အနေ အထားသာ ဖြစ်၍ ရုပ်ပုံပါသည့်ဝေသာလီခေတ်က ရိုက်နှိပ် သုံးစွဲသော ငွေကြေးဒင်္ဂါးနှင့် မတူပေ။ အာ(ရ်)ကန်ဒေသခံ အမျိုးသမီးများသည် ခေါင်းခြုံပုဝါ ၀တ်ဆင်ပြီး၊ နန်တွင်းအဆင်အယင်အထုံး အဖွဲ့များမှာ မဂိုလ်များကဲ့သို့ ပင်ဖြစ်သည်။ နန်းတွင်းရေး အသုံးအနှုန်းတို့သည်လည်း ပါရှန်းအသုံး အနှုန်းဖြစ် သည့်အပြင် ပါရှန်းစာပေ သည် အာ(ရ်)ကန်(ရခိုင်)ဒေသတွင် အလွန်အင်အားကောင်းခဲ့ သည်။ အာ(ရ်)ကန်ဒေသ တစ်နံတစ်လျားမှ ကဗျည်းစာတမ်းများကို`အရဗီ´နှင့်´ပါရှန်း´စာတို့ဖြင့် ရေးထိုး ခဲ့ပြီး၊ ၄င်းစာပေများကို အာ(ရ်)ကန်(ရခိုင်) ပြည်တွင် ယနေ့တိုင် အထင် အရှားတွေ့မြင်နိုင်သည်။
အေဒီ(၁၄၊ ၁၅)ရာစုမြောက်ဦးခေတ် ကျောက်စာ |
ရှေးနှစ်ပေါင်း(၈၀၀)လောက်ကပင် တည်ရှိခဲ့သော ရိုဟင်ဂျာစာပေ (မူရင်းစာအုပ်မှ မိတ္တူကူးခြင်းဖြစ်သည်။) |
ရိုဟင်ဂျာ၊ ကမန်လူမျိုးများနှင့် ပတ်သက်သော ရှေးဟောင်းဓါတ်တော်မွေတော် ဗိသုကာလက်ရာ အကြွင်း အကျန် အပျက်အစီး အချို့ကို မြို့ဟောင်း(မြောက်ဦး)မြို့အမျိုးသားပြတိုက်တွင် လျှို့ဝှက်စွာသိမ်းဆည်း ထားကြောင်းသိရသည်။ အထူးသဖြင့် `ရိုဟင်ဂျာ´တို့နှင့် ပတ်သက်သည်များကို မြန်မာပြည်သူများနှင့် ကမ္ဘာ မှ မသိရှိ ရလေအောင် စစ်အစိုးရ အဆက်ဆက်က အထူးလျှိ့ဝှက်စွာ သိမ်းဆည်းထား သည်။ ဤကဲ့ သို့ ခိုင်လုံသော ရှေးဟောင်း အထောက် အထားများ ရှိပါလျှက် ခေတ်အဆက်ဆက် စစ်အစိုးရများက ရို ဟင်ဂျာတို့အား လူမျိုးတုန်းသုတ်သင်နိုင်ရန် အလို့ငှာ ရှေးဟောင်းကျောက်စာ အထောက်အထား များ အား ဖျောက် ဖျက် ထားခြင်းဖြစ်သည်။ အာ(ရ်)ကန်(ရခိုင်) ပြည်တွင် ထင်ထင် ရှား ရှားတွေ့မြင် ရသော `အရဗီ´နှင့် `ပါရှန်း´ကမ္ပည်း စာတန်းပါ ကျောက်စာများသည် ရိုဟင်ဂျာမွတ်ဆလင် တို့ ခေတ်အဆက် ဆက် က အာ(ရ်)ကန် သမိုင်းတွင် မည်သို့သော အတိုင်းအတာတစ်ခုအထိ အင်အားပြင်းထန် ခဲ့ကြောင်းနှင့် တိုင်းရေးပြည် အရေး ကိစ္စဟူသမျှတွင် မည်မျှ လွှမ်းမိုးနေရာ ယူခဲ့ကြောင်း ကို တွေ့မြင်နိုင် သည်။ နောက် ထပ် အထောက်အထား အချို့ကို တင်ပြရလျှင် မေယုခရိုင် (ယခုမောင်တော ခရိုင်) နှင့် စစ်တွေ ခရိုင်ဒေ သများ တွင် ကျေးရွာ အချို့၏ နာမည်များကို အရဗီနှင့် ယှဉ်၍ ရခိုင်နာမည် များဖြင့် မှည့်ခေါ် ထား ကြောင်း ကို ယခုအချိန် အထိ တွေ့ရှိနိုင်သည်။ ဥပမာ- `နူရူလာပါရာ´(သက်ချောင်း ရွာ)၊ အရဗ်ရှား ပါရာ (လှပေါရွာ)၊ ဟနီဖာတန်ကီ (မောင်နှမရွာ)၊ ဘန်ဒါရ်ပါရာ(ကောင်းဝတ်ရွာ) - - - စစ်တွေ ခရိုင်ရှိ ကျေး ရွာ ပေါင်း ၁၀ ခုအနက် ၉ ခုသည် အာရဗ်မွတ် ဆလင်နာမည်များဖြစ်ကြသည်။ ဥပမာ- ဘာစ္စရာ (Bassarah)၊ နာဇိရ်ပါရာ (Nazir Para)၊ ကာသစ်က်ပါရာ(Kathit Para)၊ အမ်လာပါရာ (Amla Para)၊ မောလိပ်ပါရာ (Mauleik Para)စသည်တို့ဖြစ်သည်။ ယခုအခေါ်စစ်တွေဟုခေါ်ဆိုခဲ့သော Akyab သည်ပင်လျှင် ပါရှန်း နာ မည်တစ်ခုသာဖြစ်ပြီး၊ အသံထွက်မူရင်းမှာ Ek-aab(ကျွန်းတစ်ကျွန်း)ဖြစ်သည်။ ၄င်းကို `Prince Shah Shujah´ ကမှည့်ခေါ်ခဲ့ဖြင်း ဖြစ်သည်။ စင်စစ် အာ(ရ်)ကန် Arakan ဟူသော နာမည် သည်ပင်လျှင် အရဗီ မူရင်းစကားဖြစ်သော Al-recon မှဆင်းသက်လာခြင်းဖြစ်ပြီး၊ အဓိပ္ပါယ်မှာ `အစ္စလာ့မ်မဏ္ဍိုင်´ ဖြစ်သည်။ ၄င်းကို အာရေဗျ ကမ္ဘာ့ ပထ၀ီဘာသာ ရပ်ကျွမ်းကျင် သူ ‘Ibne Batuta’ က မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။
ဦးနေ၀င်း၏ တော်လှန်ရေးအစိုးရမှ စတင်၍ ဦးနေ၀င်း ဦးဆောင်သော စစ်အစိုးရခေတ် အဆက်ဆက်တွင် ရိုဟင်ဂျာတို့၏ ခိုင်လုံ သောအထောက် အထားများကို အတတ်နိုင် ဆုံး ဖျောက်ဖျက်နိုင်အောင်ကြိုး စား နေခဲ့ သည်။ ဖျောက်ဖျက် ပစ်ခဲ့သည်။ ၁၉၈၂ ဥပဒေကို ဦး နေ၀င်းနှင့် ရခိုင်အမျိုးသားတို့ သီးသန့်ရေး ဆွဲပြီး၊ ရိုဟင်ဂျာတို့အား တစ်ဖက် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂလီများ အဖြစ်ဖန် တီးခဲ့သည်။ ၄င်းကို ၁၉၈၈တွင် နိုင်ငံတော်အုပ်ချုပ်မှု အာဏာကို မတရားရယူထားသော တရားမ၀င် အစိုးရဖြစ် သည့် စောမောင်နှင့်သန်း ရွှေတို့၏ စစ်အစိုးရက ဦးဆောင်ကာ အာဏာရူးခင်ညွှန့်က ဆက်လက် အကောင် အထည်ဖော်ခဲ့သည်။ တော်လှန်ရေးကောင်စီနောက်ပိုင်း လူလားမြောက် လာသော မြန်မာ လူငယ် များ၊ စာပေဗဟုသုတ လက်လှမ်းမမီနိုင်သူမြန်မာတိုင်းရင်းသားများအား လူမျိုးရေးမုန်းတီးမှု များဖြစ်ပွား ရလေ အောင် အမျိုးမျိုးသွေးထိုးလှုံ့ဆော်မှု များအပြင် ရိုဟင်ဂျာများ အများဆုံးနေ ထိုင်သော မောင်းတောနှင့် ဘူးသီးတောင်နယ်အား အမိုးပွင့် အကျဉ်းထောင်ကြီးသ ဖွယ် ပြုလုပ်ထား သည်မှာ ယခု ဒီမိုကရေစီအစိုးရ ဟုကြွေးကြော်နေသော ဦးသိန်းစိန်လက်ထက်အထိ ပင်ဖြစ်သည်။
အပိုင်း (၁)
အပိုင်း (၁)
ဌေးလွင်ဦး
RB News
29.12.2012
ယနေ့ ရခိုင်ပြည်နယ်ဟု ခေါ်တွင်သော အရပ်မှ ဗမာစကားပြော လူမျိုးအား ဗမာများက ရခိုင်လူမျိုးဟု ခေါ်ဆို သည်။ စကိုင်းထူပါရုံ မုခ်ဝ ကျောက်စာ အရ- ပန်းဆက် ရသည့် တော သား ကျေးကျွန်မျိုး (ကျေးကျွန် ဆိုသည် မှာ ပဒေသရာဇ်မင်းများ လက်ထက်၌ ၀န်ထမ်း ကိုခေါ်ခြင်းဖြစ်သည်) ဟု မှတ်တမ်းတွေ့ရသည်။ သို့သော် ထို မတိုင်မှီကပင် ရခိုင်ဒေသသို့ ယခု ရခိုင် လူမျိုးဟု ခံယူထားသူများ ရောက်ရှိသည့် အထောက်အထားများ ရှိနေ သည်။ ၎င်းတို့အား ရခိုင်ဒေသရှိ မူလဘူတ လူမျိုးတို့က ရက္ခု ဟုခေါ်တွင်ကြောင်း ကျွန်ုပ်တင်ပြသည့် ရခိုင် သမိုင်း (၂) တွင် ဖေါ်ပြပြီး ဖြစ်သည်။
ဗမာဟု မည်တွင်လာမည့် လူမျိုးသည် ပျူလူမျိုးကို အခြေခံလျှက် မြန်မာနိုင်ငံရှိ တိုင်းရင်း သားပေါင်း စုံမှ ရော ပြွန်း၍ ကပြား ဖြစ်သွားသော လူမျိုးကြီး တစ်ခုသာ ဖြစ်သည်။ ထို ဗမာဟု မခံယူမှီ (အေဒီ ၁၁ ရာစု မတိုင်မှီ) ကတည်းက သိရိခေတ္တရာ ပျူနိုင်ငံမှ သွန်းလုပ်ခဲ့သည့် ဒင်္ဂါး များနှင့် အေဒီ ၇ ရာစုမှ ရခိုင် ရှေးဟောင်းဒင်္ဂါးတို့မှာ တူညီနေကြောင်းကို တွေ့ရသည်။ သို့ဖြစ်၍ မြန်မာအင်ပါယာဟု မဖြစ်တည်မှီကတည်းကပင် ဗမာ ဖြစ်လာမည့် ပျူလူမင်းများမှ မူလဘူတ ရခိုင်နိုင်ငံငယ်သို့ လွှမ်းမိုးခဲ့ဟန် ရှိခဲ့သည်။ သို့သော် ၎င်းသည်ပင် မူလဘူတ ရခိုင် သမိုင်းထက် နှစ်ပေါင်း ၂၀၀၀- မှ ၂၅၀၀ ခန့် နောက်ကျနေပေသည်။
ဗမာများထက် ရှေးကျစွာ နေပြည်တော်ထူထောင်ခဲ့သော မွန်လူမျိုးတို့အား ဗမာများ မှ အောင်နိုင် လျှက် မြန်မာ ပြည်အောက်ပိုင်း မွန်ဒေသများအား မြန်မာမှုပြုခဲ့သော်လည်း မူလမွန်လူမျိုး တို့မှာ အနည်းနှင့် အများ တည်ရှိ နေသကဲ့သို့- ယခု ရခိုင်နယ်ဟု ခေါ်တွင်နေသည့် ဒေသသို့ ယက္ခ (ရက္ခ) ခေါ် ရှေးဟောင်း ဗမာလူမျိုးများ ၀င် ရောက်လာခဲ့သော်လည်း ရှေးဟောင်းမူလဘူတ လူမျိုးတို့မှာ အပြီးတိုင်တိမ်ကော ပပျောက်သွားခြင်း မဟုတ် ပေ။ အချို့မှာ ကပြားများ ဖြစ်လျှက် အသားမဲ၊ နှာတံသွယ်၊ မျက်ခုံးကောင်းသည့် (မြန်မာများအမြင် ကုလား ဆင်) ရခိုင်အမည်ခံ လူဦးရေမှာလည်း မြောက်များစွာ ဖြစ်လာသကဲ့သို့- မူလဘူတ လူမျိုးများမှာလည်း တည်ရှိ နေမြဲသာ ဖြစ်ပေသည်။
ထိုအရပ်ဒေသမှ ဒေသခံများသည် မိမိတို့၏ နိုင်ငံတော်အား သမိုင်းစဉ်ဆက် ရခိုင်နိုင်ငံတော် ဟု ခေါ်တွင်ခဲ့ သည့် အထောက်အထားကို မတွေ့ရပေ။ မြန်မာများ၌ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်- စသည်ဖြင့် ရှိပြီး ပုဂံမင်းဆက်၊ ပင်းယမင်းဆက်၊ အင်းဝမင်းဆက်၊ ညောင်ရမ်းမင်းဆက်၊ ကုန်းဘောင်မင်းဆက် များ အဖြစ်ဖြင့် သာခံယူသကဲ့သို့- ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးမင်းဆက်များ အုပ်ချုပ်ခဲ့ ရာ ဒေ သဖြစ်လျှက်- ၎င်း ဒေသကို မြန်မာများက ရခိုင်နယ်ဟု ခေါ်တွင်ခဲ့သည်။ သို့သော် နောက်ဆုံးသော ရခိုင်မင်းဆက်များကမူ အာရ်ကန်နိုင်ငံဟုသာ သတ်မှတ်ခဲ့သည်။ သို့ဖြစ်၍- ရခိုင်မင်းဆက်ထံမှ အာဏာ သိမ်းယူလိုက်သော ဗြိတိသျှ အင်ပါယာမှ ထိုဒေသအား အာရ်ကန် Arakan ဟုသာ ဆက်လက် မှတ်တမ်း တင်ခဲ့ခြင်း၊ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲဝင်သည့် ရခိုင်မျိုးချစ်ပါတီအားလုံးမှလည်း မိမိတို့၏ ပါတီများအား Arakan အမည် နာမဖြင့် မှတ်ပုံတင်ခဲ့ကြသည်၊ ခံယူခဲ့ကြပေ သည်။ မြန်မာနိုင်ငံ ၏ မြေပုံ၌လည်း ၁၉၉၆ မတိုင်မှီထိ ထိုဒေသအား Arakan ဟု သာဖေါ်ပြခဲ့သည်။ သို့သော် ယခုအခါသော် ကား Rakhine ဟု ဖြစ်ခဲ့ရချေပြီ။ နောင် နှစ်ပေါင်း ၅၀ ၌ Arakan အမည် ပျောက်ဆုံးသွားတော့ မည်မှလည်း သေချာနေပေသည်။ သို့သော် လက်ရှိထိ Arakan League for Democracy (ALD). Arakan Liberation Party (ALP) စသည်တို့က Arakan ဟူသော အမည်ပေါ်၌ သက်သေခံ ရပ်တည်လျှက် ရှိနေသေးပေသည်။
သို့ဖြစ်လျှင်- ယနေ့အခါ၌- မြန်မာတစ်ပြည်လုံးနှင့် ပြည်ပရောက် မြန်မာနိုင်ငံသား အပေါင်းမှ လူမျိုးတစ်မျိုး အား Arakan ဟု အသိအမှတ်ပြု ခေါ်ဆိုနေသူများမှာ မည်သူများ ဖြစ်ပါသနည်း- ရိုးသားစွာ ဆင်ခြင်စေ လိုသည်။ မည်သည့် ရခိုင်တစ်ဦးကိုမျှ Arakan ဟု မခေါ်ဆိုပါ။ “ရိုဟင်ဂျာ”များကိုသာ Arakan အာရ်ကန် ဟုခေါ်ကြောင်း တွေ့ရမည် ဖြစ်သည်။ Arakan အား ရှေးဟောင်းဗမာ (ရခိုင်) လူမျိုးမင်းဆက်များက သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့ ခြင်းကြောင့် မြန်မာများက ရခိုင်များ အုပ်ချုပ်ရာနယ်-ဟု သတ်မှတ်သော်လည်း- မူရင်း Arakan မှာ ရှေးဟောင်း ဗမာလူမျိုး မဟုတ်ကြောင်း ထိန်ဝှက်ဖုံးကွယ်၍ မရနိုင်သေးပေ။
ထို့ပြင်- ရှေးဟောင်း မြန်မာသမိုင်းမှတ်တမ်းများတွင် “ရိုဟင်ဂျာ”ဟူသည့် အမည်နာမအား မှည့်တွင် ထားခြင်း မရှိသည်ခြင်းဟူသည့် အကြောင်းပြချက်မှာ လူမျိုးတစ်မျိုးအား လက်ရှိ မြန်မာဧရိယာအတွင်းမှ ပယ်ဖျက်ပစ်ရန် လုံလောက်သော အကြောင်း မဟုတ်ပေ။ မြန်မာမင်းအဆက်ဆက် သည် မြန်မာနိုင်ငံ အတွင်းရှိ လူမျိုးအားလုံး၏ အမည်နာမများ၊ သမိုင်းနောက်ခံများ၊ ဘာသာစကားများအား စနစ်တကျ သုတေသနလုပ်၍ မှတ်တမ်းတင်ခဲ့ ခြင်းလည်း မရှိပေ။ Arakan နိုင်ငံတော်အား ရခိုင် ဟုသာ ခြုံငုံခေါ် ဆိုခဲ့၍- ထိုရခိုင်အား သိမ်းပိုက်စဉ်- မဟာ မြတ်မုနိဆင်းတုတော်ကြီးအား ပင့်ဆောင်သွားခဲ့ရာ၌ ဘု ရားစောင့် လူမျိုး ဟု ခေါ်သွားသူများမှာလည်း “ရိုဟင် ဂျာ” စကားပြော လူမျိုး ဗုဒ္ဓဘာသာ များဝင်များ သာ ဖြစ်ပေသည်။ ထိုလူမျိုးအကြွင်းအကျန်များ ယနေ့ထိတိုင် ရှိ နေသေးပေသည်။ ရခိုင်မှ စစ်သုံ့ပန်း အဖြစ် ခေါ်ဆောင်သွားပြီး ဗမာတပ်မတော်၌ စစ်သည်များ အဖြစ်ခန့်အပ် သော သူများမှာလည်း- မွတ်ဆ လင်များပင် ဖြစ်သည်။ ၎င်းတို့အား ကမန်များ ဖြစ်သည်ဟု တစ်ထစ်ချပြောဆို ၍ မရနိုင်ပေ၊ ကမန် များ ဖြစ် လျှင် ကမန် ဟုသာ အမည်တွင်စေရမည် ဖြစ်သည်။ ရခိုင်နယ်မှ မွတ်ဆလင်များ သာ ဖြစ်သည်ဟူသည့် အချက်မှာ သေချာသော အချက် ဖြစ်နေပေသည်။ ထိုစစ်သည်တို့အတွက် ၀တ်ပြု ကျောင်းဆောင် များ ဆောက်လုပ်ပေးခဲ့ခြင်းကြောင့်- ယနေ့တိုင်ထိ၊ ရန်ကုန်၊ မော်လမြိုင် မြို့များ၌ ရခိုင်ဗလီ ဟူ သော အမည်နာမများဖြင့် တည်ရှိနေခြင်းများသာ ဖြစ်ပေသည်။ ထိုဗလီများမှာ အင်္ဂလိပ် အုပ်ချုပ်မှသာ အင်္ဂလိပ် ခေတ်၌ မြန်မာနိုင်ငံအတွင်းသို့ ရခိုင်မွတ်ဆလင်များ ထိုးဖေါက် ၀င်ရောက်လာ၍ တည်ဆောက် ခဲ့ခြင်း များ မဟုတ်ဘဲ ဗမာဘုရင်များ လက်ထက်မှပင် ဗမာစစ်တပ်မှ စစ်သည်တော်များ အတွက် တည်ဆောက် ပေးခဲ့ ခြင်းများ ဖြစ်ပေသည်။
