နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
13.7.2013

တိုရန်တို ။ ။ ကနေဒါ နိုင်ငံ၊ တိုရန်တို မြို့တွင် မကြာခင် ရက်ပိုင်းက မြန်မာ နိုင်ငံမှ ရိုဟင်ဂျာ များနှင့် မြန်မာ မွတ်စလင် များအတွက် "Burma: The Ignored Genocide" အမည်ရှိ လှုပ်ရှားမှု တစ်ရပ်ကို ပြုလုပ် ခဲ့သည်။

(ဓါတ်ပုံ များကို NY Kogyi Facebook မှကူးယူ ဖော်ပြသည်)






















မလေးရှား နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်များ ရိုဟင်ဂျာ အရေး လှုပ်ရှားနေ သည်ကို ကြည်နူးဖွယ်ရာ တွေ့ရစဉ် (Photo Credit: Karnival Peduli UMAT 2013)

RB News
28.5.2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မန်ဇီလမ်းဆုံရှိ သားရေစက်ရုံ ဒုက္ခသည် စခန်း၏ အခြေအနေမှာ တနေ့ ထက်တနေ့ ပိုမို ဆိုးရွားလာပြီး ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရမှ ယခု အချိန်ထိ အဆိုပါ ဒုက္ခသည်များ နေထိုင်ရန် စီစဉ်ပေးခြင်း မရှိသေးဘဲ၊ မိုးရွာသွန်း ခြင်းကြောင့် ဒုက္ခသည်များ အခက် အ ခဲ ပေါင်း စုံ ကြုံတွေ့လျက် ရှိကြောင်း သိရှိရပါသည်။



RB News
24.5.2013

စစ်တွေ ။ ။ စစ်တွေမြို့တွင် မိုးသည်းထန် စွာရွာသွန်း မှုကြောင့် သဲချောင်း ဒုက္ခသည် စခန်းမှ တဲ များ ရေနစ်မြှပ် နေသည်။ နိုင်ငံတော် အစိုးရမှ မိုးမတိုင်မှီ အမိုး အကာ အောက်သို့ အရောက်ပို့ မည်ဟု အ ကြိမ်ကြိမ် ပြောဆို နေသော်လည်း တကယ့် လက်တွေ့တွင် အချိန်မှီ အကောင် အထည် ဖော်နိုင်ခြင်း မ ရှိသေးသည် ကိုလေ့လာ တွေ့ရှိ ရပါသည်။ ယခုကဲ့သို့ ရေထဲ နစ်မြှပ်နေ ခြင်းကြောင့် ဒုက္ခသည် များမှာ ည အိပ်ရန်ပင် အခက်အခဲ ကြုံတွေ့လျက် ရှိသည်။ 





RB News 
17.5.2013 

စစ်တွေ ။ ။ စစ်တွေမြို့၊ အုန်းတောလေး ကျေးရွာရှိ ဒုက္ခသည် စခန်းရှိ တဲအချို့မှာ လေပြင်းတိုက်၍ ပျက်စီး သွားသောကြောင့် ဒုက္ခသည် များနေထိုင်ရေး အတွက် အခက်ကြုံ လျက်ရှိသည်။ 

“မနေ့က (မေလ ၁၆ ရက်) မနက်ပိုင်းမှာ လေပြင်း တိုက်ပြီး တဲအချို့ ပျက်သွားတယ်။ ကျွန်တော် တို့ကို မုန်တိုင်း လာမယ်လို့ သတိပေး ထားပေမယ့် ဘယ်သူ့မှ လာမခေါ်ဘူး။ အဲဒီတော့ ကိုယ့်အစီ အစဉ်နဲ့ ကိုယ် အုန်းတောရွာမှာ သွားရှောင် ကြတယ်” ဟု ရိုဟင်ဂျာ ဒုက္ခသည် တစ်ဦးမှ RB News သို့ပြောသည်။ 