ထိုသို့ ဗမာဘုရင်များ လက်ထက်ကပင် မြန်မာများ ခေါ်ဆိုခဲ့သော “ရခိုင်” ဟူသည်မှာ- ရခိုင် နယ်ရှိ လူမျိုးစုံ ဘာသာစုံ အား ခေါ်ခဲ့သော အမည်နာမဖြစ်၍- ယခု အခါတွင်မှ ရှေးဟောင်းဗမာစကားပြော ဗုဒ္ဓ ဘာသာဝင် များကသာ မူပိုင်ဆွဲလိုက်ခြင်းမှာ မတရားမှု တစ်ခုအား ကျူးလွန်လိုက်ခြင်း သာ ဖြစ်တော့ သည်။ ထို့ ထက်မက “ရိုဟင်ဂျာ”စကားအား တစ်လုံးတစ်ပါဒမျှ မတတ်၊ အသိဘဲလျှက် ဘိုးစဉ်ဘောင် ဆက်က ပင် ဗမာ စကား သို့မဟုတ် ရှေးဟောင်းဗမာ (ရခိုင်)စကားကိုသာ ပြောဆိုသည့် လူမျိုးများထဲမှ မွတ်ဆလင်များကိုလည်း ရခိုင်မှန်လျှင် အစ္စလာမ်ဘာသာဝင် မရှိဟု အကြောင်းပြချက်ဖြင့် လူမျိုးအ မည်ဖျောက်ခံရခြင်း သို့မဟုတ် နိုင်ငံ ခြားသား အဖြစ်သတ်မှတ်ခြင်းတို့မှာလည်း မတရားမှု သာ ဖြစ်တော့ သည်။
(ဤသမိုင်းကြောင်းများအား ဖေါ်ပြခြင်းမှာ သမိုင်းမှန်အား သမိုင်းသဘောတ ရားဖြင့် လေ့လာနိုင်ရန် သာ ဖြစ်၍ ခွဲထွက်ရေးမူတို့အား အားပေးခြင်း လုံးဝ မဟုတ်ပါ။ ကျွန်ုပ်သည် မတရားမှုတို့အား လုံးဝ လက်မခံသော်လည်း ခွဲထွက်ရေးမှုဟူသည် တိုင်းပြည်အတွက် အကျိုးမရှိ၊ လူထုအတွက် အကျိုးမရှိ၊ အနာဂါတ် မျိုးဆက်အတွက် အကျိုး မရှိဟုသာ ခံယူထားသူ ဖြစ်သည်။)
မဟာမင်းခန့်
RB News
အာ(ရ်)ကန်(ရခိုင်)ဒေသတွင် အစ္စလာမ် ယဉ်ကျေးမှုကို ကွဲပြားစွာ သိသာထင်ရှားသော ရှုထောင့် အမျိုးမျိုး ဖြင့် တွေ့မြင်နိုင်သည်။ ၄င်းသည်လည်း ကွဲပြားခြားနားသော အကြောင်း အရာ ဖြစ်ရိုးဖြစ် စဉ်ကြောင်းဖြစ်ပေါ်လာ ရခြင်းဖြစ်သည်။ အာ(ရ်)ကန်(ရခိုင်)ဒေသတွင် ရောက်ရှိလာခဲ့သော အာရဗ်နှင့် ပါရှန်တို့သည် ရှေးယခင်ကပင် ကြီးထွားရှင်သန်ခဲ့သော အစ္စလာမ်ယဉ်ကျေးမှုနှင့် ရှုထောင့်စုံမှ လုံးဝ ဆန့်ကျင်သည့် ယဉ်ကျေးမှုကြီးကို ဖြတ်သန်းကျော်လွှားလာခဲ့သော လူမျိုးများဖြစ်သည်။ (၁၀) ရာစုမ တိုင်မီက အာ(ရ်)ကန် (ရခိုင်) ဒေသသည် အိန္ဒိယလူမျိုးများနေ ထိုင်သောနေရာဒေသဖြစ် ခဲ့ပြီး နေ ထိုင်သော လူမျိုးများသည်လည်း ဟိန္ဒူများသာဖြစ်ကာ ဘင်္ဂလားတွင် နေထိုင်သောလူမျိုးများနှင့် ခပ်ဆင် ဆင်တူသည်။ (Before the 10th century A.D. Arakan was an Indian Land, the inhabitants of which were Hindus similar to those of Bengal.)
အာ(ရ်)ကန်(ရခိုင်)ဒေသ၏ အစောပိုင်း ဟိန္ဒူလူမျိုးတို့သည် အလွန်တွေးတော စဉ်းစားဆင်ခြင် ပိုင်းခြားတတ် သူများဖြစ်သည်။ သို့ရာတွင် အိန္ဒိယနိုင်ငံတွင် ဖွံ့ဖြိုးကြီးထွားနေသော ဟိန္ဒူအယူဝါဒတို့၏ ထုံးတမ်း အစဉ် အလာတစ်ခုကဲ့သို့ဖြစ်နေသော ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားဆက်ဆံတတ်သော လူမှု အကျင့်စရိုက်ဆိုးကြောင့် အာ(ရ်)ကန် (ရခိုင်)ဒေသရှိ အစောပိုင်းဟိန္ဒူတို့၏ လူမှုဘ၀ကူးလူး ဆက်ဆံရေး အသီးသီးတွင်လည်း ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားတတ်သည့် စနစ်ရှိခဲ့သည်မှာ ယုံမှားသံသယဖြစ်ဖွယ် အလျင်း မရှိပေ။ ၄င်းစနစ် ဆိုးကြောင့် ဇာတ်နိမ့်ဟိန္ဒူများသည် တန်းတူအခွင့်အရေး အပြည့် အ၀မရရှိခဲ့ပေ။ ဗြဟ်မန်တို့၏ သြဇာအရှိန်အ၀ါသည်လည်း ထို လူမှုစနစ်အပေါ်တွင် မတရား လွှမ်းမိုး ချယ်လှယ်ခြင်းနှင့် ရက်စက်ကြမ်း ကြုတ်ခြင်းများ အစဉ်ဖုံးလွှမ်းခဲ့သည်။ ဗြဟ်မန်တို့သည် ဘာသာ ရေးနှင့် ပတ်သက်၍ စိတ်ကြိုက်အတွေ့ဆုံးသဘော အမြင်တို့ကို အမြဲထောက်ခံ သက်ဝင်စေ ခဲ့သဖြင့် ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြား ဆက်ဆံ သော လူမှုနယ်ပယ် အသိုင်းအ၀န်းသည် ကျဉ်းသထက် ကျဉ်းမြောင်းလာပြီး၊ အခြေအနေ သည်လည်း ဆိုးသထက်ဆိုးဝါးလာခဲ့သည်။ ထို့ကြောင့် ဗြဟ်မန်ဝါဒီတို့သာလျှင် သီးသီးသန့်သန့် ထိန်းချုပ် ထားနိုင်သော ဘာသာရေးကျောင်းတော် ၀ါဒများပေါ် ပေါက်လာခဲ့သည်။ သူတို့သည် ဇာတ်နိမ့်သူနှင့် ဇာတ်မြင့်သူများကြား ကွာဟမှု ကျယ်ပြန့်စေခဲ့သည်။ ဇာတ်နိမ့် ဇာတ်မြင့် အဆင့်ပေါ်မူတည်ပြီး ပညာသင် ယူဆည်းပူးခွင့်နှင့် အလုပ်အကိုင်ရရှိနိုင်မှု အခွင့်အလမ်းများကို သတ်မှတ် ပိုင်းခြားပေးသည်။ ဇာတ်နိမ့်လူတန်းစား (the society of inferior classes) များ၏ ဘ၀ကံကြမ္မာ အလှည့် အပြောင်း အားလုံးသည်လည်း မတရားစိုးမိုးချယ်လှယ်သော ဇာတ်မြင့်လူတန်းစား တို့၏ လက်ဝယ်တွင် သာရှိသည်။ ၄င်းအပြင် ဇာတ်နိမ့်လူတန်းစားတို့ဘ၀တိုးတက် ပြောင်းလဲရေး ကြိုးပမ်းအား ထုတ်မှုဟူ သမျှကိုလည်း ဇာတ်မြင့်တို့ အမြဲတားဆီးပိတ်ပင်ခဲ့သည်။
အစ္စလာမ် သာသနာတော်သည် ကွဲပြားခြားနားစွာ ဆက်ဆံခြင်းကို လုံးဝလက်မခံပေ။ ၄င်းအစ္စလာမ်သာ သနာတော်၏ အရည် အချင်းသည် ဘာသာသာသနာ တစ်ခုအတွင်း ဇာတ်နိမ့်ဇာတ်မြင့် ဆက်ဆံခြင်းကို ခံနေရသော ဇာတ်နိမ့်ဟိန္ဒူလူမျိုးတို့အတွက် အစ္စလာမ် သာသနာတော်က ပေးအပ်ထားသော လွတ် လပ်ခြင်း၊ သာတူညီ မျှမှုရှိခြင်း၊ လူမှုအခွင့်အရေးများ တန်းတူရည်တူရှိနေခြင်း၊ လွတ်လပ်စွာ စီးပွားရေး လုပ် ပိုင် ခွင့်နှင့် လူမှုဘ၀ဖွံ့ဖြိုးရေးအတွက် မိမိကိုယ်စွမ်းရှိသမျှ လုပ်ပိုင်ခွင့်များရှိနေသည်ကို အား တက်စရာ၊ စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ သူတို့အတွက် ကောင်းကင်ဘုံမှ ကြယ်တာရာကို ဆွတ်ခူး ရရှိ သကဲ့သို့ မျှော်လင့်ခြင်းရောင်ခြည်များ ထွန်းလင်း တောက်ပခဲ့သည်။ ထိုသို့အမှောင် ထုအတိလွှမ်း မိုးနေသော အာ(ရ်)ကန်(ရခိုင်)ဒေသတွင် လူမှုဘ၀အ၀၀ တန်းတူရည်တူရှိပြီး သာယာဝပြောသော လူ့ဘောင်သစ် တစ်ခု တည်ဆောက်ရေးအတွက် အားတက်သရော ကြိုးပမ်းေးဆာင်ရွက်သူများမှာ- Mohamed Hanif, Amir Hamza, Badar Shah, Babejee Shah, Haidar Ali Shah, Nurullah Shah, Afzal Shah, Gulmul Shah, Sikandar Shah, Kalasee Meah Shah, Hussain Shah တို့ဖြစ်ကြသည်။ အထက်ဖော်ပြပါ ပုဂ္ဂိုလ်ကျော်တို့သည် စွန့်ပစ်ခြင်းနှင့် ဥပေက္ကာပြုခြင်းခံရသော ဇာတ်နိမ့်ဟိန္ဒူများအတွက် အစ္စလာမ် သာသနာတော်၏ လမ်းညွှန် မှုဖြစ်သည့် အလ္လာဟ် (Allah)အတွက် စည်း လုံးညီညွှတ်ခြင်း၊ လူသားအားလုံး သာတူညီ မျှဖြစ်ပြီး ချစ်ခြင်း ညီအစ်ကို ပမာဖြစ်သည်ဟူသော မြင့်မြတ်သည့် အစ္စလာ့မ် အယူ ၀ါဒတို့သည် လူ့ဘ၀သစ်တစ်ခု တည်ဆောက်ရေးအတွက် မဟာအခွင့် အရေးနှင့် မျှော် လင့်ခြင်းရောင်ခြည် သစ်များ ဖြစ်ခဲ့ကြသည်။ ထို့အပြင် ၄င်း တို့သည် သာသနာဟောင်းကို စွန့်လွှတ်ပြီး အစ္စလာမ့်သာသနာဘောင်အတွင်း ၀င်ရောက်လာ သူများအတွက် လူမှုဖူလုံရေးအသင်း အဖွဲ့များ ဖွဲ့စည်းကာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အခမဲ့ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သည့်အပြင် အိမ်ရှေ့မင်းသားနှင့် လယ်သမားတို့သည် (စွာလာသ်) ၀တ်ပြုရာတွင် တစ်ချိန်တည်း တစ်နေရာတည်းနှင့် တစ်ပေါင်း တည်းစုပေါင်းဝတ်ပြုလာခဲ့ကြသည်။
၁၀ ရာစုနှောင်းပိုင်းကာလတွင် အစ္စလာမ် သာသနာတော်သည် `အာသံ´ ကမ်းခြေမှတစ်ဆင့် မလေးရှား သို့ တစ်ဟုန်ထိုးပြန့်နှံ့ သွားခဲ့ပြီး အာ(ရ်)ကန်(ရခိုင်)ဒေသ တစ်နံတစ်လျားတွင်လည်း စိမ့်ဝင်ထိုးဖောက် ခဲ့ သည်။ သာဓကအားဖြင့် ထူးဆန်းသော ဗလီဖြစ်သည့် Akyab (စစ်တွေ) မီးပွိုင့်အနီးရှိ Badarmokan (ဗုဒ္ဓမော် ခေါ် ဗော်ဒေါရ်မူကန်) (အပေါ်ပုံ) ဗလီကို ကြည့်ရှုခြင်းဖြင့် သိသာနိုင်သည်။ ဒေသခံလူမျိုး ဘာသာ မရွေး ၄င်းဗလီကို အထူးကြည် ညိုလေးစားကြပြီး အခါမလပ် ၀င်ရောက်ဖူးမျှော်နေသူများကိုလည်း ယနေ့တိုင် အထင် အရှားတွေ့ရှိနိုင်သည်။ (သို့ရာတွင် ဒေသခံတို့၏ ပြောကြားချက်အရ ၁၉၈၈ ခုနှစ်နောက်ပိုင်း တက်လာသော တပ်မတော် အစိုး ရလက်ထက်၌ ၄င်းဗလီ၏ မွမ်းမံပြင်ဆင်မှု အနေ အထား ကို ဥပေက္ခာပြုထားသည်ဟု သိရှိရသည်။ )
အစောပိုင်း အခြေချနေထိုင် လာသူများ၏ သားစဉ်မြေး ဆက်တစ်ချို့နှင့် အစ္စလာမ် ဘာသာသို့ ကူးပြောင်း လာသူဒေသခံအချို့ သည် ရှေးမူမပျက် ရိုးရာအစဉ်အလာကို စဉ်ဆက်မပြတ်ထိန်းသိမ်း လာခဲ့ သူ များ ဖြစ် သည့် အားလျော်စွာ ၄င်းတို့၏ နာမည်၊ ယုံကြည် ချက်နှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ် လာတို့ကိုလည်း အမြဲရင်ဝယ်ပိုက် စောင့်ရှောက်လာခဲ့သူများဖြစ်သည်။ ၄င်းတို့သည် ``ရို ဟင် ဂျာ´´လူ မျိုး များဖြစ် ပြီး နောက်ပိုင်းတွင် အာ(ရ်)ကန် (ရခိုင်)ပြည်အနှံ့ အထူးသဖြင့် မေယုခရိုင်နှင့် စစ်တွေ ခရိုင်ဒေသ တို့တွင် ပျံ့နှံ့ နေထိုင်ခဲ့သည်။ ထိုဒေသများသည် အခြားဒေသများထက် လယ်ယာ ထွန်ယက်စိုက်ပျိုးရန် မြေဆီသြဇာကောင်းမွန်သောဒေသ ဖြစ်သည်။ `ရိုဟင်ဂျာ´ ဟူသော စကားရပ်သည် Arabic Original အရဗီမူရင်းစကားရပ်ဖြစ်သော Rahma `ရာ(ဟ်)မ´ ခေါ် ကြင်နာခြင်းဟူသော အဓိပ္ပါယ် ရသည့်စကားရပ်မှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။
`ရိုဟင်ဂျာ´ အပြင် အာ(ရ်)ကန်(ရခိုင်)ဒေသတွင် ရခိုင်မင်း စန္ဒာသုဓမ္မ (၁၆၅၂-၁၆၈၄) လက်ထက်တွင် ၀င်ရောက်ခိုလှုံခဲ့သော Shah Shujah `ရှားရှူးဂျား´မင်း၏ နောက်လိုက်မျိုး ဆက်များဖြစ်သည့် Kaman `ကမန်´တို့၏ သမိုင်းနောက်ခံသည်လည်း အာ(ရ်) ကန်(ရခိုင်)သမိုင်းတွင် မပါမပြီးသော အထူး ကဏ္ဍ တစ်ရပ်မှ ပါဝင်ပေသည်။ ကမန်လူမျိုးတို့သည် အာ(ရ်)ကန်(ရခိုင်)တစ်ပြည်လုံးတွင် ပျံ့နှံ့နေ ထိုင် လျှက် ရှိပြီး၊ အထူးသဖြင့် စစ်တွေ၊ ရမ်းဗြဲ နှင့် သံတွဲတစ်ဝိုက်တွင် အနေများသည်။ `ကမန်´ဆိုသောဝေါ ဟာရသည် ပါရှန် (ယခုအီရန်)စကားရပ်တစ်ခုဖြစ်ပြီး Archers လေးသည်တော်ဟု အဓိပ္ပါယ်ရသည်။
ဆက်ရန် ....
အပိုင်း (၁)
RB News
အာ(ရ်)ကန်(ရခိုင်)ဒေသတွင် အစ္စလာမ် ယဉ်ကျေးမှုကို ကွဲပြားစွာ သိသာထင်ရှားသော ရှုထောင့် အမျိုးမျိုး ဖြင့် တွေ့မြင်နိုင်သည်။ ၄င်းသည်လည်း ကွဲပြားခြားနားသော အကြောင်း အရာ ဖြစ်ရိုးဖြစ် စဉ်ကြောင်းဖြစ်ပေါ်လာ ရခြင်းဖြစ်သည်။ အာ(ရ်)ကန်(ရခိုင်)ဒေသတွင် ရောက်ရှိလာခဲ့သော အာရဗ်နှင့် ပါရှန်တို့သည် ရှေးယခင်ကပင် ကြီးထွားရှင်သန်ခဲ့သော အစ္စလာမ်ယဉ်ကျေးမှုနှင့် ရှုထောင့်စုံမှ လုံးဝ ဆန့်ကျင်သည့် ယဉ်ကျေးမှုကြီးကို ဖြတ်သန်းကျော်လွှားလာခဲ့သော လူမျိုးများဖြစ်သည်။ (၁၀) ရာစုမ တိုင်မီက အာ(ရ်)ကန် (ရခိုင်) ဒေသသည် အိန္ဒိယလူမျိုးများနေ ထိုင်သောနေရာဒေသဖြစ် ခဲ့ပြီး နေ ထိုင်သော လူမျိုးများသည်လည်း ဟိန္ဒူများသာဖြစ်ကာ ဘင်္ဂလားတွင် နေထိုင်သောလူမျိုးများနှင့် ခပ်ဆင် ဆင်တူသည်။ (Before the 10th century A.D. Arakan was an Indian Land, the inhabitants of which were Hindus similar to those of Bengal.)
အာ(ရ်)ကန်(ရခိုင်)ဒေသ၏ အစောပိုင်း ဟိန္ဒူလူမျိုးတို့သည် အလွန်တွေးတော စဉ်းစားဆင်ခြင် ပိုင်းခြားတတ် သူများဖြစ်သည်။ သို့ရာတွင် အိန္ဒိယနိုင်ငံတွင် ဖွံ့ဖြိုးကြီးထွားနေသော ဟိန္ဒူအယူဝါဒတို့၏ ထုံးတမ်း အစဉ် အလာတစ်ခုကဲ့သို့ဖြစ်နေသော ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားဆက်ဆံတတ်သော လူမှု အကျင့်စရိုက်ဆိုးကြောင့် အာ(ရ်)ကန် (ရခိုင်)ဒေသရှိ အစောပိုင်းဟိန္ဒူတို့၏ လူမှုဘ၀ကူးလူး ဆက်ဆံရေး အသီးသီးတွင်လည်း ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားတတ်သည့် စနစ်ရှိခဲ့သည်မှာ ယုံမှားသံသယဖြစ်ဖွယ် အလျင်း မရှိပေ။ ၄င်းစနစ် ဆိုးကြောင့် ဇာတ်နိမ့်ဟိန္ဒူများသည် တန်းတူအခွင့်အရေး အပြည့် အ၀မရရှိခဲ့ပေ။ ဗြဟ်မန်တို့၏ သြဇာအရှိန်အ၀ါသည်လည်း ထို လူမှုစနစ်အပေါ်တွင် မတရား လွှမ်းမိုး ချယ်လှယ်ခြင်းနှင့် ရက်စက်ကြမ်း ကြုတ်ခြင်းများ အစဉ်ဖုံးလွှမ်းခဲ့သည်။ ဗြဟ်မန်တို့သည် ဘာသာ ရေးနှင့် ပတ်သက်၍ စိတ်ကြိုက်အတွေ့ဆုံးသဘော အမြင်တို့ကို အမြဲထောက်ခံ သက်ဝင်စေ ခဲ့သဖြင့် ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြား ဆက်ဆံ သော လူမှုနယ်ပယ် အသိုင်းအ၀န်းသည် ကျဉ်းသထက် ကျဉ်းမြောင်းလာပြီး၊ အခြေအနေ သည်လည်း ဆိုးသထက်ဆိုးဝါးလာခဲ့သည်။ ထို့ကြောင့် ဗြဟ်မန်ဝါဒီတို့သာလျှင် သီးသီးသန့်သန့် ထိန်းချုပ် ထားနိုင်သော ဘာသာရေးကျောင်းတော် ၀ါဒများပေါ် ပေါက်လာခဲ့သည်။ သူတို့သည် ဇာတ်နိမ့်သူနှင့် ဇာတ်မြင့်သူများကြား ကွာဟမှု ကျယ်ပြန့်စေခဲ့သည်။ ဇာတ်နိမ့် ဇာတ်မြင့် အဆင့်ပေါ်မူတည်ပြီး ပညာသင် ယူဆည်းပူးခွင့်နှင့် အလုပ်အကိုင်ရရှိနိုင်မှု အခွင့်အလမ်းများကို သတ်မှတ် ပိုင်းခြားပေးသည်။ ဇာတ်နိမ့်လူတန်းစား (the society of inferior classes) များ၏ ဘ၀ကံကြမ္မာ အလှည့် အပြောင်း အားလုံးသည်လည်း မတရားစိုးမိုးချယ်လှယ်သော ဇာတ်မြင့်လူတန်းစား တို့၏ လက်ဝယ်တွင် သာရှိသည်။ ၄င်းအပြင် ဇာတ်နိမ့်လူတန်းစားတို့ဘ၀တိုးတက် ပြောင်းလဲရေး ကြိုးပမ်းအား ထုတ်မှုဟူ သမျှကိုလည်း ဇာတ်မြင့်တို့ အမြဲတားဆီးပိတ်ပင်ခဲ့သည်။
အစ္စလာမ် သာသနာတော်သည် ကွဲပြားခြားနားစွာ ဆက်ဆံခြင်းကို လုံးဝလက်မခံပေ။ ၄င်းအစ္စလာမ်သာ သနာတော်၏ အရည် အချင်းသည် ဘာသာသာသနာ တစ်ခုအတွင်း ဇာတ်နိမ့်ဇာတ်မြင့် ဆက်ဆံခြင်းကို ခံနေရသော ဇာတ်နိမ့်ဟိန္ဒူလူမျိုးတို့အတွက် အစ္စလာမ် သာသနာတော်က ပေးအပ်ထားသော လွတ် လပ်ခြင်း၊ သာတူညီ မျှမှုရှိခြင်း၊ လူမှုအခွင့်အရေးများ တန်းတူရည်တူရှိနေခြင်း၊ လွတ်လပ်စွာ စီးပွားရေး လုပ် ပိုင် ခွင့်နှင့် လူမှုဘ၀ဖွံ့ဖြိုးရေးအတွက် မိမိကိုယ်စွမ်းရှိသမျှ လုပ်ပိုင်ခွင့်များရှိနေသည်ကို အား တက်စရာ၊ စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ သူတို့အတွက် ကောင်းကင်ဘုံမှ ကြယ်တာရာကို ဆွတ်ခူး ရရှိ သကဲ့သို့ မျှော်လင့်ခြင်းရောင်ခြည်များ ထွန်းလင်း တောက်ပခဲ့သည်။ ထိုသို့အမှောင် ထုအတိလွှမ်း မိုးနေသော အာ(ရ်)ကန်(ရခိုင်)ဒေသတွင် လူမှုဘ၀အ၀၀ တန်းတူရည်တူရှိပြီး သာယာဝပြောသော လူ့ဘောင်သစ် တစ်ခု တည်ဆောက်ရေးအတွက် အားတက်သရော ကြိုးပမ်းေးဆာင်ရွက်သူများမှာ- Mohamed Hanif, Amir Hamza, Badar Shah, Babejee Shah, Haidar Ali Shah, Nurullah Shah, Afzal Shah, Gulmul Shah, Sikandar Shah, Kalasee Meah Shah, Hussain Shah တို့ဖြစ်ကြသည်။ အထက်ဖော်ပြပါ ပုဂ္ဂိုလ်ကျော်တို့သည် စွန့်ပစ်ခြင်းနှင့် ဥပေက္ကာပြုခြင်းခံရသော ဇာတ်နိမ့်ဟိန္ဒူများအတွက် အစ္စလာမ် သာသနာတော်၏ လမ်းညွှန် မှုဖြစ်သည့် အလ္လာဟ် (Allah)အတွက် စည်း လုံးညီညွှတ်ခြင်း၊ လူသားအားလုံး သာတူညီ မျှဖြစ်ပြီး ချစ်ခြင်း ညီအစ်ကို ပမာဖြစ်သည်ဟူသော မြင့်မြတ်သည့် အစ္စလာ့မ် အယူ ၀ါဒတို့သည် လူ့ဘ၀သစ်တစ်ခု တည်ဆောက်ရေးအတွက် မဟာအခွင့် အရေးနှင့် မျှော် လင့်ခြင်းရောင်ခြည် သစ်များ ဖြစ်ခဲ့ကြသည်။ ထို့အပြင် ၄င်း တို့သည် သာသနာဟောင်းကို စွန့်လွှတ်ပြီး အစ္စလာမ့်သာသနာဘောင်အတွင်း ၀င်ရောက်လာ သူများအတွက် လူမှုဖူလုံရေးအသင်း အဖွဲ့များ ဖွဲ့စည်းကာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အခမဲ့ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သည့်အပြင် အိမ်ရှေ့မင်းသားနှင့် လယ်သမားတို့သည် (စွာလာသ်) ၀တ်ပြုရာတွင် တစ်ချိန်တည်း တစ်နေရာတည်းနှင့် တစ်ပေါင်း တည်းစုပေါင်းဝတ်ပြုလာခဲ့ကြသည်။
၁၀ ရာစုနှောင်းပိုင်းကာလတွင် အစ္စလာမ် သာသနာတော်သည် `အာသံ´ ကမ်းခြေမှတစ်ဆင့် မလေးရှား သို့ တစ်ဟုန်ထိုးပြန့်နှံ့ သွားခဲ့ပြီး အာ(ရ်)ကန်(ရခိုင်)ဒေသ တစ်နံတစ်လျားတွင်လည်း စိမ့်ဝင်ထိုးဖောက် ခဲ့ သည်။ သာဓကအားဖြင့် ထူးဆန်းသော ဗလီဖြစ်သည့် Akyab (စစ်တွေ) မီးပွိုင့်အနီးရှိ Badarmokan (ဗုဒ္ဓမော် ခေါ် ဗော်ဒေါရ်မူကန်) (အပေါ်ပုံ) ဗလီကို ကြည့်ရှုခြင်းဖြင့် သိသာနိုင်သည်။ ဒေသခံလူမျိုး ဘာသာ မရွေး ၄င်းဗလီကို အထူးကြည် ညိုလေးစားကြပြီး အခါမလပ် ၀င်ရောက်ဖူးမျှော်နေသူများကိုလည်း ယနေ့တိုင် အထင် အရှားတွေ့ရှိနိုင်သည်။ (သို့ရာတွင် ဒေသခံတို့၏ ပြောကြားချက်အရ ၁၉၈၈ ခုနှစ်နောက်ပိုင်း တက်လာသော တပ်မတော် အစိုး ရလက်ထက်၌ ၄င်းဗလီ၏ မွမ်းမံပြင်ဆင်မှု အနေ အထား ကို ဥပေက္ခာပြုထားသည်ဟု သိရှိရသည်။ )
အစောပိုင်း အခြေချနေထိုင် လာသူများ၏ သားစဉ်မြေး ဆက်တစ်ချို့နှင့် အစ္စလာမ် ဘာသာသို့ ကူးပြောင်း လာသူဒေသခံအချို့ သည် ရှေးမူမပျက် ရိုးရာအစဉ်အလာကို စဉ်ဆက်မပြတ်ထိန်းသိမ်း လာခဲ့ သူ များ ဖြစ် သည့် အားလျော်စွာ ၄င်းတို့၏ နာမည်၊ ယုံကြည် ချက်နှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ် လာတို့ကိုလည်း အမြဲရင်ဝယ်ပိုက် စောင့်ရှောက်လာခဲ့သူများဖြစ်သည်။ ၄င်းတို့သည် ``ရို ဟင် ဂျာ´´လူ မျိုး များဖြစ် ပြီး နောက်ပိုင်းတွင် အာ(ရ်)ကန် (ရခိုင်)ပြည်အနှံ့ အထူးသဖြင့် မေယုခရိုင်နှင့် စစ်တွေ ခရိုင်ဒေသ တို့တွင် ပျံ့နှံ့ နေထိုင်ခဲ့သည်။ ထိုဒေသများသည် အခြားဒေသများထက် လယ်ယာ ထွန်ယက်စိုက်ပျိုးရန် မြေဆီသြဇာကောင်းမွန်သောဒေသ ဖြစ်သည်။ `ရိုဟင်ဂျာ´ ဟူသော စကားရပ်သည် Arabic Original အရဗီမူရင်းစကားရပ်ဖြစ်သော Rahma `ရာ(ဟ်)မ´ ခေါ် ကြင်နာခြင်းဟူသော အဓိပ္ပါယ် ရသည့်စကားရပ်မှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။
`ရိုဟင်ဂျာ´ အပြင် အာ(ရ်)ကန်(ရခိုင်)ဒေသတွင် ရခိုင်မင်း စန္ဒာသုဓမ္မ (၁၆၅၂-၁၆၈၄) လက်ထက်တွင် ၀င်ရောက်ခိုလှုံခဲ့သော Shah Shujah `ရှားရှူးဂျား´မင်း၏ နောက်လိုက်မျိုး ဆက်များဖြစ်သည့် Kaman `ကမန်´တို့၏ သမိုင်းနောက်ခံသည်လည်း အာ(ရ်) ကန်(ရခိုင်)သမိုင်းတွင် မပါမပြီးသော အထူး ကဏ္ဍ တစ်ရပ်မှ ပါဝင်ပေသည်။ ကမန်လူမျိုးတို့သည် အာ(ရ်)ကန်(ရခိုင်)တစ်ပြည်လုံးတွင် ပျံ့နှံ့နေ ထိုင် လျှက် ရှိပြီး၊ အထူးသဖြင့် စစ်တွေ၊ ရမ်းဗြဲ နှင့် သံတွဲတစ်ဝိုက်တွင် အနေများသည်။ `ကမန်´ဆိုသောဝေါ ဟာရသည် ပါရှန် (ယခုအီရန်)စကားရပ်တစ်ခုဖြစ်ပြီး Archers လေးသည်တော်ဟု အဓိပ္ပါယ်ရသည်။
ဆက်ရန် ....