ယမန်နေ့ နံနက်ပိုင်းမှ စ၍ မုန်တိုင်း ရှောင်ရန် မိမိတို့ အစီအစဉ် ဖြင့် အုန်းတောရွာ သို့သွားခဲ့ သော်လည်း၊ ညနေပိုင်း ပြန်လာသည့် အချိန်တွင် တဲအချို့ ပျက်စီး နေသဖြင့် ဒုက္ခသည် အချို့ နေထိုင်ရန် လွန်စွာ အ ခက်ကြုံ လျက်ရှိသည်။ 

“တဲတွေ ပျက်သွားတာ ဘယ်သူ့မှ လာမကူညီ ကြဘူး။ တဲတွေ ပျက်သွားတဲ့ ဒုက္ခသည် တွေရဲ့ ကလေးတွေ ၊ အသက်ကြီးတဲ့ လူတွေ ကိုတော့ အုန်းတော ရွာကို ပြန်ပို့ လိုက်ရတယ်။ ရွာထဲက အိမ်တွေမှာ အဆင်ပြေ သလို နေနေ ကြတယ်။ ကျွန်တော်တို့ မနေ့က မနက်ပိုင်း ရှောင်ဖို့ သွားခဲ့ပြီးတော့ ညနေ ၅ နာရီ လောက် ပြန် လာ ခဲ့ တယ်” ဟု ၎င်း ဒုက္ခသည်မှ ပြောသည်။ 

“တဲပျက်သွားတဲ့ ဒုက္ခသည်တွေ ကတော့ ကွင်းပြင်မှာ အမိုးအကာ မရှိနေ နေရတယ်”








RB News 
16.5.2013

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့ သဲချောင်း ဒုက္ခသည် စခန်းတွင် ကျောက်ဖြူ မြို့မှ ရိုဟင်ဂျာ ဒုက္ခ သည် များနေထိုင် သောတဲများကို ရဲများက ဖျက်ဆီး ခဲ့ကြောင်း သတင်းရရှိ ပါသည်။ 

“ကျွန်တော်တို့ တဲတွေ တော်တော် များများက ကိုယ်ထူ ကိုယ်ထပါ။ အစိုးရ ကစီစဉ် ပေးခဲ့တာ မဟုတ်ဘူး။ ကိုယ့်ဟာ ကိုယ်အဆင် ပြေသလို နေရတဲ့ တဲတွေကို ဖျက်ဆီး သွားတာပါ” ဟု သဲချောင်း ဒုက္ခသည် စခန်း မှ ဒုက္ခသည် တစ်ဦးက RB News သို့ ပြောပါသည်။ 

မဟာဆင် မုန်တိုင်း ရှောင်ရန် သတိပေးပြီး သည့်နောက်ပိုင်း မှစ၍ ပြည်နယ် အစိုးရ နှင့် ဗဟို အစိုးရမှ ရို ဟင်ဂျာ ဒုက္ခသည် များကို ပင်လယ်ပြင်နှင့် အနီးဆုံး နေရာတွင် နေရာချ ထားရန် ကြိုးစား ခဲ့သည်။ 

“ဒုက္ခသည် တွေကို နေရာချ ပေးဖို့ စီစဉ်ထားတဲ့ နေရာက ပင်လယ်နဲ့ အနီးဆုံး နေရာပါ။ အဲဒီတော့ လူမျိုး တုန်း သတ်ဖြတ် နေတဲ့ ကျွန်တော် တို့ကို သဘာဝ ဘေးအန္တရာယ် လာတဲ့ အချိန်နဲ့ သတ်ပစ်ဖို့ စီစဉ် တယ် လို့ဘဲ ကျွန်တော်တို့ မြင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ အဲဒီ နေရာတွေကို မသွား နိုင် ဘူး လို့ ငြင်း တယ်။” ဟု အဆိုပါ ဒုက္ခသည်မှ ပြောသည်။ 

ဒုက္ခသည် များမှ ပင်လယ်နှင့် အနီးကပ်ဆုံး နေရာသို့ ပြောင်းရွှေ့ရန် ငြင်းဆိုသောကြောင့် ရဲနှင့် လုံထိန်း များ လာပြီး ကိုယ်ထူ ကိုယ်ထ ဆောက်လုပ် ထားသော တဲများကို ဖျက်ဆီး သွားခဲ့သည်။ 