အပိုင်း (၁)
ဌေးလွင်ဦး
RB News
25.12.2012
စစ်တကောင်းဒေသ- လေးမြို့ခေတ်၊ မြောက်ဦးခေတ်နှင့် မြန်မာအင်ပါယာ
RB News
25.12.2012
စစ်တကောင်းဒေသ- လေးမြို့ခေတ်၊ မြောက်ဦးခေတ်နှင့် မြန်မာအင်ပါယာ
စစ်တကောင်း ဒေသသည် သမိုင်းဇစ်မြစ်မှစ၍ ယနေ့တိုင် ဘင်္ဂလီလူမျိုးတို့၏ ဒေသမဟုတ်ပေ။ စစ်တကောင်း တောင်တန်းဒေသခံများ နေထိုင်ရာ ဒေသသာ ဖြစ်ခဲ့သည်။ သို့သော် ၎င်းဒေသအား ဘင်္ဂလားနှင့် ဒါန်န၀ဒီ (ဓည၀တီ) တို့ သူတစ်ပြန် ကိုယ်တစ်ပြန် သိမ်းပိုက်အုပ်ချုပ်ရာ ဒေသအဖြစ် တည်ရှိခဲ့သည်။ ထိုဒေသမှ လူမျိုးစုနွယ်အားလုံးမှာ ဒါန်န၀တီ (ဓည၀တီ)မှ လူမျိုးစုနွယ် အားလုံးနှင့် ဆက်စပ်လျှက် ရှိခဲ့သည်။ ထို့ပြင် သမိုင်းစဉ်ဆက်ကပင် စစ်တကောင်းမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့သည်။ ၎င်းဒေသမှာ ဗယ်ဆာလီ (ဝေသာလီ) မင်းတို့၏ လက်အောက်၌ စစ်တကောင်းဒေသသည် အေဒီ ၆ ရာစု ၇ ရာစု- ထိုစဉ်က ၎င်းဒေသ တစ်ခုလုံး ဗုဒ္ဓဘာသာ ထွန်းကားခဲ့သည်။
အေဒီ ၉ ရာစုမှ စ၍ အာရဗ်ကုန်သည်များမှာ စစ်တကောင်းဆိပ်ကမ်းသို့ စတင်ကူးသန်းခဲ့သည်။ ထိုမှစ၍ အစ္စလာမ် သာသနာမှာ စစ်တကောင်းနယ်သို့ စတင်မျိုးစေ့ရောက်လာပြီး- အစ္စလာမ်သာသနာကျယ်ပြန့် လာခဲ့ သည်။ အေဒီ ၁၄၃၀ ခုနှစ်မှ စ၍ ဘင်္ဂလားပြည်မှ မွတ်ဆလင် အုပ်ချုပ်ရေးနယ်စား ဆူလ်တန် ဖာခ်ရွတ်ဒင် မူဘာရာက် ရှားက စစ်တကောင်းဒေသအား အောင်နိုင်အုပ်ချုပ်ခဲ့သည်။ ထိုကာလမှာ နှစ်ပေါင်း ၁၀၈ နှစ်သာ ဖြစ်ခဲ့၍၊ ၁၅၃၈ ခုနှစ်တွင် မြောက်ဦးမင်းဆက် များက ပြန်လည်သိမ်းပိုက်က ၁၂၈ နှစ် အုပ်ချုပ်ခဲ့ပြန်သည်။ ထို့ နောက် ၁၆၆၆ ခုနှစ်တွင် မွန်ဂိုမင်းများက သိမ်းပိုက်အုပ်ချုပ်ခဲ့ပြန်သည်။
စစ်တကောင်းနယ်သည် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး တို့၏ ပိုင်မြေ သို့မဟုတ် အုပ်ချုပ်ခံနယ်မြေ အဖြစ် နှစ်ပေါင်း ထောင်နှင့်ချီ ရှိခဲ့ပြီး- ထိုစစ်တကောင်းဘက်မှ ၀င်လာခဲ့သမျှသော ဘာသာတရားတိုင်းသည် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ပိုင်မြေ ဒေသများသို့ ခေတ်တိုင်း၌ လွှမ်းမိုးခဲ့ကြောင်း ရခိုင်ရှေးဟောင်း ကျောက်စာများက တိကျသော အထောက်အထားများကို ပေးလျှက် ရှိနေသည်။ စစ်တကောင်းဒေသတွင် ဟိန္ဒူ ဘာသာထွန်းကားစဉ်- ဓည၀တီ၊ ဝေသာလီများ၌ ဟိန္ဒူဘာသာ ထွန်းကားခဲ့သည်၊ သို့မဟုတ် လွှမ်းမိုးခဲ့သည်။ စစ်တကောင်းဒေသ၌ ဗုဒ္ဓဘာသာ ထွန်းကားစဉ် ထိုဓည၀တီ၊ ဝေသာလီ၊ လေးမြို့နယ်များသို့ ဗုဒ္ဓဘာသာ သက် ရောက်လွှမ်းမိုးလာခဲ့သည်။ နောက်ဆုံး စစ်တကောင်းဒေသ၌ အစ္စလာမ်သာသနာ ထွန်းကားလာသော အခါ- ဓည၀တီ၊ ဝေသာလီ၊ လေးမြို့- တို့အား အမွေဆက်ခံခဲ့သည့် မြောက်ဦး ခေတ်တွင်လည်း မြောက်ဦးနေပြည် တော် ပိုင်မြေထဲ၌ အစ္စလာမ်သာသနာ ထွန်းကားပြန့်ဝင်လာခဲ့သည်။- ၎င်းမှာ ရှေးဘာသာဝင်နှင့် ရှေးလူဟောင်း များအား မျိုးပြုတ်သတ်ဖြတ်၍- နောက်ဘာသာဝင် လူသားများဖြင့် အစားထိုးခဲ့ခြင်း မဟုတ်ပေ။ နဂိုရှိရင်းစွဲ လူများကသာ မိမိစိတ်သဘောအလျှောက် သာသနာတစ်ခုခုအား ရွေးချယ်ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။
မြောက်ဦးခေတ်တွင် အစ္စလာမ်သာသနာသည် မြောက်ဦးအင်ပါယာထဲသို့ ပြန့်နှံ့လာသည့် ပမာဏမှာ ထုတည် တစ်ရပ် ရှိနေသဖြင့် မြောက်ဦးမင်းဆက် ဘုရင်များကိုယ်တိုင်ပင် မွတ်ဆလင်ဘွဲ့တို့အား ခံယူခဲ့ကြောင်း မည်သူ မျှ မငြင်းနိုင်ပေ။ သို့သော် အစ္စလာမ်သာသနာထဲသို့ ၀င်ခဲ့သူများမှာ စစ်တကောင်းဘက်နှင့် နီးစပ်သော မူလဘူတ လူမျိုးစုများ ဖြစ်၍- ယခု ရခိုင်ဟု ခေါ်တွင်သည့် ဒေသ၏ တောင်ဘက်ပိုင်းမှဝင်လာသော ရက္ခု (ရက္ခိုင်) လူမျိုးတို့မှာ အစ္စလာမ်သာသနာသို့ ၀င်ရောက်မှု နှုန်း နည်းပါးခဲ့သည်။
ထိုသို့ဖြစ်ရသည်မှာ- ယခု ရခိုင်နယ်ဟု ခေါ်တွင်သည့် ဒေသ၏ တောင်ပိုင်းဒေသသည် အစ္စလာမ်သာသနာ ထွန်ကားလာသည့် စစ်တကောင်းနယ်နှင့် ဆက်စပ်မှုမရှိခြင်း- ထိုစစ်တကောင်းနယ်မှ ပြောဆိုသည့် ဘာသာ စကား စာပေတို့မှာ ရခိုင်အာပါယာများ ဖြစ်သည့် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး နေပြည်တော်များနှင့် ထိုမှ တောင်ဘက်သို့ အနည်းငယ်လွန်၍သာ လွှမ်းမိုးခဲ့ခြင်းတို့ ကြောင့် ဖြစ်သည်။
ထိုထက်ပို၍ အရေးကြီးသော အချက်မှာ- လေးမြို့ခေတ်နှောင်းပိုင်းမှစ၍- မူလဘူတ လူမျိုးတို့၏ နိုင်ငံရေး သြဇာ မှာ မှေးမှိန်သွားခဲ့ပြီး တောင်ပိုင်းမှ ၀င်ရောက်သွားသည့် ရက္ခု (ရက္ခိုင်) လူမျိုးတို့နှင့် ၎င်းတို့၏ ကပြားများက နိုင်ငံရေး သြဇာလွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။ ထိုအခါ မူလဘူတ လူမျိုးတို့မှာ အုပ်ချုပ်ခံများသာ ဖြစ်၍ ထိုခေတ် ထိုအခါမှစ လက်အောက်ခံလူမျိုးများ ဖြစ်သွားခဲ့ရသည်။
သို့သော် မြောက်ဦးအင်ပါယာ၏ လက်ထက်တွင် ရခိုင်နယ်၏ အလယ်ပိုင်းနှင့် တောင်ပိုင်းသို့- ပင်လည်ရေ ကြောင်းဖြင့် ရောက်ရှိလာသော ပါရှန်း၊ အာရဗ်တို့၏ သာသနာပြုမှုများ အနည်းငယ် ရှိခဲ့သည်။ ထိုမှစ၍ အစ္စလာမ် သာသနာသို့ ၀င်ရောက်သူများ ရာနှုန်းအနည်းငယ် ရှိခဲ့သည်။ ထို့ပြင် မြောက်ဦး တပ်မတော်၏ အတွင်း၌ လေးတပ်မတော်မှာ သြဇာရှိခဲ့၍- ထိုလေးတပ်မတော်အား ဘင်္ဂလားပြည်မှာ မွန်ဂိုမင်းတို့၏ စစ်ကူများ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။ သို့ဖြစ်၍- လေးတပ်မတော်သားတို့ အစ္စလာမ်သာသနာထဲသို့ ကူးပြောင်းခဲ့သည်။ သူတို့ အား လေးတပ်မတော် (ပါရှန်းစကားဖြင့် ကမန်)ဟု ခေါ်တွင်ခဲ့သည်။ ကမန်များမှာ ရက္ခု (ရက္ခိုင်)များသာ ဖြစ် ပေသည်။ ထို့ကြောင့် ထိုကမန်များသည် ပါရှန်းစကား၊ ဓလေ့၊ ယဉ်ကျေးမှုများ မရှိခဲ့ပေ။
အခြားတစ်ဘက်တွင် အုပ်ချုပ်ခံ မူလဘူတ လူမျိုးအထဲ၌လည်း လူအားလုံး အစ္စလာမ်ထဲသို့ ၀င်ခဲ့ခြင်း မဟုတ် ချေ။ လူ့သဘာဝအလျှောက် မိမိနှစ်သက်ရာ မိမိကိုးကွယ်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုခေတ်တွင် မိမိနှစ်သက်ရာ အား ကိုးကွယ်ခြင်းသည် ပြသနာ မဟုတ်ဘဲလျှက် ညီညွတ်နေခြင်းကြောင့် ထိုခေတ်ကာလအား ရခိုင်တို့၏ “ရွှေ ခေတ်” တင်စားခေါ်ဆိုနိုင်သည်။-
ထိုသို့ ညီညွတ်ခြင်းများကြောင့် ရခိုင်တို့မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများထိ သြဇာလွှမ်းမိုးမှုများ ရှိခဲ့သည်၊ ရွှေ့ပြောင်းနေထိုင်မှုများ ရှိခဲ့သည်။ ယနေ့တိုင် ဧရာဝတီတိုင်းထဲ၌ မိမိကိုယ်မိမိ “ရခိုင်” ဟု ခံယူသည့် လူမျိုးများ အား ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်၌ တွေ့မြင်နိုင်ပေသည်။
သို့သော် မြောက်ဦးခေတ်၏ နှောင်းပိုင်းတွင်- ရခိုင်နယ်၌ ဘာသာရေးခွဲခြားမှု စတင် လာခဲ့တော့သည်။ အစ္စလာမ် သာသနာပြုမှုတို့အား ပိတ်ပင်ရန်၊ ဗုဒ္ဓဘာသာအား ကာကွယ်ရန်ဟူ၍ ဘုန်းကြီးများအတွင်း မျိုးစေ့ချ လာတော့သည်။ “ရွှေမျဉ်းဓမ္မသတ်” စာအုပ်ကဲ့သို့ ဗုဒ္ဓဘာသာကာကွယ်ရေး စာအုပ်များ ထုတ်ဝေလာတော့ သည်။ ဗုဒ္ဓဘာသာအားကိုး အဖြစ် ဗမာဘက်သို့ စိတ်ယိုင်လာသည့် မျိုးဆက်များ ပေါ်ထွန်းလာတော့သည်။ (ဤအချက်သည်လည်း ရိုးသားဟန် မရှိပါ။ ထိုခေတ်ကာလသည် ဗုဒ္ဓဘာသာမင်းများ အုပ်ချုပ်နေသာ ကာလ ဖြစ်၍ အစ္စလာမ်သာသနာမှာလည်း ရခိုင်နယ်အတွင်း အတင်းအဓမ္မသာသနာ ပြုခြင်းများ မရှိခဲ့ဘဲလျှက်- ဗုဒ္ဓ ဘာသာအား ကာကွယ်ရမည်ဟု အကြောင်းပြချက်မှာ ခိုင်လုံမှု မရှိပါ။ ရခိုင်အင်ပါယာအား သွေးကွဲအားနည်း သွားရန် ဗမာတို့ဘက်မှ လုပ်ဆောင်ခဲ့သော အချက်သာ ဖြစ်နိုင်သည်။- သို့သော် ဤသည် ကျွန်ုပ်၏ သုံးသပ် ချက်သာ ဖြစ်၍- ထိုအတွက် အချက်အလက်များ ကျွန်ုပ်၌ မရှိသေးပါ။)
ထိုမြောက်ဦးခေတ်၏ နှောင်းပိုင်းတွင် ရခိုင်များ ဗမာဘက်သို့ မည်မျှ စိတ်ပါခဲ့သနည်း ဟူမူ-၊ မူလဘူတလူမျိုးထဲ မှ ဗုဒ္ဓဘာသာအား ကိုးကွယ်သည့် သူများအား “မြန်မာကြီး” (မြန်မာတို့ထက် ရှေ့ကျသော မြန်မာ လူမျိုးကြီး) ဟု စတင် ခေါ်ဆိုခဲ့ပြီး- ထိုလူမျိုးထဲမှ အစ္စလာမ်သာသနာသို့ ကူးပြောင်းသူတို့ကိုမူ ကုလားများဟု စတင်ခေါ် လေတော့သည်။ ထိုအခေါ်မှာ မြောက်ဦးဘုရင်များ စစ်တကောင်းသို့ သိမ်းပိုက်စဉ် ဖမ်းဆီးခေါ်ဆောင်လာခဲ့ သော စစ်သုံ့ပန်းတို့အား ခေါ်သော အမည်ဖြစ်သာ ဖြစ်သည်။ (အမှန်တစ်ကယ်တွင် ထိုစစ်သုံ့ပန်းတို့၌လည်း အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာများ ပါဝင်ခဲ့သည်။) သို့သော် မူလဘူတ လူမျိုးများမှ အစ္စလာမ်ဘာသာအား ကိုး ကွယ်သူများက ထို ကုလား များနှင့် ကွဲပြားစေရန် သူတို့ကိုယ်သူတို့ “ရိုဟင်ဂျာ” လူမျိုးဟု ခေါ်တွင်ခဲ့တော့ သည်။
ထိုကာလသည် မြောက်ဦးနေပြည်တော် ပိုင်ဆိုင်သည့် ရခိုင်ဒေသအတွင်း တိုင်းရေးပြည်ရေး ရှုပ်ထွေးလာပြီး ၁၇၇၄ မှ ၁၇၈၅ ခုနှစ်များအတွင်း ဗမာအင်ပါယာနှင့် အကြီးအကျယ် စစ်ဖြစ်ရတော့သည်။ ထို့နောက် ဗမာတို့က မြောက်ဦး အင်ပါယာအား သိမ်းပိုက်လျှက် ဗမာအင်ပါယာထဲသို့ အပြီးအပိုင် သွတ်သွင်းလိုက်တော့သည်။
ရခိုင်သည် ဗမာအင်ပါယာထဲသို့ ပါသွားခဲ့သည်နှင့် တစ်ပြိုင်နက်- အခြားတစ်ဘက်တွင် အင်္ဂလိပ်တို့၏ အင်ပါ ယာအတွင်းသို့ ပါသွားပြီး ဖြစ်သော အိန္ဒိယ ဘင်္ဂလားပြည်နယ်နှင့် မြန်မာအင်ပါယာ နယ်စပ်ချင်းထိစပ်သွားခဲ့ သည်။ နောင် ၃၉ နှစ်အကြာ ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်နှင့် မြန်မာ ပထစစ်ပွဲ စတင်ဖြစ်ခဲ့ရလေသည်။
အင်္ဂလိပ်တို့ အနေဖြင့် မြန်မာနိုင်ငံသို့ အင်ပါယာမချဲ့မှီ မြန်မာအင်ပါယာ အတွင်းမှ လူမျိုးတို့အား သုတေသနပြု ခဲ့သည်။ ထိုသို့ သုတေသနပြုရာတွင် ရခိုင်ဒေသအတွင်းမှ မူရင်းဇာတိ လူမျိုးများ- ထိုလူမျိုးတို့၏ ပြောဆိုသော ဘာသာစကား အခေါ်အဝေါ်များကို ၁၈၀၁ ခုနှစ်ထုတ် ASIATICK RESEARCHS OR, TRANSACTIONS OF THE SOCIETY INSTITUDE IN BANGAL, FOR INQUIRING INTO THE HISTORY AND INTIQUITIES, THE ART, SCIENCE AND LITERATURE OF ASIA (VOLUME THE FIFTH) စာအုပ်တွင် Rooinga (ရိုအင်ဂျာ) ဟု ထင်ရှားစွာ တွေ့နိုင်ပြီး ထိုသုတေသနအား ၁၇၉၉ ခုနှစ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၁၈၁၁ ခုနှစ်ထုတ် THE CLASSICAL JOURNAL FOR SEPTEMBER AND DECEMBRE 1811 VOL. IV, LONDON PRITHED စာအုပ်များတွင် Rooinga ဟူသော စာလုံးဖြင့် မြောက်များစွာ တွေ့ရမည် ဖြစ်သည်။ ထိုလူမျိုးများ ဘာသာစကားဖြင့် နေကို ဘယ်လိုခေါ်သည်၊ လကို ဘယ်လိုခေါ်သည်၊ မိုးကို ဘယ်လိုခေါ်သည်၊ ကြယ်ကို ဘယ်လိုခေါ်သည် စသည့်ဖြင့် ဘာသာဗေဒ ဝေါဟာရပေါင်းလည်း များစွာကိုလည်း ရခိုင်ပြည်ရှိ အခြားသော တိုင်းရင်းသားများ၏ ဘာသာစကားများဖြင့် ယှဉ်တွဲဖေါ်ပြထားသည်ကို မျက်ဝါးထင်ထင် မြင်ရ မည် ဖြစ်သည်။ ၎င်း စာအုပ်များသည် ကမ္ဘာ့နိုင်ငံကြီးတိုင်း၏ စာကြည့်တိုက်တိုင်းတွင် ရှိနေ၍- မြန်မာ အင်ပါယာအတွင်း အင်္ဂလိပ် များ မရောက်မှီကတည်းက ရှိနေသည့် မူလဘူတ ဇစ်မြစ်လူမျိုးများ အကြောင်း လေ့လာသူတိုင်း သိနိုင်ပေသည်။ မည်သူမျှ လိမ်ညာဖုံးကွယ်ထား၍ မရနိုင်သကဲ့သို့၊ လွဲမှားသော အမျိုးသား ရေးစိတ်များဖြင့် သမိုင်းတု ဖန်တီး၍လည်း မရနိုင်ပေ။
ထိုစာအုပ်များမှာ ၁၈၂၄ ခု အင်္ဂလိပ်များ မြန်မာအင်ပါယာထဲသို့ မ၀င်မှီ လေ့လာခဲ့သော စာအုပ်သုတေသနများ ဖြစ်၍- ထိုစာအုပ်များထဲ၌ Rooinga တို့သည် မူလဘူတ လူမျိုးများ ဖြစ်ကြောင်း ဖေါ်ထားသည်ကိုလည်း တွေ့ နိုင်ပေသည်။
၁၇၈၅ ခု မြန်မာအင်ပါယာမှ ၎င်းတို့ ဘာသာဖြင့် ခေါ်ဆိုသော ရခိုင်နယ်သို့ သိမ်းပိုက်ပြီးနောက်------၊ ရခိုင်မှ သိမ်းဆည်းယူငင်သွားသည်များမှာ- မဟာမြတ်မုနိ ဆင်းတော်တော်ကြီး တစ်ခုတည်းသာ မဟုတ်ပေ။- မြန်မာ စစ်တပ်၌ စစ်သားအဖြစ် အသုံးပြုရန် စစ်သည်ပေါင်းများစွာအားလည်း ခေါ်ဆောင်သွားခဲ့သည်သာ ဖြစ်သည်။
မြန်မာများ ခေါ်ဆိုသော “ရခိုင်” လူမျိုး---
ဆက်လက်ဖေါ်ပြပါမည်။
ဌေးလွင်ဦး
RB News
24.12.2012
မာဂဓ၊ မောရိယ အင်ပါယာနှင့် ရခိုင်ဒေသ
RB News
24.12.2012
မာဂဓ၊ မောရိယ အင်ပါယာနှင့် ရခိုင်ဒေသ
အိန္ဒိယ အင်ပါယာ ပြည့်ရှင်များ အနက် မြန်မာတို့ အထင်ကရ တလေးတစား အထင်ကြီးသော မင်းကြီးမှာ အာသောက (Ashoka) မင်းကြီး ဖြစ်၍-၊ သူသည် ဘင်္ဂလီ လူမျိုးတစ်ဦး ဖြစ်သည်။ ဘန်ဂေါပြည် မာဂဓ နေ ပြည်တော်၌ အခြေစိုက်လျှက် အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးဘက်လေးတန်သို့ ဗုဒ္ဓသာသနာအား ဖြန့်ချီခဲ့သူလည်း ဖြစ်သည်။ ထိုအင်ပါယာအား စန္ဒြဂုတ မောရိယ မင်းကြီးမှ စတင်ထူထောင်ခဲ့သောကြောင့် မောရိယ အင်ပါယာဟု ထင်ရှားခြင်း ဖြစ်ပြီး မောရိယာ အင်ပါယာမင်းဆက်များ အနက် ထူထောင်သူ စန္ဒြ မင်းကြီးနှင့် အာသောကမင်းကြီးတို့မှာ ထင်ရှားသူများ ဖြစ်ခဲ့သည်။
မောရိယ အင်ပါယာသည် ဘီစီ ၃၂၂ မှ ဘီစီ ၁၈၅ ထိ ဘုန်းမီးနေလ တောက်ပချိန် ဖြစ်ခဲ့သည်။ အထူး သဖြင့် မောရိယပြည့်ရှင် အာသောကမင်းကြီး၏ လက်ထက်သည် ရခိုင်နယ်သမိုင်းမှ ဓည၀တီ (ဒန်န၀တီ) ခေတ် နှစ် ပေါင်း ၁၆၀၀ ခရီး၏ နောက်ဆုံး ခေတ်ကာလများ ဖြစ်လေသည်။
ထိုအချိန်ကာလတွင် ယခု မြန်မာနိုင်ငံထဲသို့ ပါဝင်နေသော ရခိုင်နယ်၏ မြောက်ပိုင်း (လက်ရှိ ရခိုင်ပြည်နယ်၏ ထက်ဝက်)သည် ဘင်္ဂလီပြည့်ရှင်များ ဖြစ်သည့် မောရိအင်ပါယာ အင်ပါယာ ပိုင်နက်၏ တောင်တန်းဒေသသား များ အဖြစ် သတ်မှတ်ခံခဲ့ရသည်။ (အပေါ်၌ ဖေါ်ပြသော ပုံတွင်ကြည့်ပါ။) ဗုဒ္ဓဘာသာသည်လည်း ထိုဒေသများ သို့ ထိုးဖေါက်ရောက်ရှိလာခဲ့သည်။ (ဤနေရာ၌ ဆင်ခြင်ရန်မှာ ဒါန်န၀တီ (ဓည၀တီ) တိုင်းပြည်အတွင်း၌ နေ ထိုင်ကြကုန်သော လူအပေါင်းအား သတ်ဖြတ်သုတ်သင်ပစ်လျှက် မောရိယအင်ပါယာထဲမှ ဗုဒ္ဓဘာသာများက အစားထိုးလိုက်ခြင်း မဟုတ်သကဲ့သို့၊ ဒါန်န၀တီ (ဓည၀တီ)မှ လူသားများသည်လည်း ဗုဒ္ဓ ဂေါတမ မပွင့်မှီ သို့မဟုတ် အာသောကမင်းကြီး သာသနာမပြုမှီ ကမ္ဘာဦးကတည်းက မိုးကျရွှေကိုယ် ဗုဒ္ဓဘာသာများ မဟုတ်ခဲ့ ပေ။ ဗုဒ္ဓသာသနာပြုများ ရောက်ရှိလာ၍ သာသနာပြုရာမှ ယခင်ရှိရင်းစွဲ ဘာသာဟောင်းမှ ဘာသာပြောင်းခဲ့ ခြင်းသာ ဖြစ်ပြီး လူမျိုးပြောင်းသွားခဲ့ခြင်း မဟုတ်ပေ။) သို့သော် မောရိယအင်ပါထဲမှ လူများ ဒါန်န၀တီ (ဓည၀တီ) ထဲသို့ သွားလာကူးသန်းလျှက်- လူတစ်ချို့ ကပြားများ ဖြစ်သွားနိုင်ခဲ့သည်။ ၎င်းမှာ ဘာသာတရားနှင့် မသက်ဆိုင်ပေ။ တိုင်းပြည်ရှိ လူအားလုံး ကပြားဖြစ်သွားနိုင်မည် မဟုတ်ဘဲ- မူလဘူတ လူမျိုးစု အကြွင်းအကျန် များ ရှိနေခဲ့မည်လည်း ဖြစ်သည်။
မောရိအင်ပါယာမှ အာသောကမင်းကြီး၏ လက်ထက်တွင် စာပေ၊ ကျောက်စာ အကြီးအကျယ်ထွန်းကား ပြန့်နှံ့ ခဲ့သည့် လှိုင်းဂယက်အတွင်း၌ ဒါန်န၀ဒီ (ဓည၀တီ)သည်လည်း ရှောင်ဖယ်နိုင်ခဲ့သည် မဟုတ်ကြောင်း- ဓည ၀တီ၏ ရှေးအကျဆုံး ကျောက်စာရေးထိုးသည့် စာပေအက္ခရာများမှ သက်သေတည်လျှက် ရှိနေပေသည်။ ထို စာပေ အက္ခရာအသုံးများမှာ ၁၁ ရာစု ဗမာအင်ပါယာ ဒါန်န၀ဒီ (ဓည၀တီ)သို့ မလွှမ်းမိုးမှီအထိ ရခိုင်နယ်၌ နှစ် ပေါင်း ၁၀၀၀ ကျော် တည်ရှိနေခဲ့သည်။ ဤနေရာ၌ သတိမူရန်မှာ-၊ ထိုရခိုင်ရှေးဟောင်းကျောက်စာများသည် ရှေးဟောင်း မာဂဓအင်ပါယာ (ဘင်္ဂလီမောရိယ အင်ပါယာ)မှ အက္ခရာများအား နမူနာယူ၍ ရခိုင်စာပေအဖြစ် တည်ထွင်ခဲ့ခြင်း မဟုတ်ပေ။ ဆိုလိုသည်မှာ လက်တင်အက္ခရာတို့အား နမူနာယူ၍ (အသုံးပြု၍) မလေရှား၊ အင်ဒိုနီးယား၊ ဗီယက်နာမ် နိုင်ငံများ စာပေတီထွင်ခဲ့သော်လည်း ရေးသည့် အသံထွက်များ၊ ဖတ်ပြလျှင် နား လည်မှုများမှာ သက်ဆိုင်ရာ လူမျိုးတို့သာ ဖြစ်ပေသည်။ ဥပမာ ဗီယက်နာမ်စာတစ်ပိုဒ်အား လက်တင် အက္ခရာ များဖြင့် ရေးထားသော်လည်း- ထိုစာပိုဒ်အား အင်္ဂလိပ်တို့အား သော်လည်းကောင်း ပြင်သစ်တို့အားသော်လည်း ကောင်း ဖတ်ခိုင်းသော် ဖတ်နိုင်မည် မဟုတ်သကဲ့သို့ ဖတ်ပြ၍ နားထောင်ခိုင်းလျှင်လည်း နားလည်မည် မဟုတ် ပေ။
သို့သော် ရှေးဟောင်း ရခိုင်ကျောက်စာတို့အား ဖတ်ခိုင်းလျှင် သို့မဟုတ် ဖတ်ပြ၍ နားထောင်ခိုင်းလျှင် ရိုဟင်ဂျာ ရှေးဟောင်းပူတီ ဆရာများ ဖတ်နိုင်သည်၊ နားလည်နေသည်မှာ အံ့သြလောက်မည် မဟုတ်ပေ။ ထို ကျောက်စာ တို့အား ဖတ်ပြလျှင် ယခုခေတ် ရိုဟင်ဂျာများပင် အနည်းဆုံး ထက်ဝက်ခန့်နားလည်နေပေသည်။ ယခုအခါ ရခိုင်စစ်စစ်ဟု ခံယူထားသူများမှာ ထိုကျောက်စာတို့အား မဖတ်နိုင်ယုံမျှမက ဖတ်ပြလျှင်လည်း တစ်လုံးတစ်ပါဒ မျှနားလည်ခြင်း မရှိပေ။- သို့ဖြစ်လျှင် ထိုဒါန်န၀ဒီ (ဓည၀တီ)ခေတ်မှ အုပ်ချုပ်သူများသည်- မိမိတို့၏ သမိုင်း မော်ကွန်းတို့အား ရေးထိုးရန် မိမိတိုင်းပြည်မှ မဟုတ်သော တိုင်းတစ်ပါးသား စာပေပညာရှင်တို့အား ပင့်ဆောင် လျှက်- မိမိနှင့် မိမိ၏ တိုင်းသူပြည်သား တစ်ဦးတစ်ယောက်မှ မတတ်သည့် ဘာသာစကား၊ ဖတ်ပြလျှင်လည်း နားမလည်သည့် ဘာသာစကားဖြင့် ရေးထိုးခဲ့ပါသလား၊- သို့မဟုတ် ဘုရင်မင်းများ အပါအ၀င် တိုင်းပြည်မှ စာ တတ်ပေတတ်များ တတ်သော၊ နားလည်သော ဘာသာစကားဖြင့်သာ ရေးထိုးခဲ့ပါသလား- ဆိုသည်မှာ ကမ္ဘာ့ ပညာရှင်များရှေ့မှောက်၌ အထူးအထွေ အဖြေထုတ်ပေးရန် လိုမည် မထင်ပါ။