“ကျွန်တော် တို့ကို ကူညီဖို့ လာတယ် ဆိုတဲ့ ရဲတွေက အခုဘဲ သတ်တော့မယ့် အတိုင်းဘဲ။ အဲဒါကြောင့် လူတွေက ရဲတွေလာရင် ပိုလန့်တယ်။ ထင်တဲ့ အတိုင်းဘဲ ရဲတွေလာပြီး ကျွန်တော်တို့ရဲ့ တဲတွေကို ဖျက်ဆီး သွားတယ်။ ကျွန်တော် တို့ကို ခေါ်သွားတဲ့ နေရာမှာ သွားနေ ရင်လည်း မုန်တိုင်း ပြီးလို့ ပြန်လာ ရင် နေ စရာ နေရာ မရှိတော့ဘူး” ဟု ဒုက္ခသည်မှ ၀မ်းနည်းစွာ ပြောပါသည်။








RB News 
9.5.2013 

ဘရာဆဲလ် ။ ။ ဘယ်လ်ဂျီယံ နိုင်ငံ၏ မြို့တော် ဘရာဆဲလ် မြို့ရှိ မြန်မာ သံရုံးရှေ့တွင် မေလ (၃) ရက်နေ့ က မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုး အတွက် ဆန္ဒပြပွဲ တစ်ရပ် ကျင်းပ ခဲ့သည်။ 

အဆိုပါ ဆန္ဒပြပွဲကို ဘယ်လ်ဂျီယံ နိုင်ငံမှ နိုင်ငံရေး အဖွဲ့ တစ်ခု ဖြစ်သည့် Egalité မှ ဦးဆောင်၍ ကျင်းပ ခဲ့ ခြင်း ဖြစ်သည်။ ဆန္ဒပြပွဲ သို့ ဘယ်လ်ဂျီယံ နိုင်ငံသား ၁၀၀ ကျော် ပါဝင် တက်ရောက် ခဲ့ပြီး၊ ငြိမ်းချမ်းစွာ ကျင်းပခဲ့ ကြောင်း သိရသည်။ 

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ တစ်ဦးမှ “ကုလ သမဂ္ဂက ပြောတယ်။ ကမ္ဘာ ပေါ်မှာ ညှင်းပန်း အနှိပ်စက် ခံရဆုံး လူမျိုးက ရိုဟင်ဂျာ လူမျိုးဘဲ” ဟုပြောသည်။




RB News
3.5.2013

ဂျကာတာ ။ ။ အင်ဒိုနီးရှား နိုင်ငံ၊ မြို့တော် ဂျကာတာတွင် အင်ဒိုနီးရှား နိုင်ငံသား ၄၀၀၀ ကျော် စုဝေး၍ မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာများ၊ ကမန်များနှင့် မြန်မာ မွတ်စလင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်ခြင်း များအတွက် ဂျကာတာ မြို့ရှိ မြန်မာ သံရုံး အနီးတွင် ဆန္ဒဖော်ထုတ် လျက်ရှိကြောင်း သိရှိ ရပါသည်။





RB News
26.4.2013

စစ်တွေ ။ ။ ယနေ့ နံနက် ၁၁ နာရီ ခန့်တွင် ရိုဟင်ဂျာ ဒုက္ခသည် များ၏ သန်းခေါင် စာရင်း များကို လ၀က များက သိမ်းယူ၍ အသင့် ပါလာသော ပုံစံများတွင် ဘင်္ဂလီဟုရေးသား၍ အတင်း အဓမ္မ လက် မှတ် ရေးထိုး ခိုင်းသဖြင့် ဒုက္ခသည် များနှင့် လ၀က များအကြား တင်းမာမှု ဖြစ်ပွားရာ လုံခြုံရေး တပ်ဖွဲ့ဝင် များမှ သေနတ် ဖြင့် ပစ်ခတ်မှု ကြောင့် ဘောဒူဖ ဒုက္ခသည် စခန်း အဆောင် (၁၀၅) မှ မိုဟာမတ် အလီ (ဘ) ဦးကဘီရ် အဟမတ် (အသက် ၁၅ နှစ်) ကို ကျည်ဆန် ထိမှန်၍ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရ ပါသည်။








Rohingya Exodus