(လက်ရှိမြန်မာနိုင်ငံဟု သတ်မှတ်သည့် ဧရိယာ၏ ထိပ်ပိုင်းဖြစ်သည့် ချင်းတွင်းမြစ်ဖျားဒေသသည်လည်း မောရိ ယ အင်ပါယာအတွင်းသို့ အနည်းငယ် ပါဝင်ခဲ့သည်။ ဗုဒ္ဓဂေါတမသည် မောရိယ အင်ပါယာအတွင်း ဖွားမြင်ပွင့် ပေါ်သည့်အပြင် မောရိယအင်ပါယာ၏ သြဇာတက္ကိမကြီးသော အာသောကမင်းကြီးက ဗုဒ္ဓဂေါတမ၏ သာသနာ အား ဖြန့်ချီ အားပေးခြင်းများကြောင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်ဖက်တစ်ပိုင်းလုံးမှ ဖြန့်လျှက် ၀င်ရောက်လာခဲ့ပေသည်။)
ဒါန်န၀ဒီ (ဓည၀တီ)မှ ခေတ်နောက်ပိုင်းမှ စတင်ဝင်ရောက်လာသော ဗုဒ္ဓသာသနာသည် ယခု ရခိုင်နယ်ဟု သတ်မှတ်ထားသည့် ဒေသ၏ အနောက်ပိုင်းမှ ၀င်လာခဲ့ပြီး- ဒါန်န၀ဒီ (ဓည၀တီ) ဗလ်ဆာလီ (ဝေသာလီ)ထိ ထိုဒေသများတွင် ရှေးဟောင်းလူမျိုးနှင့် မာဂဓအင်ပါယာမှ ကပြားများ- သာ ကြီးစိုးနေထိုင်ခဲ့သည်။ သို့ဖြစ်၍ ထို ဘာသာစကားသည် မာရ်မာကီး၊ ရိုဟင်ဂျာ၊ ဒိုင်းနက် လူမျိုးတို့၏ ဘာသာစကားဖြစ် နေခြင်းပင်။ ဗယ်ဆာလီ (ဝေသာလီ) ခေတ်နှောင်းပိုင်းတွင် လက်ရှိရခိုင်နယ်၏ တောင်ပိုင်းဒေသများမှ (ဗမာဖြစ်လာမည့်- ကမ်းယံ၊ သက်) လူမျိုးစုများ (ထိုလူမျိုးစုများမှာ မြန်မာနိုင်ငံဘက်မှ တောင်ကုတ်တောင်ကြားလမ်း၊ အမ်းတောင်ကြား လမ်း၊ ဂွတောင်ကြား လမ်းများကို ဖြတ် ကျော်လျှက် ရောက်ရှိလာသော လူမျိုးများ ဖြစ်သည်။- ( ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ- အခြေပြု မြန်မာ့သမိုင်း အတွဲ ၁) ယခင် ဓည၀တီ၊ ဝေသာလီ လူမျိုးတို့မှာ ယခု ရခိုင်နယ်၏ တောင်ပိုင်းဒေသများသို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြောင်းရွှေ့နေထိုင် နိုင်ခြင်းများ မများခဲ့ပေ။)- ဗယ်ဆာလီ (ဝေသာလီ)နယ်ထဲသို့ စိမ့်ဝင်လာခဲ့သည်။
ထိုလူမျိုးတို့အား ဒါန်န၀တီမှ မူလလူမျိုးများက တောင်ပိုင်းမှ စိမ့်ဝင်လာသူများကို တောသားလူမျိုးစုသဘော၊ ကျေးလက်ဒေသသား လူမျိုးစု သဘောကို ဆောင်၍ “ရက္ခု”ဟု ခေါ်သည်။ (ရိုဟင်ဂျာ စကားအရ ရက္ခု ဆို သည်မှာ tribe (လူမျိုးနွယ်စု တစ်ခု)”ဟူ၍ ဖြစ်သည်။ ထိုလူမျိုးစုမှာ မာဂဓီ ဘာသာစကားကို ပြောဆိုခြင်း ကြောင့် နောင်တွက် မော့ဂ် (မာဂဓီ)ဟု ခေါ်ဆိုလာခဲ့သည်။ သို့သော် ထိုမော့ဂ် များမှာလည်း ဗုဒ္ဓဘာသာ ဇစ် ဖြစ်ဖြစ်၍ (အယူအနည်းငယ်ကွဲခဲ့ဟန်ရှိသော်လည်း)- ဗယ်ဆာလီ (ဝေသာလီ)မှ လူမျိုးများနှင့် ဘာသာယုံကြည် မှု တူညီနေခဲ့၍ ပြသနာ မရှိခဲ့ပေ။ (ဤနေရာ၌ ဆင်ခြင်ရန်မှာ မောရိယ အင်ပါယာသည်လည်း မဂဓ အင်ပါယာ ဖြစ်၍ မာဂဓ အင်ပါယာသုံး ရှေးဟောင်း ဘင်္ဂလီစကားနှင့် မာဂဓ အင်ပါယာသုံး မာဂဓီစကား မတူညီပေ။ မာဂဓီ စကားသည် မာဂဓအင်ပါယာ၏ မြောက်ပိုင်းတစ်ကြော၌ ပြောဆိုသော စကားဖြစ်ခဲ့ပြီး- မြန်မာနိုင်ငံသို့ ချင်းတွင်း မြစ်ဖျားဘက်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။)
ဗယ်ဆာလီ (ဝေသာလီ) ခေတ်နောက်ပိုင်းတွင်း မောဂ် (ရက္ခု)များ အင်အားထွားလာပြီး အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်လာခဲ့ကြောင်း- အုပ်ချုပ်ရေးဆိုင်ရာ ဘာသာစကား၊ ဘာသာစာပေ အပြောင်းအလည်း ကျောက်စာများ အားဖြင့် သိနိုင်ပေသည်။ ထိုမှစ မူလဘူတလူမျိုးတို့အနေဖြင့် အုပ်ချုပ်ရေးပိုင်းတွင် မှေးမှိန်လာပြီး မောဂ် (ရက္ခု) တို့ အင်အားထွားလာကာ- အေဒီ ၉ ရာစုဆန်းတွင် လေးမြို့မင်းဆက်အား ထူထောင်ခဲ့သည်။ အခြားတစ်ဘက် တွင် အေဒီ ၁၁ ရာစု ဆန်းစ၌ မြို့နိုင်ငံလေးများဖြင့် ကွဲပြဲနေသည့် ဗမာများသည်လည်း အနော်ရထာမင်း၏ လက်အောက်၌ စုစည်းသွားခဲ့ပြီး ဗမာအင်ပါယာ အဖြစ် ထွန်းကားလာခဲ့သည်။ ယခုရခိုင်နယ်၏ တောင်ပိုင်းဒေ သ များမှာ ယခင်မှစ၍ ဗမာမျိုးနွယ်များ ပြန့်ပွားပြီး ဒေသဖြစ်သဖြင့် အင်အားထွားလာသော ဗမာများက လေးမြို့ မင်းဆက်အား လက်အောက်ခံနိုင်ငံငယ် အဖြစ် သိမ်းပိုက်သတ်မှတ်ခဲ့ပေသည်။
ထိုအခါ လေးမြို့ခေတ် နှောင်းပိုင်း ရက္ခု (ရခိုင်) ဘုရင်များ သြဇာ မှေးမှိန်ခဲ့ရသော်လည်း- ရက္ခု ဟုခေါ်သည့် လူမျိုးမှာ ယခင်ကပင် ဗမာမျိုးနွယ်မှ ဖြစ်ခြင်းကြောင့် ဗမာအင်ပါယာ၏ လက်အောက်၌ တောင်ပိုင်းမြောက်ပိုင်း ပေါင်းစပ်လျှက် ယခုရခိုင်ဟု ခေါ်သော ဒေသ၌ ဗမာစကား (ရှေးဟောင်းဗမာစကား)ပြော လူဦးရေမှာ များပြား ခဲ့ပြီး ဓည၀တီ၊ ဝေသာလီမှ မူလဘူတ လူမျိုးစုတို့ လူနည်းစု ဖြစ်ခဲ့ရသည်။ သို့သော် ဗမာလက်အောက်ခံ အောက်၌ ရက္ခုရော- မူလလူမျိုးပါ အာဏာရှိသူများ မဟုတ်သဖြင့် အာဏာလုရန် အကြောင်းမရှိ-၊ ဘာသာတူ နေသဖြင့် ဘာသာရေးအရ ရန်ဖြစ်ရန် အကြောင်းမရှိဘဲလျှက် ပြသနာကြီးကျယ်ခြင်းများ မတွေ့ရသည့်အပြင်- ရံဖန်ရံခါ- ဗမာတို့အား တော်လှန်ရန်အတွက် ပူးပေါင်းညီညွတ်ခဲ့သည့် အခြေအနေများကိုလည်း တွေ့ရသည်။
ဤခေတ်ကာလများသည်- ယခု ရခိုင်ဟု ခေါ်တွင်သော နယ်ထဲ၌ ရခိုင်၏ မြောက်ဘက်မှ ၀င်ရောက်လာခဲ့သော မူလဘူတလူမျိုး သို့မဟုတ် တိဘက်မြန်မာများထက် လွန်စွာ ရှေးကျသောလူမျိုး Negrito (အသားမဲသည့် လူ မျိုးနွယ်)များနှင့် နောက်ပိုင်းဝင်လာသော တိဘက်မြန်မာလူမျိုးတို့ လူမျိုးကြီးနှစ်ခု ထိပ်တိုက်တိုးသော ကာလ လည်း ဖြစ်ခဲ့သည်။
ဆက်လက်ဖေါ်ပြပါမည်။
ဌေးလွင်ဦး
RB News
23.12.2012
ဝတီ လေးရပ်
ဗမာ စကားဖြင့် ရခိုင်ဟု ခေါ်သော နယ်သည်- စစ်စစ်အားဖြင့် Arakan အာရ်ကန်ဟု မည်တွင်သော ဒေသသာ ဖြစ်၏။ ထိုဒေသ၌ ၀တီ လေးရပ် ပါဝင်သည်ဟု ဆိုသည်။
ဓည၀တီ၊ မေဃ၀တီ၊ ရာမာဝတီ၊ ဒွါရာဝတီ- ဟူ၍ ဖြစ်သည်။ ထိုအမည်လေးခုအား လက်ရှိ ရခိုင်စကားဖြင့် အဓိပ္ပါယ် ဖွင့်ဆို၍ မရခြေ-၊ အမည်နာမများ အဖြစ်ဖြင့်သာ ရှိနေပေသည်။
သို့သော် ရိုဟင်ဂျာ ဘာသာစကားနှင့်မူ--
(၁) ဓည၀တီ မူရင်းအမည် ဒါန်န၀တီ (Wikipedia အရ) = ဒါန်နဟော (အလှုဒါနကြီးပြုနိုင်သည်) + ဒီးယာဟ် (ကျွန်း သို့မဟုတ် ကျွန်းဆွယ်)= ဟု ဖြစ်သည်။ ထို နှစ်ခုအား ပေါင်း၍ ပြောသောခါ ရှေ့ ဝေါဟာရမှ “ဟ” နှင့် နောက်ဝေါဟာရမှ “ဟ” တို့သည် “၀” အသံသို့ ပြောင်းသွားသည်။ ထို့ကြောင့် ဒါန်နဟော + ဒီးယာဟ် မှာ ဒါန်န၀ဒီးဝ် ဟု အသံထွက်သည်။) ထိုစကားလုံး၏ အဓိပ္ပါယ်မှာ “အလှုကြီး အဒါန်းကြီး ပြုနိုင် လောက်အောင် ပေါများ ကြွယ်ဝ သည့် ကျွန်း သို့မဟုတ် ကျွန်းဆွယ်” ဟု ဖြစ်သည်။ Wikipedia ၌လည်း ဓည၀တီ၏ မူရင်း အမည်မှာ Dhannavati, which means "Blessed with grain" ဟု ဖေါ်ပြထားသည်ကို ယနေ့ မျက်မြင် လေ့လာကြည့်ရှုနိုင် သည်။ (စင်စစ် ဓည၀တီ ဟု ရေးသားခေါ်ဆိုခြင်းမှာ ဗမာတို့၏ အသံထွက်ဖြင့် ခေါ်ဆိုခြင်းသာ ဖြစ်ပေသည်။
(၂) မေဃ၀တီ = မာဃီဟ်ဒီယားဟ် -- မာဃီဟ် = မိမိ၏ အလှအား ဖွင့်ပြသော မိန်းမ + ဒီယားဟ် = ကျွန်း သို့မဟုတ် ကျွန်းဆွယ် ဟု ဖြစ်သည်။ ထိုဒေသသည် မာန်အောင်ကျွန်းနယ်ဒေသကို ခေါ်ဆိုခြင်း ဖြစ်ပြီး-၊ ရခိုင်အများ လက် ခံထားသည်မှာလည်း မာန်အောင်ကျွန်းစုအား “မိန်းမလှ”ကျွန်းစုဟူ၍ ဖြစ်ပေသည်။ (ဟ မှ ၀ အသံပြောင်းခြင်း အား နံပါတ် (၁) ဓည၀တီ ရှင်းချက်တွင် ပြန်ကြည့်စေလိုသည်။
(၃) ရာမာဝတီ = ရာမ်ဟ်ဒီယားဟ်- ရာဟမ်ဟ်= မင်္ဂလာကျက်သရေ ရှိသော၊ ကောင်းကြီးမင်္ဂလာရှိသော + ဒီးယ် = ကျွန်း သို့မဟုတ် ကျွန်းဆွယ် ဟု ဖြစ်သည်။ ထိုဒေသသည် ကျောက်ဖြူမှ ရမ်းဗြဲ (ကျောက်နီမော်) အထိ ကြီးမားကျယ်ပြန့်သော စားရေရိက္ခာပေါများသည့် ဒေသကြီး ဖြစ်ခဲ့သည်။
(၄) ဒွါရာဝတီ = ဒူဝါးရ်ဟ် ဒီယားဟ်- ဒူဝါးရာဟ် = ၀င်ပေါက် ထွက်ပေါက်ရှိသော အရာ၊ တံခါး + ဒီယားဟ် = ကျွန်းသို့မဟုတ် ကျွန်းဆွယ် ဟု ဖြစ်သည်။ ဒေသခံလူမျိုးနှင့် ရခိုင်ရိုးမကြီးတစ်ဘက်ရှိ (နောက်ပိုင်း မြန်မာနိုင် ငံ ဖြစ်လာသည့်) ဒေသနှင့်လည်းကောင်း၊ ရွက်လှေများဖြင့် ခရီးဆက်၍ အခြားသော တိုင်းနိုင်ငံများသို့ လည်း ကောင်း သွားလာနိုင်သည့် “တံခါးပေါက်ကျွန်းဆွယ်” ဟု လည်းကောင်း ဖြစ်ပေသည်။
အကယ်၍ ဤအမည်နာမများသည် လက်ရှိ ရခိုင်ဟု ခံယူနေသော လူမျိုးတို့၏ ဘာသာစကားဖြင့် ဖြစ်ခဲ့သော်- ထိုရခိုင်စစ်စစ်ဖြင့် ထိုအမည်နာမတို့၏ အမည်များအား အဓိပ္ပါယ် ဖွင့်ဆိုနိုင်သော အထောက်အထားများအား ပြ နိုင်ရမည်ပင်-။ ယခုပြောဆိုနေသော ရခိုင်စကား စစ်စစ်ဖြင့် မည်သို့မှ သက်သေပြနိုင်မည် မဟုတ်ချေ။ ထို အမည်နာမတို့အား ပါဠိ ဘာသာမှ ယူ၍ ကင်ပွန်းတပ်ခဲ့သည်ဟု ဆိုလျှင်--၊ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ဒါန်န၀တီ- (ဓည၀တီ) ထူထောင်သည့် ခေတ်ကာလ၌ ဤကမ္ဘာ၌ ဗုဒ္ဓဘာသာဟူ၍ မရှိခဲ့သေးပါချေ။
ရခိုင်အပါအ၀င် မြန်မာနိုင်ငံထဲသို့ ပါဠိဘာသာ ရောက်လာစေရန် အကြောင်းခံ ဖြစ်သည့် ဗုဒ္ဓဘာသာ သည်ပင် လျှင်- အများဆုံး နှစ်ပေါင်း ၂၅၀၀ (ရခိုင်ပညာရှင်တို့ အဆိုအရ ဗုဒ္ဓပွင့်စဉ် ရခိုင်ဒေသအား ရောက်ခဲ့သည် ဆို၍) ထက် မစောနိုင်ခဲ့ပေ။ သို့သော် ဒါန်န၀တီ၊ မေဃ၀တီ၊ ရာမ၀တီ၊ ဒွါရာဝတီ တည်းဟူသည့် ၀တီ လေးရပ်၏ သမိုင်း သည်ကား အနည်းဆုံး နှစ်ပေါင်း ၃၀၀၀ ကျော်ခဲ့လေပြီ။ ပညာရှင်များ စဉ်းစားကြပါကုန်--။
Arakan ၊ နှင့် မြန်မာများ ခေါ်သော ရခိုင်- ဆိုသည်တို့အား
ဆက်လက် ဖေါ်ပြပါမည်။-
ဌေးလွင်ဦး
RB News
22.12.2012
မျက်တွေ့ လက်တွေ့ သက်ရှိထင်ရှား ရှိနေသည့် လူသားပေါင်းများစွာကို သက်သေထားပြီး တင်ပြပါမည်။ ရန်ကုန်- သင်္ကန်းကျွန်းနဲ့ တောင်ဥက္ကလာအကြား- ဝေဇယန္တာလမ်းမကြီး ဘေးမှာ အနီး၌ “ဂုံဆာရာ” ဆိုသည့် ခြံဝန်းကြီး တစ်ခု ရှိခဲ့သည်။ ထိုဒီရပ်ကွက်ကြီး၏ အမည် “ဂုံဆာရာ” ဆိုသည့် ဆိုင်းဘုတ်ကြီးအား ၁၉၉၆ ခုနှစ် အထိ တောင်ဥက္ကလာ ၁၆ ရပ်ကွက် သားတိုင်း မြင်တွေ့ခဲ့ရ၏။ ဝေဇယန္တာလမ်းမကြီး အတိုင်း ကားစီးဘူး သူများမှ စာတတ်သူတိုင်းလည်း ထို ဆိုင်းဘုတ်ကြီးအား ဖတ်မိခဲ့မည်မှာ သေချာ၏။ ၁၉၉၆ ခု မတိုင်မှီ မြန်မာပြည်မှ ထွက်ခွာလာကြသည့် နိုင်ငံခြားရောက်- တောင်ဥက္ကလာမှ လူသားများ၊ သင်္ကန်းကျွန်း အထက (၂) အနီးမှ လူသားများ အားလုံးနီးပါး မှတ်မိနေမည်လည်း သေချာ၏။ ထိုရပ်ကွက်များမှ ကလေးသူငယ်များ- ဆော့ကစားရာ နေရာကြီး တစ်ခု ဖြစ်ခဲ့ရခြင်းကြောင့်ပင်-။
သို့သော်--၊ ယခုအခါ ထို “ဂုံဆာရာ” ရပ်ကွက်ကြီး မရှိတော့ပါ။ အိမ်ယာအသစ်များ ထူထောင်လိုက်ခြင်းကြောင့် အမည်နာမ ပျောက်ဆုံးသွားခြင်း မဟုတ်ပါ။ သင်္ကန်းကျွန်းသည် ဖြစ်စေ၊ တောင်ဥက္ကလာသည် ဖြစ်စေ- အိမ် ယာ စီမံကိန်း အသစ်များ များစွာ တည်ဆောက်ခဲ့သော်လည်း အမည်နာမ ပျောက်သွားခဲ့သည်ဟူ၍ မရှိပါ။ သို့ သော် “ဂုံဆာရာ” ဆိုသည့် အမည်နာမမှာ ဆယ်စုနှစ်တစ်ခုအတွင်း ပျောက်ဆုံးသွားခဲ့ရပါပြီ။- နောင် နှစ်ငါး ဆယ် ကြာသောအခါတွင် ထိုရပ်ကွက်ကြီးသည် “ဂုံဆာရာ” ရပ်ကွက်ကြီး ဖြစ်ခဲ့သည် ဆိုခြင်းကို မည်သူမှ သိတော့မှာ မဟုတ်ပါ။ အဘယ်ကြောင့် ထိုသို့ ဖျောက်ပစ်ရပါသနည်း--၊ အဖြေက ရှင်းလွန်းလှပါသည်။ “ဂုံဆာရာ” ဆိုသည်မှာ ကုလားနာမည် ဖြစ်နေသည်ဟူသည့် အာဏာပိုင်တို့၏ ခံစားချက်ကြောင့်သာ ဖြစ်သည်။ ထို “ဂုံဆာရာ” ဆိုသည်အား ထုံးစံအတိုင်း ကုလားစကားလုံးအား မြန်မာမှုပြု၍ “သီရီဂုဏ်”ဟု ပြောင်းလိုက်ခြင်း ပင် ဖြစ်သည်။
မြန်မာမှုပြု၍ မရနိုင်သည့် အမည်နာမတို့အား တိုက်ရိုက် အမည်ပြောင်းခဲ့ခြင်းများလည်း ရှိနေသည်။ ဥပမာ- ရခိုင်ပြည်တောင်ပိုင်း သံတွဲမြို့နယ်မှ ၄၇ မိုင်ဝေးကွာသော “ကုလားပြင်”ဟု ခေါ်သည့် ကျေးရွာကြီး တစ်ခုတွင် တည်ဆောက်သည့် မြစ်ကူးတံတားကြီး၏ အမည်နာမအား- ဒေသခံ လူအများသိထား သည့်အတိုင်း “ကုလားပြင် တံတား”ဟု အမည်နာမဖြင့် ကင်ပွန်းတပ်ရေးထိုးခြင်း မဟုတ်ဘဲ- “ကျိန္တလီမြစ်ကူး တံတား”ဟု ရေးထိုးလိုက်ခြင်းပင်- ဖြစ်သည်။ တံတားတည်ဆောက်သည့်ကာလ ၁၉၉၅၊ ၉၆ ခုနှစ် ထုတ် မြန်မာ သတင်းစာများတွင်- တစ်နိုင်ငံလုံးအား “ကျိန္တလီမြစ်ကူးတံတား ဖွင့်ပွဲ” အမည်ဖြင့်သာ အသိပေးခဲ့လေတော့ သည်။ ထိုကျေးရွာကြီး (မြို့ငယ်တစ်မြို့ခန့်ကြီးသည့် ရွာကြီး) တစ်ရွာလုံးတွင် မွတ်ဆလင်ဟူ၍ ၂ ဦးသာ ရှိခဲ့ သည်။ ထို ၂ ဦးသည်ပင် ဇနီးသည်များမှာ ဗမာဗုဒ္ဓဘာသာဝင်များဖြစ်နေကြ၍- သားသမီးအားလုံးမှာလည်း ဗုဒ္ဓ ဘာသာဝင်များ ဖြစ်သည်။ သို့သော်-- ရွာအမည် “ကုလားပြင်”ဟူသည့် ဝေါဟာရအားပင် မြန်မာအာဏာပိုင်တို့ မုန်းတီးခဲ့သည်ပင် ဖြစ်တော့သည်။
မြန်မာနိုင်ငံတစ်လျှောက် သက်ဆိုင်ရာ တိုင်းဒေသ ပြည်နယ် မြို့ရွာများ ထိုကဲ့သို့ သမိုင်းဖျောက်လိုက်သည့် လက်တွေ့ဖြစ်ရပ်များမှာ မှတ်တမ်းဆန့်တော့မည် မဟုတ်ပေ။
ဤနေရာ၌ ရခိုင်ဒေသ လူမျိုးရေး ပဋိပက္ခများကြောင့်- တစ်ဘက်သတ် သမိုင်းဖျောက်ခံနေရသော ရခိုင်ပြည် နယ်မှ မူရင်းလူမျိုး “ရိုဟင်ဂျာ”တို့၏နှင့် စပ်လျှဉ်း၍ အနည်းငယ် တင်ပြလိုသည်။ ရခိုင်နယ်ထဲသို့ မြန်မာအင်ပါ ယာ မလွှမ်းမိုးမှီကာလက ထိုဒေသအား မည်သို့ ခေါ်ခဲ့ပါသနည်း-၊ သမိုင်းတွင် ရှင်းလင်းပါသည်။ ဓည၀တီ၊ ဝေသာလီ၊- စသည်ဖြင့် ဖြစ်သည်။ ဤစကားလုံး ဓည၀တီ၊ ဝေသာလီ- ဆိုသည်များမှာ ယခု မိမိကိုယ်မိမိ ရခိုင် အစစ်ဟု ခံယူနေသူများ၏ စကား ဖြစ်ပါသလား။ ရခိုင်စကားအရ မည်သည့် အဓိပ္ပါယ်ကို ပေးပါသနည်း။ ရခိုင် တို့တွင် ထိုကဲ့သို့ အမည်ပေးသည့် သမိုင်းစဉ်ဆက် ရှိခဲ့ပါသလား။- ဓည၀တီ- ဟူသည်မှာ ရိုဟင်ဂျာ စကားဖြင့် ဓည၀တီ (ဒန်န၀ဒီးယ်- ဒန်နဟောဒီးယ်) ဆိုသည်မှာ အလှုကြီး အဒါန်းကြီး ပြုနိုင်လောက်အောင် ပေါများ ကြွယ်ဝသည့် ကျွန်းဆွယ် ဟု ဖြစ်သည်။ ဓည၀တီ ဟူသည်မှာ ယခုရခိုင်လူမျိုးစစ်စစ်ဟု ခံယူထားသူများ သိနေ သည့် စစ်တွေမြို့ ကို ခေါ်ခြင်း မဟုတ်ပါ။ ဓည၀တီ မင်းများ နန်းစိုက်ရာ ဒေသကို ခေါ်ဆို၍- ယခု စစ်တွေမြို့၏ မြောက်ပိုင်း မိုင် ရှစ်ဆယ် ခန့်တွင် ရှိနေခဲ့၍- လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ကာလမှ- ဆန်စပါး ပေါများကြွယ်ဝစွာ စိုက်ပျိုးနိုင် သော ကျွန်းဆွယ် တစ်ခု ဖြစ်ခဲ့သည့် နေရာပင် ဖြစ်သည်။ ထိုဒေသသည်- ပထ၀ီ ရေမြေသဘောအရ- ယခု အခါ စစ်တကောင်းဟု ခေါ်တွင်သော ဒေသနှင့် အတားအဆီးမရှိ ဒလဟော ဆက်စပ်နေပြီး အကွာအဝေးမိုင် အားဖြင့်လည်း ၁၀၀ ထက် မပိုပေ။
ယခုအခါ- မိမိကိုယ်မိမိ ရခိုင်ဟု ခံယူနေသော ရှေးဟောင်းဗမာ လူမျိုးများမှာ- ထိုခေတ်ထိုကာလက ထိုဓည ၀တီ နယ်သို့ ရောက်လာနိုင်စေရန် မည်သို့မှ ဆက်စပ်ယူ၍ မရနိုင်ပါ။ မြန်မာနိုင်ငံသို့ ဗမာများ ၀င်ရောက်လာ သည့်ခုနှစ်၊ ၀င်လာခဲ့ရာ လမ်းကြောင်း အရ- ရခိုင်မှ ဓည၀တီ ဟု ခေါ်တွင်သည့် အရပ်သို့ ရောက်ရှိလာနိုင်စရာ လမ်းစများ မရှိပါ။ တိဘက်မြန်မာများ မတိုင်မှီ- ချင်းတွင်းမြစ်ရိုးမှ ၀င်လာသော သကျ (နီပေါလ်မှ တိုင်းရင်းသား တစ်စု၏ အမည်) များသည်လည်း- မြန်မာနိုင်ငံထဲသို့ ရောက်ပြီး- မြန်မာနှင့် ဓည၀တီ အကြားရှိ အလွန်တရာ မြင့်မားမတ်စောက်သည့် ရခိုင်ရိုးကြီးကို ကျော်လွန်ရမည့် အပြင်- ချင်းတွင်းမြစ်မှ မိုင်ပေါင်းထောင်နှင့်ချီဝေးကွာ သည့် ဓည၀တီသို့ ရောက်လာရန်မှာ ဖြစ်နိုင်ခြေ အလွန့်အလွန်အားနည်းလွန်းနေပါသည်။ ရခိုင်ရိုး၏ မြေနိမ့် ပိုင်း ဒေသများ ဖြစ်သည့် တောင်ကုတ်၊ သံတွဲ၊ ဂွ ဒေသများသို့ ရောက်လာခဲ့သည် ဆိုခြင်းမှာ ပိုမို၍ ဖြစ်နိုင်ခြေ ရှိသော အချက် ဖြစ်သည်။
သို့သော် ဒန်နဟ်ဒီးယ် မှ ဒန်န၀ဒီယ် ထိုမှ ဓည၀တီ ဖြစ်ခဲ့ရလေပြီ။ (Wikipedia တွင် ယခုထိ Dannaviti ဒန်န၀ီဒီ မှ ဖေါ်ပြသည်) သို့သော်လည်း အသံထွက်ကိုသာ မြန်မာမှု ပြု ခဲ့နိုင်၍- ယခု ရခိုင်လူမျိုးစစ်စစ်ဟု ခံယူထားသူများ၏ ဘာသာစကားအားဖြင့် သူတို့ပြောနေသော “ဓည၀တီ” ဟူသည် မည်သို့ အဓိပ္ပါယ် ပေးသည်ဟု- ဖွင့်ဆိုရန် ဗမာ-ရခိုင် စကား လုံးဝ မရှိပါချေ။ နောက်ဆုံးတွင် “ပါဠိ”ကို သာ ထိုးချတော့မည် ဖြစ် သည်။ သို့သော် သူတို့ထိုးချ နေသော ပါဠိ စကားမှ ရာနှုန်းအများစုအား ပြောဆိုသူများမှာလည်း- “ရိုဟင်ဂျာ” များသာ ဖြစ်နေပြန်ပေသည်။ (လက်ရှိ ရခိုင်စစ်စစ်ဟု ခံယူထားသူများ ပြောသည့် ဘာ သာစကား၌ ပါဝင်သော ပါဠိဝေါဟာရထက်- ရိုဟင်ဂျာများ ပြောဆိုသည့် ဘာသာစကားတွင် ပါဝင်သည့် ပါဠိ ဝေါဟာက- ရာနှုန်း အလွန့်အလွန် ပိုမိုများပြားနေပါသည်။)
ရိုဟင်ဂျာ စကား ဗယ်ဆာလီ- မှ ဝေသာလီ ဖြစ်ခဲ့ရသည်မှလည်း- ဤဆောင်းပါး၏ ပထမဆုံး အပိုဒ်- ဂုံဆာရာ မှ သီရီဂုဏ် ဟု ပြောင်းလိုက်သကဲ့သို့သာ ဖြစ်တော့သည်။
ဤသည် စာဖတ်သူများနှင့် ရိုးသားစွာ သုတေသနပြုလိုသော သမိုင်းသုတေသီများ အတွက် အမြည်းသဘောမျှ တင်ပြခြင်း ဖြစ်၍- ကျွန်ုပ်မှ Debate လုပ်မည်ဟု ကမ်းလှမ်းထားသော ရခိုင်သမိုင်းပညာရှင်ခံ သူ တစ်ဦးဦးမှ ကျွန်ုပ်၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့သော်--၊ တိကျခိုင်လုံသော ရှောင်ထွက်၍ မရနိုင်သော အထောက်အထား များကို ဖေါ်ပြသွားမည် ဖြစ်သည်။
ဝတီ လေးရပ် ၊ Arakan ၊ နှင့် မြန်မာများ ခေါ်သော ရခိုင်- ဆိုသည်တို့အား
ဆက်လက် ဖေါ်ပြပါမည်။-
ဌေးလွင်ဦး
မဟာမင်းခန့်
RB News
"ထင်ရှားသော မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများဖြစ်သည့် `တိဗက်-မြန်မာ´ အနွယ်ဝင်များနှင့် `ထိုင်း-တရုတ်´ တို့သည် လယ်ယာစိုက်ပျိုးထွန်ယက် လုပ်ကိုင်ရန် မြေဆီသြဇာ အလွန်ကောင်း မွန်သော မြန်မာ့ မြစ်ဝကျွန်းပေါ်ဒေသများသို့ ချင်းနင်းဝင်ရောက် အ ခြေချနေထိုင် လာသော အခါ ကမ္ဘာ့ အရှေ့နှင့် အနောက် ပင်လယ်ရေကြောင်း ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွင် တစ်ဖက် ကမ်းရောက် အောင် ကျွမ်းကျင်နေပြီ ဖြစ်သော အာရဗ်ကုန်သည်တို့သည်လည်း အာ(ရ်)ကန်(ရခိုင်ဒေသ) တွင် အခြေ ချနေထိုင်ရန် နှစ်ခြိုက် သဘော ကျခဲ့သည်။ ထိုစဉ်က ဒေသခံအုပ်ချုပ်ရေး ဆိုင်ရာ အရပ် လူကြီး တို့သည်လည်း အာရဗ်ကုန်သည် များ၊ စစ်ရေးကျွမ်းကျင်သူများအား ၀မ်းသာအားရ လက်ခံကြို ဆိုခဲ့သည်။
အာရဗ်လူမျိုးများအား အမြင့်ဆုံးရာထူးရာခံများ ချီးမြှင့်ပေးခဲ့သည့်အပြင် ဒေသခံအမျိုးသမီးများနှင့်လည်း ထိမ်းမြားလက်ထပ်ခွင့်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ ရွှေ့ပြောင်းအခြေချနေထိုင်လာသူ အာရဗ်လူမျိုးတို့ သည် အာ(ရ်)ကန်(ရခိုင်)တွင် အစ္စလာမ်သာသနာပြု လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ပြီး၊ ၄င်းမှတစ်ဆင့် အာရဗ်တို့၏ အစ္စလာမ်သာသနာပြုလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်း ဘက်သို့လည်း ကူးစက်ကျယ်ပြန့်လာခဲ့သည်။ များပြားလှစွာသောအစ္စလာမ့်သာသနိကအဆောက်အဦးနှင့် ဘာသာရေး ဆိုင်ရာအထိမ်း အမှတ်အဆောက်အဦးများစွာကို အာ(ရ်)ကန်(ရခိုင်)ဒေသအနှံအပြားတွင် ယနေ့တိုင် အထင်အရှား တွေ့မြင်နိုင်သည်။" (အမ်အေ.ဂဖ္ဖါ(ရ်))
တမန်တော်မိုဟမ္မတ် လမ်းညွှန်သင်ကြားပေးခဲ့သော အစ္စလာမ်သာသနာတော်သည် အလွန်ကျစ်လစ်ခိုင်မာ အင်အားကောင်းမွန်မှုကြောင့် နှစ်(၁၀၀)အတွင်း ကမ္ဘာ့အရှေ့အနောက်ဒေသရှိ နိုင်ငံအနှံ့အပြားသို့ အစ္စလာမ်သာသနာရောင်ဝါ ထွန်းကားခဲ့သည်။ အစ္စလာမ်သာသနာရောင်ဝါ ထွန်းကားစကာလကပင် အာရဗ်နိုင်ငံများမှ ရောက်ရှိလာသော အာရဗ်စစ်သည် စစ်သားများ၊ သင်္ဘောသားများ၊ ကုန်သည်များနှင့် သာသနာပြုသူများ အဦးဆုံးရောက်ရှိလာသော အာ(ရ်)ကန်(ရခိုင်)ဒေသရှိ ဆိပ်ကမ်းမြို့များမှတစ်ဆင့် အစ္စလာမ်သာသနာသည် အာ(ရ်)ကန်(ရခိုင်)ဒေသသို့ ရောက်ရှိလာခဲ့သည်။ အာရဗ်တို့သည် နဂိုကပင် စီးပွားကူးသန်းရောင်းဝယ်ဖောက်ကားရေးကို ခုံမင်သူများဖြစ်ပေရာ သူတို့သည် စီးပွားရေးအရ လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးအရလည်းကောင်း၊ သာသနာပြုရေးအတွက် လည်းကောင်း တစ်နိုင်ငံ မှ တစ်နိုင်ငံသို့ အစဉ်သဖြင့် ကူးလူးဆက်သွယ်မှုများရှိခဲ့သည်။ အေဒီ(၈)ရာစုတွင် မြန်မာနိုင်ငံ သည် ၄င်းမှ ထွက်ရှိသော အသင့်ကုန် ပစ္စည်းများ အတွက် နိုင်ငံခြားသားများ အကြိုက်တွေ့ ရှိသော ဈေးကွက်ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် အာရဗ်ကုန် သည်တို့သည်လည်း ထိုစဉ်က ကုန်ပစ္စည်းချင်း ဖလှယ် သောစနစ်၏ အကျိုးကျေးဇူးကြောင့် မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများကို သူတို့နှင့် အသင့်ပါ လာသော ပစ္စည်းများဖြင့် ကုန်ပစ္စည်းဖလှယ်ခြင်းဖြင့် စီးပွားဖြစ်ခဲ့ကြသည်။ အာရဗ်တို့သည် ထိုကဲ့သို့ ကုန်ကူးသန်း ရောင်း ၀ယ်ရန် အာ(ရ်)ကန်(ရခိုင်)ဒေသရှိဆိပ်ကမ်းမြို့များကို အသုံးပြုခဲ့သည်။
အာရဗ်တို့သည် ကူးသန်းရောင်းဝယ်သည့် ကုန်သည်ကြီးများဖြစ်သည့် အားလျော်စွာ သူတို့သည် ပင်လယ်ရေကြောင်းခရီးသွား လုပ်ငန်းကို ကျွမ်းကျင်သည့်အလျောက် ကမ္ဘာ့အရှေ့ဖျားနှင့် အနောက် ဘက်ခြမ်း ရှိ ဒေသများစွာတို့တွင် အစစအရာရာ ချယ်လှယ်နိုင်ခဲ့ သည်။ အာရဗ်တို့ သည် အေဒီ(၈) ရာစုနှင့် အေဒီ(၁၆)ရာစု ကြားကာလတစ်ဝိုက်၌ ကမ္ဘာ့အရှေ့ဖျားဒေသများတွင် ကျွမ်းကျင် ကျင်လည် နေသဖြင့်အာ(ရ်)ကန်(ရခိုင်)ဒေသနှင့်ပတ်သက်၍လည်းကောင်း၊ အောက်မြန်မာပြည် မြစ်ဝ ကျွန်းပေါ်ဒေသနှင့် ပတ် သက်၍လည်း ကောင်း အကောင်း သတင်းကြား ထားသူများဖြစ်သည့်အပြင် ၄င်းနေရာဒေ သသို့လည်း အခေါက်ခေါက် အခါခါ ရောက်ခဲ့ဘူးသူများဖြစ် ခဲ့ကြသည်။ အေဒီ(၈)ရာစုနှင့် (၁၆)ရာစုကြား ကာလတွင် အာရဗ်တို့၏ သြဇာအရှိန်အ၀ါကြီးမားခဲ့သလောက် သူတို့သည် ပါရှန်ပင် လယ် ကွေ့(ယခု အာရဗ် ပင်လယ်ကွေ့)၊ တရုတ်နှင့် အာ(ရ်)ကန်(ရခိုင်)ဒေ သတို့အားလုံး လိုလိုအား အဆင်ဆင်ပြေပြ ထိန်း ချုပ်နိုင် ခဲ့သည်။ ထိုအချိန်အတောအတွင်း အာရဗ်တို့သည် မြန်မာနိုင်ငံအား အာ(ရ်) ကန် (ရခိုင်) ဒေ သနှင့် အောက်မြန်မာပြည်မြစ်ဝကျွန်းပေါ်ဒေသများအ ဖြစ်နှင့်သာ သိကျွမ်းခဲ့ သည်။ အာရဗ် တို့သည် အာ(ရ်) ကန်(ရခိုင်)နှင့် အောက်မြန်မာပြည်အား `ရာ(ဟ်)မာ´ (ငြိမ်းချမ်း သာ ယာခြင်း) ဒေသအဖြစ် အသိ အမှတ်ပြုခဲ့သည်။ အာရဗ်တို့သည် မြန်မာ့ထွက်ကုန်ဖြစ်သော ၀ါ၊ ၀ါဂွမ်း၊ အမွေး အမျှင်ရှည်သော တိဗက်နွားတစ်မျိုး၏ အမြီးများ၊ ကတ္တီပါ။ သစ်ဝတ္တုပစ္စည်းများ၊ ရှားစောင်း လက်ပပ်ပင်၊ ပြောင်းဖူး၊ကြံ့ချို၊ ကျောက်သံပတ္တမြား၊ ရွှေငွေနှင့်အခြားအဖိုးတန်သတ္တုပစ္စည်းများနှင့် ကျောက် တုံးများ ကို ရောင်း ၀ယ် ဖောက်ကားခဲ့သည်။
ဗွေသာလီ (ဝေသာလီ)မင်းဆက် `မဟာစန္ဒရား´မင်းနန်းတက်စဉ်ကာလ အေဒီ (၇၈၈)တွင် ရမ်းဗြဲကျွန်း တစ်ဝိုက်၌ များပြား လှ စွာသော ကုန်သည်သင်္ဘောများ ပျက်ခဲ့သည်။ သင်္ဘောသားများသည် အာရဗ် များဖြစ်ကြသည်။ အာရဗ်သင်္ဘောပျက်များအား သက်ဆိုင် ရာမှ အာ(ရ်)ကန်ကုန်းတွင်းပိုင်းဒေသများတွင် အခြေချနေထိုင်စေခဲ့သည်။အာရဗ်အခြေချနေထိုင်သူတို့သည် ဒေသခံအမျိုးသမီးများနှင့်အိမ်ထောင်ပြုခဲ့ကြ ပြီး ဒေသခံများနှင့် ရောနှောစွာ နေထိုင်ခဲ့ကြသည်။ အာရဗ်တို့၏ အိမ်ထောင်သည် ဘက် မှ မွေးဖွား လာသော သွေးနှောဒေသခံတို့သည်လည်း အစ္စလာမ်သာသနာဝင်များဖြစ်လာခဲ့သည်။ ၄င်း အာရဗ် တို့သည် ပင်လယ်ခရီးသွားကူးသန်းရောင်းဝယ် ရေးလုပ်ငန်းကို ထာဝရစွန့်လွှတ်ခဲ့ပြီး မိမိတို့ အိမ်ထောင် သားမယားများနှင့် အိုးမကွာအိမ်မကွာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုသာ စွဲမြဲလုပ် ကိုင်ခဲ့သည်။ ထိုအချိန်မှစ၍ အာရဗ်တို့သည် ဗလီများစွာတည်ဆောက်ခဲ့ပြီး အစ္စလာမ်သာသနာပြု လုပ် ငန်း ကို စတင်ခဲ့လေသည်။
စစ်ရေးကျွမ်းကျင်ပြီး အစ္စလာမ်သာသနာပြု လုပ်ငန်းကိုလည်း အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သော `မိုဟမ္မဒ်ဟာနိဖ်´ဆိုသူသည် အေဒီ(၆၈၀)တွင် အာ(ရ်)ကန်(ရခိုင်)မြောက်ဘက်တောတွင်းဒေသ၌ ထိုစဉ် ကနေထိုင်သောလူအရိုင်းအစိုင်း(cannibals)တို့၏ဘုရင်မ`ကယာပူရီ(koyapuri)အပေါ်စစ်အောင်နိုင်ခဲ့သည်။ သူမနှင့် အပေါင်းပါအားလုံးတို့သည် အစ္စလာမ်သာသနာ့ဘောင် အတွင်း သို့ဝင် ရောက်လာ ခဲ့လေ သည်။`ဟာနိဖ်´သည်သူမအားအိမ်ထောင်ပြုခဲ့သည်။`အာမိရ်ဟာမ်ဇား´သည်လည်းထိုစဉ်ကဘူးသီးတောင် နယ် တစ်ဝိုက်ရှိ `ကုလားပန်းဇင်´ (Kalapanzin) ဟုအမည်ရှိသော ဒေသတစ်ဝိုက် တွင် မင်းမူနေသော ဘုရင်`ဂေါ်လောင်ဂျီ(Gaulongyi)အားအစ္စလာမ်သာသနာအတွင်းသို့စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။`အာမိရ် ဟာမ်ဇား´သည် အာ(ရ်)ကန်(ရခိုင်)ဒေသ တစ်ခုလုံးကိုလည်း စစ်အောင် နိုင်ခဲ့သည်။သို့သော် ဘန်ဂါ (လ်(ခေါ်) ဘင်္ဂလားဒေသမှရောက်ရှိလာသောဟိန္ဒူများများပြား သောကြောင့် နောက် ဆုံးတွင် `အမိရ် ဟာမ်ဇား´ထံမှ ဟိန္ဒူတို့၏ နဂိုဘုရင့်နိုင်ငံ ကို ပြန်လည် သိမ်းယူနိုင်ခဲ့သည်။ ထိုအချိန်က အာ(ရ်) ကန် (ရခိုင်)ဒေသသည် အစောပိုင်းဟိန္ဒူလူမျိုးနှင့် ၄င်းတို့၏ဘုရင် များ မင်းမူခဲ့သောဒေသဖြစ်ခဲ့ပြီး ရခိုင် ဗုဒ္ဓ ဘာသာလူမျိုးဟူ၍ မရှိခဲ့သောဒေသဖြစ်သည်။
ပါရှန်(ယခုအီရန်)လူမျိုးတို့သည်လည်း အာရဗ်တို့၏ခြေရာကို နင်းခဲ့သည်။ ပါရှန်လူမျိုးတို့သည် အစ္စလာမ် သာသနာတော်ကို သယ်ဆောင်လာခဲ့ပြီး ဒေသခံအရောအနှောလူမျိုး(အာရဗ်နှင့် အစောပိုင်းဟိန္ဒူ)တို့နှင့် အိမ်ထောင်ပြုပြီး သာသနာရောင်ဝါထွန်းကားရေး အတွက်အစဉ်ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် အာ(ရ်)ကန် (ရခိုင်)ဒေသတွင် အစ္စလာမ်သာသနာသည် ဒေသခံလူမျိုးတို့၏ လွတ်လပ်စွာ ကြိုဆိုသော ကိုးကွယ်ရာ ဘာသာ သာသနာဖြစ်လာပြီး အစ္စလာမ်သာသနာဝင်များသည်လည်း တဟုန်တိုး များပြားလာခဲ့သည်။
ဆက်ရန် ....
ဓါတ်ပုံသတင်း
- ထမင်းထုပ်တစ်ဖက် ဓါးတစ်ဖက်ပြထားတဲ့ ရိုဟင်ဂျာများ ပြန်လည်လက်ခံရေး
- RB News Android Application ထွက်ပြီ
- ၂၀၁၄ သန်းခေါင် စာရင်းနှင့် မြန်မာ မွတ်စလင်
- မောင်တော ဆရာဝန်ကြီးထံမှ ဆေးကုသမှု ခံယူသည့် ၁၀ တန်းကျောင်းသား တစ်ဦး သေဆုံး
- ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၈၀ ကျော် ပယ်ခံရ
- စံကားပြင် ကျေးရွာမှ ဒေသခံ တစ်ဦးကို လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးထား
- ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ရန် အစိုးရက မူဝါဒ ချမှတ်ထားဟု Fortify Rights ကပြော
- ရခိုင်ပြည်နယ်မှ အမှန်တရားများ- အပိုင်း (၂)
- ဘူးသီးတောင်မြို့တွင်နစကနှင့်ရဲများမှအပြစ်မဲ့များကိုဖမ်းဆီး၍ငွေညှစ်နေ
- ကျောက်ဖြူ အကြမ်း ဖက်မှုအား Human Rights Watch က ဂြိုလ်တုမှ တဆင့် မှတ်တမ်း တင်ထား